Wednesday, May 8, 2013

အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း MAI မှ ပထမဆုံးပြည်တွင်းခရီးစဉ်ပြေးဆွဲသွားမည်

ယခင်က အာရှနိုင်ငံတွင်းခရီးစဉ်များကိုသာပြေးဆွဲ နေသော အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း လိုင်း MAI သည် မေလ(၂၆) ရက်နေ့မှစတင်ကာပထမဆုံး ပြည်တွင်းခရီးစဉ်ပြေးဆွဲ တော့ မည်ဖြစ် ကြောင်း MAI မှတရားဝင်ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ ထိုကဲ့သို့ပြည်တွင်း၌စတင်ပြေးဆွဲမည့်ခရီးစဉ်မှရန်ကုန်- မန္တလေး၊မန္တလေး-ရန်ကုန်ခရီးစဉ်ဖြစ်ပြီး ရန်ကုန်မြို့မှ မနက်(၆)နာရီ(၃၀)မိနစ် ထွက်ခွာမည်ဖြစ်ပြီး မန္တလေး သို့ (၇)နာရီမိနစ်(၄၀)အချိန်တွင် ဆိုက် ရောက်မ ည် ဖြစ်ပြီး  မန္တလေးမြို့မှ မွန်းလွဲ(၂)နာရီစတင်ထွက်ခွာ ပါက ရန်ကုန်မြို့သို့ မွန်းလွဲ(၃)နာရီ(၁၀)မိနစ်တွင်ဆိုက် ရောက်မည် ဖြစ်သည့် အတွက် လေယာဉ်ပျံသန်းမှုကြာ မြင့် ချိန်သည် ခရီးစဉ်တစ်ခုကို(၁) နာရီ(၁၀)မိနစ်ခန့် သာ အချိန်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ မေလ(၂၆)ရက်နေ့တွင် စတင်ပြေးဆွဲမည့် ရန်ကုန်-မန္တလေးခရီးစဉ်အတွက်AIR Bus A-319 လေယာဉ် နှင့်အပတ်စဉ်အင်္ဂါ၊ကြာသပတေးနေ့နှင့်
တနင်္ဂနွေနေ့ တွေ မှာပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
FROM-SKYNET TV BROWSER

No comments:

Post a Comment