Monday, May 13, 2013

မဟာစင် မုန်တိုင်း ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေကို မေ ၁၆ ရက် ညနေပိုင်း ဖြတ်မည်ဟု ခန့်မှန်း


ယနေ့ ညနေ ၆ နာရီခွဲအချိန် 
တိုင်း ထွာချက်များ အရ ဘင်္ဂလား
ပင်လယ်အော် အရှေ့တောင်ပိုင်း
 တွင် ဖြစ်ပေါ် နေသော ဆိုင်က လုန်း မုန်တိုင်း မဟာစင် (MAHASEN) သည် မြန်မာနိုင်ငံ (ကိုကိုးကျွန်း)၏ အနောက်တောင် ဘက်မိုင် ၄၇ဝ ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၆၂ဝခန့်၊ အိန္ဒိယနိုင်ငံ (ချင်းနိုင်မြို့) ၏ အရှေ့တောင်ဘက် မိုင် ၃၈ဝ ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေသည်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အနောက် မြောက်ဘက် သို့ ဆက်လက်ရွေ့လျား လျက် ရှိပြီး မုန်တိုင်း ဗဟိုချက် အနီး တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၅ဝ မှ မိုင် ၆ဝ အထိ ရှိနိုင်သည်။
ဆိုင်ကလုန်း မုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီး မည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်၊ မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ် နိုင် သည်။
ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အဝါရောင် အဆင့်သာ ရှိသော်လည်း မေလ ၁၄ ရက်နေ့ နံနက် ပိုင်းမှ စတင်၍ အရှေ့မြောက်ဘက်သို့ ကွေ့လျက် မေလ ၁၆ ရက်နေ့ ညနေပိုင်း ခန့်တွင် မြန် မာနိုင်ငံ (ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံ ကမ်းခြေ ဒေ သများ ဆီသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ကြောင်း ခန့်မှန်း ရသည်။
မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ သင်္ဘော များ အနေဖြင့် မုန်တိုင်း အန္တရာယ် ရှောင်ရှားရန် လိုအပ်ကြောင်းဖြင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြား မှု ဦးစီးဌာနက အကြံပြု ထားသည်။

No comments:

Post a Comment