Friday, May 31, 2013

၃၀.၅.၂၀၁၃ ရက်နေ့ လားရှိုးမြို့ အခြေအနေ

ယနေ့ လားရှိုးမြို့ အခြေအနေမှာ တည်ငြိမ်လျှက်ရှိပြီး တာဝန်ရှိသူ များ မှ လည်း ဆူပူအကြမ်း ဖက်သူ များအား စုံစမ်းဖမ်းဆီးစစ်ဆေး အရေးယူလျှက်ရှိနေပါတယ် ။
ယနေ့မနက် ပိုင်းတွင် လားရှိုးမြို့ မဈေး သားငါး၊ကုန်စိမ်းဈေူး သည် များပုံမှန်အခြေအနေအတိုင်း
ရောင်းဝယ်မှုရှိနေသော် လည်း ဈေး အ တွင်းကော လဟာလ အချို့ပြန့် နှံမှု့ကြောင့် ခေတ္တ အရောင်းအ ဝယ် များရပ်ဆိုင်းခဲ့ပြီး လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော် သား များရောက်လာသည့်အခါ ပုံမှန် အခြေ အနေ အတိုင်ြး ပန် လည်ရောင်း ဝယ် မှု ပြုလုပ် လျှက် ရှိနေပါတယ်။
မြှိုခံလူထုမှာလည်းအခြေအနေကို စောင့်ကြည့်လျှက်ရှိနေပါတယ်။သာမန်လက်လုပ်လက် စား နေ စားသ မားများအနေနှင့် ယခုလို မြို့ အခြေအနေ လုံးဝ စိတ်ချရမှု မရှိသေးတဲ့အတွက် ပုံမှန် လုပ် ငန်းဂွင်ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးပါ..။
ထို့ကြောင့် စားဝတ်နေရေးအတွက် စုဆောင်းထားသော ရွှေတိုရွှေစများ အားနီးစပ်ခင်မင် ရာ ငွေကြေးပြေလည်သူများထံပေါင်နှံ့လျှက်စားဝတ်နေရေးဖြေရှင်းနေရကြောင်း ကွမ်းယာရောင်း သူအမျိုးသမီး တစ်ဦးထံမှ စုံစမ်း သိရှိခဲ့ရပါတယ်။
လုံခြုံ့ရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိတော့ပေမယ့် ပြန်လည်ထူထောင်းရေးနှင့် ပဋိပက္ခ အခြေအနေကြောင့် ဒုက္ခသည်ဦးရေ အနည်းငယ်များပြားလျှက်ရှိနေပါတယ်။
ဒုက္ခသည်များအတွက် လုံလောက်သည့်ဆေးဝါး၊အစာနှင့် ရေများ လိုအပ်လျှက်ရှိနေကြောင်းကို လည်း မြို့ခံ ဆ၇ာတော်တပါးမှ ပြောပြသဖြင့် သိရှိခဲ့ရပါတယ် ။ ပဋိပက္ခ အခြေအနေကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ် ပွားခဲ့၇သော ဘာသာရေးအဆောက်အဦးများ နှင့် နေအိမ်ဆိုင်ခန်းများ အား လည်း ရှင်းလင်းရန် ပြင်ဆင် မှုများပြုလုပ်လျှက်ရှိကြောင်းတွေ့ရှိခဲ့ရပါတယ်။
ကောလဟာလများမှာတော့ ပျံနှံ့လျှက်ရှိနေပြီး တာဝန်ရှိသူများမှ လည်းအချိန်မှီတာ ဆီးနိုင် ရန်အတွက် လုံခြုံရေးအင်အား ထပ်မံတိုးချဲ့လျှက် မြို့အနှံ့ ဖြန့်ကျက်ထားကြောင်း လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးဇော်လင်းမှ ပြောပြသဖြင့်သိရှိခဲ့ရပါတယ် ။ ယခုလို လုံခြုံ့ရေးဆောင် ရွက်နေမှု ကို သိရှိမှ သာလျှင် အကြမ်းဖက်ဖျက်ဆီး သူများ မှ ရှေုဆက် မတိုးဝံနိုင်မှာဖြစ်ပါတယ် ။
တကယ် အရေးယူခံရမှာပါလား ၊ တကယ်ပစ်တော့မှာပါလာဆိုတဲ့ အသိ အကြမ်းဖက်ဖျက်ဆီး သူတို့သိရှိမှ သာလျှင် အကြမ်းဖက်မှုများ အချိန်မှီရပ်တန်ကသွားမည်ဟု ထင်မြင်မိပါတယ်။
ဆက်လက်ပြီး လားရှိုးမြို့ လုံခြုံရေးဆောင်ရွက်မှု အခြေအနေများကို ကျွန်တော်တ တ်သိနားလည် သလောက် တင်ဆက်သွားပါအုံးမည် ။

From:Sanay Ninetwofive

No comments:

Post a Comment