Tuesday, May 14, 2013

သမ္မတကြီး ဦးသိန်းစိန် အား ကြိုဆိုရန် အမေရိကန်ပြင်ဆင်

From : ..bbc
ရှေ့လာမယ့်အပတ်ထဲမှာ အမေရိ
ကန်နိုင်ငံကို ရောက်ရှိမယ့် မြန်မာ
သမ္မတကြီး ဦးသိန်းစိန် အား ကြို
ဆိုရန်အတွက် အမေရိကန်မှာ ပြင် ဆင်မှုတွေလုပ်နေတယ်လို့ သိရပါ တယ်။ မြန်မာသမတ ဦးသိန်းစိန် လာမယ့် သီတင်းပတ် အတွင်း အမေရိကကို ပထမဆုံး တရားဝင် ခရီး သွားဖို့ ရှိပြီး ဒီခရီးစဉ် အတွင်း ဝါရှင်တန်မှာ အမေရိကန် သမ တ အိုဘားမား ၊ နိုင်ငံခြားရေး ဝန်ကြီး နဲ့တခြားအဆင့်မြင့်နိုင်ငံရေး
 ခေါင်းဆောင် တွေနဲ့ တွေ့ဆုံမယ်လို့ သိရ ပါတယ်။အရင်က  မြန်မာနိုင်ငံ အကြီးအကဲတွေ အမေရိကကို တရားဝင် ခရီးစဉ် လာရောက်ပြီး အမေရိကန် သမတနဲ့ တွေ့ဆုံ တာမျိုး မရှိခဲ့တဲ့ အတွက် ဦးသိန်းစိန် ခရီးစဉ်ဟာ သမိုင်းဝင် ခရီးစဉ် ဖြစ်လိမ့်မယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိ
ကန် သံရုံး တာဝန်ခံဟောင်းနဲ့ အခု လောလောဆယ် မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင် နေကြတဲ့ အဖွဲ့အစည်းတွေရဲ့ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်နေတဲ့ Priscilla Clapp က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ ဦးသိန်းစိန် ဘယ်လောက် စိတ်ထက်သန် သလဲ အမေရိကန် အစိုးရက သိချင်ပြီး ကျန်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ ရခိုင်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ဘာသာရေး အကြမ်းဖက်မှုတွေ၊ ရင်ဆိုင်နေရတဲ့ ပြဿ နာတွေ ကို ဖြေရှင်းပြီး ပြုပြင် ပြောင်းလဲ ရေး ပြီးမြောက်အောင် ဘယ်လို စီစဉ် ထားလဲ ဦးသိန်းစိန်ရဲ့ အစီအစဉ်တွေကို အမေရိကန် အစိုးရ ကြားချင် လိမ့်မယ်လို့ Priscilla Clapp ကပြောပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကဏ0x081ဍမှာ အမေရိကန် ပြည်ထောင်စုက ဘယ်လို အကူအညီ ပေးနိုင်မလဲဆိုတဲ့ ဦးသိန်းစိန်ရဲ့ အယူအဆကိုလည်း သိချင် လိမ့်မယ်လို့ သူက ပြောပါ တယ်။
ဥရောပသမဂ0x081ဂက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်း ခဲ့ တာမျိုး အမေရိကန် ပြည်ထောင်စုရဲ့ ဒဏ်ခတ် အရေးယူမှုတွေ ရုပ်သိမ်း နိုင်မလား ဆိုတာနဲ့ ပတ်သက်လို့ ဥရောပသမဂ0x081ဂရဲ့ ပိတ်ဆို့ အရေးယူပုံနဲ့ အမေရိကန် ရဲ့ ပိတ်ဆို့ အရေးယူမှုတို့ သဘော သဘာဝချင်း မတူကြောင်း၊ အမေရိကန်တို့ရဲ့ အရေးယူမှုက ပိုကျယ်ပြန့်ပြီး ဥပဒေ အမျိုးမျိုးနဲ့ ပြဋ0x081ဌာန်း လုပ်ဆောင်ခဲ့တာ ဖြစ်လို့ လွယ်လွယ်နဲ့ ရုပ်သိမ်းလို့ မရကြောင်း၊ ဒါကြောင့် အခု ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်း ချက်ချင်း ရုပ်သိမ်းတာမျိုး မဖြစ်နိုင်ဘူးလို့ Priscilla Clapp ပြောပါတယ်။

No comments:

Post a Comment