Wednesday, May 15, 2013

မွန်ပြည်နယ် ဖွံ့ဖြိုးရေး နော်ဝေ အစိုးရ ကူညီမည်

မွန်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကူညီ
လုပ်ဆောင်သွားမည်ဟု နော်ဝေး ဒုတိ ယ နိုင်ငံခြားရေးဝန်ကြီးကက
တိပေးပြောဆိုသည်ဟုမွန်ပြည်သစ် ပါတီဗဟိုအလုပ်အမှုဆောင် ကော်
မတီဝင် နိုင်လတညီကမဇ္ဈိမကို 
 ပြော သည်။
နော်ဝေး ဒုဝန်ကြီး Mr. Hilde Haraldstad ဦးဆောင်သည့် ၇ ဦး အဖွဲ့နှင့်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊မီးရထားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဇေယျာအောင်၊မွန်ပြည်သစ်ပါတီ မှ နိုင် တ လညီ၊  နိုင်ဟံသာဗွန်ခိုင်တို့ မေလ၁၄ရက်နေ့ တွေ့ဆုံခဲ့ကြ သည်။
“အဓိကကျနော်တို့ဖွံ့ဖြိုးရေးလုပ်ငန်းဆွေးနွေးကြတာ ဖြစ်တယ်။အပစ်ရပ်ပြီးငြိမ်းချမ်းရေး ဆွေးနွေးနေ တဲ့ ကာလမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နိုင်ငံတော်က လုပ်ဆောင်ပေးတာ ရှိပေမယ့် ပြည့်စုံမှု မရှိဘူး။ ဒါကြောင့် ပြည်ပအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ လိုအပ်ပါတယ်” ဟု နိုင်တလညီ က ပြောသည်။

သို့သော်မည်သည့်ကဏ္ဍမှစတင်ကူညီလုပ်ဆောင်သွားမည်ကို ပြောကြားခြင်းမရှိသေးကြောင်း နိုင်တ လညီ က ပြောသည်။ တွေ့ဆုံပွဲတွင် ပညာရေးကဏ္ဍ၊ လုံခြုံရေးနှင့် မိုင်းရှင်းလင်းရေးတို့ကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တဆက်တည်းမှာပင် နော်ဝေးအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့သည် မွန်ပြည်နယ်အတွင်းရှိ မွန်နိုင်ငံရေးပါတီများ၊မွန်လူမှုအဖွဲ့အစည်း၁၀ဖွဲ့ခန့်တို့နှင့်လည်းတွေ့ဆုံခဲ့ပြီးလက်ရှိငြိမ်းချမ်းရေး   ဖော်ဆောင်ရေး လမ်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြသည်။

လက်ရှိအခြေအနေတွင် နော်ဝေးနိုင်ငံနှင့် ဆက်စပ်သည့် အကူအညီပေးရေးအဖွဲ့တို့က မွန်ပြည် သစ်ပါတီ ထိန်းချုပ် နယ်အတွင်းရှိ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အစပ်၊ ကလိန်မြို့နယ်ခွဲ အတွင်း ရှိ မွန်ရွာတွေများ တွင် ရေ ပိုက်များ သွယ်တန်းပေးလျက်ရှိသည်။

From:mizzima

No comments:

Post a Comment