Thursday, May 16, 2013

တမလွန်ဘဝ ရှိကြောင်း သက်သေပြရန် ကိုယ့်ကိုယ်ကို သက်သေခဲ့

ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုပဲ
 ဖြစ်ပါ တယ်။ ၁၉၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၆ရက်နေ့က အမေရိ ကန်နိုင် ငံ၊မစ်ချီဂန်းပြည်နယ်၊ဒတ်ထရွိုက်
မြို့ မှာ ဖြစ်ပြီး Thomas Lynn Bradford အမည်ရ ပရော်ဖက်ဆာ တစ်ဦးကကိုယ့်ကိုယ်ကို သေေ
ကြာင်းကြံခဲ့ တာ ဖြစ်ပါတယ်။
သေကြောင်းကြံတဲ့ ရည်ရွယ်ချက် ကတော့ နောက်ဘဝ (Afterlife) ဆို တာတကယ်ရှိတယ်ဆိုတာကိုသက်
သေပြဖို့ ဖြစ်ပြီး သေတဲ့အခါ လူ့ လောကကလူတွေနဲ့ဆက်သွယ် မယ် လို့တောင် ပြောခဲ့ပါသေးတယ်။ ဒီအတွက် အခန်းတံခါးအလုံပိတ်၊ ဂက်စ်မီးဖိုက ဂက်စ်များ အပြည့် လွတ်စေပြီး ကိုယ်တိုင် သေကြောင်းကြံခဲ့ပါတယ်။ ဒီအတွက် ကူညီပေးသူ အမျိုးသမီး Ruth Doran ကို လာဆက်သွယ်ပြမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်တွင်း သတင်းစာ၊ ဂျာနယ်များကလည်း စိတ်ဝင်တစားနဲ့ စောင့်ဆိုင်း ကြည့်ရှု ခဲ့ပေမယ့် Ruth Doran ဆီက ဘာသံမှ မကြားခဲ့ပါဘူး။ Bradford ဟာ သေဆုံးပြီး တကယ်ပဲ ဘယ် သူနဲ့မှ မဆက်သွယ်နိုင်ဘူးဆို တာကိုသာ ဝမ်းနည်းစွာပဲ လေ့လာတွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် တမလွန်ဘဝ ရှိတယ်မရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး လက်တွေ့ စမ်းသပ်ပြရဲခဲ့တဲ့ Bradford ရဲ့  လုပ်ရပ်ဟာ ယနေ့တိုင် ရာဇဝင်တွင် ကျန်ရှိစေခဲ့ကြောင်း သိရ ပါတယ်။
From: ရိုးရာလေး ဗဟုသုတ

No comments:

Post a Comment