Wednesday, May 15, 2013

မိုဘိုင်းဖုန်း သုံးသိန်းခွဲ မေ ၂၀ တွင် ထပ်မံရောင်းမည်

ပြည်နယ်နှင့် တိုင်း အစိုးရများ၏အစီ အ စဉ်ြ   ဖင့် မေလအတွက် ကျပ် ၁,၅၀၀ တန်မိုဘိုင်းဖုန်း 
ဆင်းမ်း ကတ် ၃၅၀,၀၀၀ ကို မေလ ၂၀ ရက်နေ့ တွင် ချထားပေး မည် ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ကယနေ့ ထုတ်ပြန် ကြေညာသည်။

ချင်းပြည်နယ်မှအပ ကျန်ပြည် နယ်နှင့် တိုင်း များ တွင် CDMA 800 Mhzမိုဘိုင်းဖုန်း များကို ချပေးမည်  ဖြစ်သည်။ချင်းပြည်နယ် တွင်မူ
ယင်း ဖုန်း လိုင်းများတပ်ဆင်ထား ရှိခြင်း မရှိသောကြောင့်WCDMAမိုဘိုင်းဖုန်းများကိုချထားပေးမည် ဖြစ်သည်။
ဧပြီလ ၂၄ ရက်နေ့က စတင်ရောင်းချပေးသော အဆိုပါ တန်ဖိုးနည်းဖုန်း အလုံးရေ ၆,၀၀၀ ခန့်ကို ယနေ့ အချိန်တွင် သုံးစွဲထားခြင်း မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန် ပြောဆိုသည်။
ပထမ နှစ်လတွင် CDMA 800 Mhz မိုဘိုင်းဖုန်းများ ချထားပေးမည်ဖြစ်ပြီး လိုင်းသုံးစွဲမှု အရေအတွက်များ ကိုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နေ့စဉ် စောင့်ကြည့်နေသည်ဟု ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဒု-ဝန်ကြီး ဦးသောင်းတင် က ပြောကြားထားသည်။
ယခု ချထားပေးနေသည့် မိုဘိုင်းဖုန်း ကတ်များမှာ MECTEL အမှတ်တံဆိပ် တန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းလ် တယ်လီဖုန်းဖြစ်သည်။ ယင်းစနစ်ကို အသုံးပြုနိုင်ရန် မြန်မာနိုင်ငံ တဝှန်းတွင် ရေဒီယို စခန်းပေါင်း ၂၈၂ စခန်း ရှိပြီး ထိုစခန်းများ၏ နယ်နိမိတ် အတွင်းမှ ပြည်တွင်း၊ ပြည်ပသို့ ခေါ်ဆိုနိုင်ပြီး အပြန်အလှန် ယူဆောင် အသုံးပြုနိုင်သည်။
From:Mizzima

No comments:

Post a Comment