Thursday, May 16, 2013

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ငွေကြေးနှင့် ပက်သတ်သည့် သဘောထားကွဲလွဲမှုများထွက်ပေါ်

ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအတွင်းရံပုံ
 ငွေများ ခွဲဝေသုံးစွဲကြခြင်းနှင့်ပတ်သက်၍ အဖွဲ့ ၀င်များအကြားသဘောထားကွဲလွဲလျက်
ရှိကြောင်း ၈၈ အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး မှ ပြော ကြားခဲ့သည်။ နောက် ဆုံး သဘောထား ကွဲလွဲ မှုအနေဖြင့် ၁-၄-၂၀၁၃ ရက်နေ့တွင် အမေရိ ကန်သန်းကြွယ်သူဌေးကြီး ဂျော့ဆိုးရော့(စ်)
 မြန်မာနိုင်ငံသို့ လာရောက်ပြီး ကိုမင်းကိုနိုင် နဲ့ တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင်းဖွံ့ဖြိုး တိုးတက် မှုနှေးကွေးနေသော ဒေသများရှိပညာ ရေးကိစ္စများတွင်ထောက်ပံ့ရန်အတွက်ငွေကြေးများလှူဒါန်း ခဲ့ကြောင်း၊အဆိုပါငွေကြေးများအားအဖွဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်မှလက်ခံရယူခဲ့ပြီး ချင်းပြည် နယ် နှင့် ကချင်ပြည်နယ် စစ်ဘေးသင့်ဒေသများရှိ ကလေး သူငယ်များ၏ပညာရေး ကိစ္စ များပြန်လည်လှူဒါန်းရာတွင်အမေရိကန်ဒေါ်လာ၂၅၀၀၀ကွာခြား နေကြောင်း၊ ၎င်းငွေကြေး များ အားကိုမင်းကိုနိုင်ကမည်သည့်နေရာတွင်အသုံးပြုခဲ့သည်ကိုကျန်အဖွဲ့ ၀င်များ အား ထုတ်ဖော်ပြော ဆိုခဲ့ခြင်းမရှိကြောင်း ၎င်း ၈၈ အဖွဲ့ဝင်တစ်ဦးမှပြောကြား ခဲ့သည်။
ယခုအခါ ၈၈ မျိုးဆက်အဖွဲ့အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်း ကုမ္မဏီများမှ အလှူငွေ များစွာကို လက်ခံရရှိထားပြီး ပြန်လည်အသုံးပြုခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပေး သင့် ကြောင်း ၎င်းမှ ပြောကြားခဲ့သည်။
Credit : http://amayeainn.blogspot.com/2013/05/blog-post_3266.html

No comments:

Post a Comment