Saturday, May 18, 2013

လွှတ်တော်အမတ်များသည် တကယ့်အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များ မဟုတ်ကြောင်း ပြောတဲ့ ဦးခွန်ထွန်းဦး

မေလ ၁၈ ရက်၊ ရက်စွဲဖြင့် ထုတ်ဝေ သည့် မြန်မာသံတော်ဆင့် ဂျာနယ် တွင် ဆောင်းပါးရှင် အံ့ခေါင်မင်း ၏ ဆောင်း ပါး ကို ဖတ်လိုက်ရ သည်။  ကျွန်တော်ကတော့ လွှတ်တော်ကို သိပ်အယုံအကြည် မရှိပါဘူး။ မ လုပ်နိုင် ပါ ဘူး။ တ ကယ့် အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်တွေ မှမဟုတ်တာ။အရွေးခံတွေဆို တော့ ပိုဆိုးတာပေါ့ ဆို သည့် စကား လုံး များ ကို စာလုံးမည်းဖြင့် ဖော်ပြ ထားသည့် ဆောင်းပါးပင်။
စုံစမ်းရေးကော်မရှင် ဖွဲ့ခဲ့ရသည့် ဒေါက်တာဆိတ်ဖွား၏ ဥပဒေအထက်တွင် လွှတ်တော်ရှိနေသလား ဆို သည် နှင့် လွှတ်တော် သည် တကယ့်အရည် အချင်း ရှိတဲ့ ပုဂ္ဂိုလ်များ မဟုတ် ဆိုသည့် စကား(၂)ရပ်ကို နှိုင်း ယှဉ်ကြည့်မိ သည်။ ဥပဒေအထက်တွင် လွှတ်တော်မရှိပါ ဟု လက်ခံပြီး ဒေါက်တာ ဆိတ်ဖွား ကို စုံစမ်းဖော် ထုတ်ခဲ့သည့် အတွက် လွှတ်တော်သည့် တကယ့်အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များ ဖြစ်သည် ဟု သက်သြေ ပနိုင် ရန်မှာ လည်း အ ရေးယူရန် လိုမည် ဖြစ်သည်။ သို့မဟုတ်ပါက လွှတ်တော်သည် တကယ့်အရည် အချင်း ရှိတဲ့ ပုဂ္ဂိုလ်များ မဟုတ် ဆိုသည်ကို လက်ခံသကဲ့သို့ ဖြစ်ပေမည်။

လွှတ်တော်အတွင်း ရောက်နေသည့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ၀တ်စုံ များဖြင့် တစ် ခမ်း တစ်နား လွှတ်တော် တက်နေသူများ၊ ကမ္ဘာ့နိုင်ငံအသီးသီးသို့ လေ့ လာရေး ခရီး ထွက်နေသည့် မြန် မာ့ လွှတ်တော်ကိုယ်စားလှယ်မျာ၏ လွှတ်တော်တွင် ဆွေးနွေးနေသည့် အချက် များကို တစ်နိုင်ငံလုံးမှ အာ ရုံ စိုက်နေခြင်း၊ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး လွှတ်တော် တွင် ဆွေးနွေးမည့် အ ဆို တစ်ခုကို တလေး တစား ဖြော်ပနေခြင်းသည် အဘယ်ကြောင့်နည်း။ လွှတ်တော်အတွင်း မရောက်နိုင်သူ တစ်ဦး၏ ပါးစပ် စည်းကမ်း မရှိ ပြောဆိုမှုများသည် လွှတ်တော် ကိုယ်စားလှယ်များအတွက် နာစရာ မဟုတ် ဆို ပါက မည် သို့မှ ပြောစရာ မရှိပေ။

အစိုးရ၊တပ်မတော်၊ ရဲတပ်ဖွဲ့များကို စော်ကားပြောဆိုခြင်း၊ နိုင်ငံတော်အတွင်း ဆူပူမှုများ ဖြစ်စေ ရန် ဖန် တီးခြင်း တို့ကို ယနေ့ထိ ထိရောက်သည့် အရေးယူမှု မရှိသေးပါ။ မီဒီယာများ၏ စည်းကမ်းမဲ့ မှုများ အတွက်လည်း သတိ ပေးမှုများ မရှိသေးပါ။ လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ဖွဲ့ထားသည့် တရားဥပဒေ စိုး မိုးရေး ကော်မရှင် ကြီးမှ တရားဥပဒေ စိုးမိုးရေး အတွက် ရှေ့နေများ၊ တရားသူ ကြီး များ ကို ကျမ်းသစ္စာ ကျိန် ဆိုခိုင်းခြင်းထက် ပို၍ အလုပ် မလုပ်သေးပါ။


ယခုတော့ အရည်အချင်းမရှိသော လွှတ်တော်ကိုယ်စားလှယ်များ ဆိုသည့် စကားသည် မီဒီယာ စာမျက်နှာ အ ထက်ကို ရောက်လေပြီ။ နာတတ်မှသာ နာပါလေ။

No comments:

Post a Comment