Wednesday, May 8, 2013

အာရှအခြေစိုက် Parkson ကုန်တိုက် ရန်ကုန်တွင် ဖွင့်မည်

မြန်မာနိုင်ငံတွင် ပထမဆုံး အပြည် ပြည်ဆိုင်ရာ ကုန်တိုက်တစ်ခုကို လာ မည့် မေလ ၁၁ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အပြည် ပြည်ဆိုင်ရာ ကုန်တိုက်မှာ Parkson Asia Retial Ltd၊ ရိုးမကုမ္ပဏီနှင့် FMI ကုမ္ပဏီတို့ အကျိုး တူပူးပေါင်းပြီး မြန်မာနိုင်ငံ၏ Parkson Co.,Ltd မှ အမေရိကန်ဒေါ်လာ သုံး သန်း ရင်းနှီးမြှုပ်နှံကာ ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရခြင်းနှင့် ပတ်သက်ပြီး Parkson FMI Yangon ၏ မန်နေဂျင်းဒါရိုက်တာTham Tuck Choy က “မကြာသေးမီက ပြုလုပ်လာတဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဒီကို ဝင်ရောက်လာတာ ဒီကဈေးကွက်ဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမဲ့ အနေအထားမှာ ရှိနေပါတယ် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ ဘဝနေထိုင်မှုကို ပြောင်းလဲပေးနိုင်ဖို့ Parkson ဖော်ဆောင်ပေးပါလိမ့်မယ်” ဟု ပြောသည်။ အဆိုပါ Parkson FMI Yangon တွင် ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် များစွာကို ရောင်းချသွားမည်ဖြစ်ပြီး အထပ်လေးထပ်ရှိသော အဆိုပါ ကုန်တိုက်တွင် ပထမထပ်၌ အလှကုန်ပစ္စည်းများနှင့် ဇိမ်ခံပစ္စည်းများ၊ ဒုတိယထပ်...တွင် အမျိုးသား အမျိုးသမီး အဝတ်အထည်များ၊ တတိယထပ်တွင် မိသားစုသုံးပစ္စည်းများနှင့် အခြားသော ဖက်ရှင်အသုံးအဆောင်များ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။ ယင်းကုန်တိုက် တည်ရှိရာ အဆောက်အအုံသည် ယခင် FMI Center ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် စတုရန်းပေ စုစုပေါင်း ၄၃၀၀ ကျယ်ဝန်းကြောင်း၊ နောက်ထပ် နှစ်နှစ်အတွင်း ထိုနေရာ၌ပင် စတုရန်းပေ စုစုပေါင်း ၄၃၀၀၀၀ ခန့် ကျယ်ဝန်းသော ကုန်တိုက်အဖြစ် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။ ကုန်တိုက်အား တိုးချဲ့မည့်ကိစ္စနှင့် ပတ်သက်ပြီး ရိုးမကုမ္ပဏီမှ CEO ဖြစ်သူ Andrew Richard က “အခု ကျွန်တော်တို့ဆီမှာ ဂရင်းမီးရထားက မြေလွတ်နေရာတွေ အများကြီး ရှိပါတယ်၊ အဲ့ဒီနေရာလွတ်တွေမှာ အဆောက်အအုံအသစ်တွေ တိုးချဲ့ဆောက်ဖို့ အစီအစဉ်ရှိပါတယ်၊ ခန့်မှန်း အမေရိကန်ဒေါ်လာ ၃၅၀ သန်းလောက် ရင်းနှီးမြှုပ်နှံရလိမ့်မယ်” ဟု ပြောကြာခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၇ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
FROM-AYE CHAN MON

No comments:

Post a Comment