ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း

အဆိုပါစက်လှေသည် ပေါက်တောမြို့နယ် ငှက်ချောင်း (လင်ဘာတီယာ) ဒုက္ခသည် စခန်းမှ သူတို့အစီအစဉ်ဖြင့်သူတို့ ပြောင်းရွှေ့စဉ်ယ
မန်နေ့ ညနေ ၉
နာရီခန့်တွင် ပွဲကြည့် စင်တောင် အနီး တွင် ကျောက်ဆောင်နှင့် တိုက်ပြီး နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ စက်လှေသည် တစ်ခြား စက်လှေ (၇) စီခန့်နှင့် အတူ ထွက် လာ ခဲ့ကြောင်း၊ စက်လှေပေါ် တွင်လူပေါင်း၁၀၀ခန့်ပါဝင်ကြောင်း၊သူတို့အနေဖြင့်ဆင်နမော်ဘက်သို့ပြောင်းရွှေ့ခြင်း ဖြစ်နိုင်ကြောင်း အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။
ပေါက်တောမြို့နယ် အုပ်ချုပ်ရေး အဖွဲ့မှ အဆိုပါ ဒုက္ခသည်များအား နေ့လည်ကတည်း က ဘေး လွှတ်ရာ သို့ ပြောင်းရွှေ့ရန် သွားရောက် ပြောဆိုခဲ့ကြောင်း၊ သို့သော်လည်း အာဏာပိုင်များ ကခေါ်ဆိုစဉ်လိုက်ပါရန်ငြင်းဆန်ခဲ့ကြောင်း၊ညနေပိုင်းအချိန်တွင်ကိုယ့်အစီစဉ်နှင့်ကိုယ် ပြောင်းရွှေ့ စဉ်ယခုကဲ့သို့စက်လှေကျောက်ဆောင်နှင့်တိုက်မိခြင်း ဖြစ်ကြောင်းသူကအတည်ပြု ပြောကြားသည်။
လူ၅၀ ခန့်သာ အသက်ဘေးမှ လွှတ်မြောက်ခဲ့ပြီး ကျန်သူများမှာ ပျောက်ဆုံးနေကြာင်း သူက ဆက်ပြော သည်။
ယခုအခါ ပြည်နယ် ၀န်ကြီး ဦးသာလူချေနှင့် အဖွဲ့သည် အဆိုပါ ငှက်ချောင်းစခန်းသို့ လိုက်ပါသွား ခဲ့ကြောင်း သတင်း ရရှိသည်။

From:
www.narinjara.com
No comments:
Post a Comment