Saturday, May 25, 2013

ယာဉ်ကြော ပိတ်မှု လျော့ ချရေး အမြန်မြို့ပတ် လမ်းများဖောက် မှု ရန်ကုန်မြို့ပြ စီမံကိန်း တွင်ပါဝင်

Photo: ယာဉ်ကြောပိတ်မှု လျော့ချရေး အမြန်မြို့ပတ်လမ်းများဖောက်မှု ရန်ကုန်မြို့ပြ စီမံကိန်းတွင်ပါဝင်

မေလ ၂၄ ရက် ၂၀၁၃ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်း အကောင်အထည်ဖော်မည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ချနိုင်ရေးအတွက် အမြန်မြို့ပတ်လမ်းများ ဖောက်လုပ်မှုလည်း ပါဝင်မည်ဖြစ်ကြောင်း JICA လေ့လာရေးအဖွဲ့ (ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်း) မှ သိရှိရသည်။

ရန်ကုန်မြို့တွင် ယာဉ်အစီးရေများစွာ တိုးပွားလာမှုကြောင့် မြို့တွင်းနှင့် နေရာအများစုတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလာကြောင်း၊ မဟာရန်ကုန် မြို့ပြစီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ချနိုင်ရန်အတွက် အမြန်မြို့ပတ်လမ်းအပြင် လမ်းကွန်ရက်များ ပြုလုပ်ရန်ပါ ထည့်သွင်းထားသည်ဟု သိရသည်။

လက်ရှိ ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်တွင် ယာဉ်သွားလာမှု၊ ယာဉ်ကြော သိပ်သည်းမှု များပြားနေရာ ယင်းနေရာများသို့ ၀င်ထွက်သွားလာရန်အတွက် ခရီးသွား ပြည်သူများ အနေဖြင့် အချိန်များစွာ ကုန်ဆုံးနေရကြောင်း၊ ယင်းအတွက် အမြန်မြို့ပတ်လမ်းများမှာ ယာဉ်ကြောပိတ်ဆို့မှုနှင့် အချိန်ကုန်ဆုံးမှုတို့အား လျော့ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ရန်ကုန်မြို့ပြင်မှပတ်၍ အမြနမြို့ပတ်လမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်မည်ဟု ရည်မှန်းထားသည့်အပြင် ရန်ကုန်မြို့လယ် စီးပွားရေးဇုန်အတွင်း ယာဉ်သိပ်သည်း ကျပ်တည်းမှု လျော့ချနိုင်ရန်အတွက် မြို့လယ်စီးပွားရေး ဇုန်အတွင်းပတ်၍ ပြေးဆွဲမည့် မိုးပျံရထား စနစ်ကိုပါ ပြုလုပ်ရန်လည်း ရည်မှန်းထားသည်။

ရန်ကုန်မြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားဖြင့် စီးနင်းအသုံးပြုမှုမှာ ၈၅ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်နေပြီး ယာဉ်ကြောပိတ်ဆို့မှု များကြောင့် လိုရာခရီးကို ရောက်ရှိအောင် အချိန်များစွာပေး၍ သွားလာနေရသည်။

သို့ဖြစ်ရာ ရန်ကုန်မြို့၏ မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် အများပြည်သူ၏ ခရီးသွားလာမှုဆိုင်ရာ စစ်တမ်းကို JICA မှ လာမည့် ဇွန်လတွင် ရန်ကုန်စည်ပင် နယ်နိမိတ် ၃၃ မြို့နယ်နှင့် စည်ပင် ပြင်ပနယ်နိမိတ် ၆ မြို့နယ် စုစုပေါင်း ၃၉ မြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော်ထံမှ ကောက်ယူသွားမည်ဖြစ်ပြီး ယင်းစစ်တမ်းမှ ရရှိသော အချက်အလက်များကို မူတည်၍ Master Plan ရေးဆွဲမည်ဖြစ်ကာ ရန်ကုန်မြို့တွင် နေထိုင်သော သူများနှင့် လူ့အဖွဲ့အစည်းများအား ထိရောက်ကောင်းမွန်သည့် ပြည်သူ့သယ်ယူ ပို့ဆောင်ရေးစနစ်နှင့် လမ်းကွန်ရက်များ လျင်မြန်စေရန် ဦးတည်သွားမည်ဟု သိရသည်။

Eleven
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်း အကောင်အထည်ဖော်မည့် မဟာရန် ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင် ယာဉ်ကြော ပိတ်ဆို့မှုများလျော့ချနိုင်ရေးအတွက် အမြန် မြို့ ပတ် လမ်းများ ဖောက်လုပ်မှုလည်း ပါဝင် ည်ဖြစ်ကြောင်း JICA လေ့လာရေးအဖွဲ့ (ရန် ကုန်မြို့ပြ သယ်ယူ ပို့ဆောင်ရေး စီမံကိန်း) မှ သိရှိရသည်။
ရန်ကုန်မြို့တွင် ယာဉ်အစီးရေများစွာ တိုးပွား လာ မှုကြောင့် မြို့တွင်းနှင့် နေရာအများစုတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားလာကြောင်း၊ မဟာရန်ကုန် မြို့ပြစီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ ချနိုင်ရန်အတွက် အမြန်မြို့ပတ်လမ်းအပြင် လမ်းကွန်ရက်များ ပြုလုပ်ရန်ပါ ထည့်သွင်းထားသည်ဟု သိရ သည်။
လက်ရှိ ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်တွင် ယာဉ်သွားလာမှု၊ ယာဉ်ကြော သိပ်သည်းမှု များပြားနေ ရာ ယင်းနေရာများသို့ ၀င်ထွက်သွားလာရန်အတွက် ခရီးသွား ပြည်သူများ အနေဖြင့် အချိန်များစွာ ကုန်ဆုံးနေရကြောင်း၊ ယင်းအတွက် အမြန်မြို့ပတ်လမ်းများမှာ ယာဉ်ကြောပိတ် ဆို့မှုနှင့် အချိန်ကုန်ဆုံးမှု တို့အား လျော့ချပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းတွင် ရန်ကုန်မြို့ပြင်မှပတ်၍ အမြနမြို့ပတ်လမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်မည်ဟု ရည်မှန်း ထားသည့်အပြင် ရန်ကုန်မြို့လယ် စီးပွားရေးဇုန်အတွင်း ယာဉ်သိပ်သည်း ကျပ်တည်း မှု လျော့ချနိုင်ရန် အတွက် မြို့လယ်စီးပွားရေး ဇုန်အတွင်းပတ်၍ ပြေးဆွဲမည့် မိုးပျံရထား စနစ် ကိုပါ ပြုလုပ်ရန်လည်း ရည်မှန်းထားသည်။
ရန်ကုန်မြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားဖြင့် စီးနင်းအသုံးပြုမှုမှာ ၈၅ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်နေပြီး ယာဉ်ကြောပိတ်ဆို့မှုများကြောင့် လိုရာခရီးကို ရောက် ရှိအောင် အချိန်များစွာပေး၍ သွားလာနေရသည်။
သို့ဖြစ်ရာ ရန်ကုန်မြို့၏ မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်းအတွက် အများပြည်သူ၏ ခရီးသွားလာမှု ဆိုင်ရာ စစ်တမ်းကို JICA မှ လာမည့် ဇွန်လတွင် ရန်ကုန်စည်ပင် နယ်နိမိတ် ၃၃ မြို့နယ်နှင့် စည်ပင် ပြင်ပနယ်နိမိတ် ၆ မြို့နယ် စုစုပေါင်း ၃၉ မြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၁၂၀၀၀ ကျော် ထံမှ ကောက်ယူသွားမည်ဖြစ်ပြီး ယင်းစစ်တမ်းမှ ရရှိသော အချက်အလက်များကို မူတည်၍ Master Plan ရေးဆွဲမည်ဖြစ်ကာ ရန်ကုန်မြို့တွင်နေထိုင်သောသူများနှင့် လူ့အဖွဲ့အစည်း များ အား ထိရောက်ကောင်းမွန်သည့် ပြည်သူ့သယ်ယူ ပို့ဆောင်ရေးစနစ်နှင့် လမ်းကွန်ရက်များ လျင်မြန်စေရန် ဦးတည်သွားမည်ဟု သိရသည်။

No comments:

Post a Comment