Thursday, December 26, 2013

ပုဂ္ဂိုလ်ရေးကို အခြေခံ၍ ပုဒ်မ ၅၉(စ) ပြင်ပါက ဥပဒေသက်ရောက်မှုကို ဆင်ခြင်ရန်လိုဟုဆို

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတြ ဖ စ်ရေး အတွက် အတားအဆီးတစ်ခုသဖွယ် ဖြစ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ) ပြင်ဆင်လိုက်ခြင်း ၏ သက်ရောက်မှုကို ရေရှည် စဉ်းစားရန် အရေး ကြီးကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျက ဆိုသည်။
"နိုင်ငံတွေအများစုမှာ ဒီလိုအချက်မျိုးတွေကို သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်း ပြဌာန်းလေ့ ရှိတယ်။ အဓိကအားဖြင့် ပုဂ္ဂိုလ်ရေးကို အခြေမခံသော ဥပဒေကြောင်း အရ ပြောမယ်ဆိုရင်တော့ ဒီ ၅၉(စ) လိုအချက်က လိုအပ်တယ်။ ရှိသင့်တယ်။ နောက် ပြီးတော့ ပုဂ္ဂိုလ်ရေးကို အခြေခံပြီးတော့ ဥပဒေကြောင်း ကို ပြင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ကြီး မရှိတော့တဲ့ အခါကျ ရင် ဒီဥပဒေရဲ့သက်ရောက်မှုကိုတော့ အများကြီး စဉ်း စား ဖို့ တော့ လိုမယ်။ ပြောချင်တာက ပုဂ္ဂိုလ်ရေးဦး တည်ပြီး ပုဒ်မ ၅၉(စ)ကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံမှာ မဟုတ်ဘဲနဲ့ လွှတ်တော်ကနေ ပြီးတော့ သီးခြားဥပဒေ လိုမျိုး ပြဌာန်းပြီးပြင်ဆင်တာက ပိုပြီး လက်တွေ့ ကျနိုင် တယ်လို့ ယူဆတယ်" ဟု ကိုမင်းဇေယျက ပုဒ်မ ၅၉ (စ) အပေါ် သုံးသပ်ပြောကြားသွားခဲ့သည်။
ယင်း၏ ဆက်လက်သုံးသပ်ပြောကြားချက်အရ ဖွဲ့စည်း ပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)ကို တိုက်ရိုက် ပြင် ဆင် မည်ဆိုပါက နိုင်ငံသားစစ်စစ်များနှင့် ဆက်နွယ်နေသော နိုင်ငံခြားအကျိုးစီးပွားကို ခံစားနေသောသူများ၏ ရပိုင်ခွင့်ကို နိုင်ငံသားစစ်စစ်၊ တိုင်းရင်းသားစစ်စစ်များ၏ ရပိုင်ခွင့်နှင့် တန်းတူထားမည်ဟု သဘောပါသောအချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းမည်ဆို ပါက ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များစွာကို ကြိုတင်စဉ်းစားရန် လိုကြောင်း ပြောကြားခဲ့ သည်။
The Hot News ဂျာနယ် အတွဲ-၄ အမှတ်-၁၇၁ မှ ကူးယူဖော်ပြသည်

No comments:

Post a Comment