Wednesday, May 8, 2013

ကာမ လိမ်လည်ယူသော NLD လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအား တရားစွဲဆို

  ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟအား အရွယ်မရောက်သေးေ သာ ကလေး၏ ဖခင်အဖြစ် မြွက်ဟကြေညာပေးစေလိုမှု ဖြင့် တရားစွဲဆို ထားကြောင်း ပြင်ဦးလွင် ခရိုင် တရားရုံးသို့ လျှောက်ထားသည့် အဆိုလွှာအရ သိရသည်။ ပြင်ဦးလွင်မြို့နယ်တရားရုံးမှ အမှု အားစစ်ဆေးခွင့်ပေးခဲ့ပြီး၎င်းအမှုမှာတရားလိုမောင်...၏မိခင်ဖြစ်သူဒေါ်ခိုင်ဝတ်ရည်သန္တာမောင်နှင့် လွှတ်တော်ကိုယ်စားလှယ်ဦးကျော်သီတို့မှာ ၁၉၉၈ ခုနှစ်တွင် ရည်း စားဖြစ်ခဲ့ကြ ပြီး ဦးကျော်သီဟ မှ ဒေါ်ခိုင်ဝတ်ရည် သန္တာမောင် အား လက်ထပ်ပါ မည်ဟု ယုံ ကြည်အောင် ပြောဆိုကာ ကာမရယူ ခဲ့ပြီးကိုယ်ဝန်ရရှိခဲ့ကြောင်းကလေး၏အသက်၁နှစ်နှင့် ခြောက်လအရွယ်တွင် လက်ထပ်ရန် တောင်း ဆိုသော်လည်း ငြင်းဆိုခဲ့ကြောင်း ထို့ကြောင့် ပြင်ဦး လွင် မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့ထံ တိုင် ကြားခဲ့ပြီး ဦးကျော်သီ ဟနေထိုင် သည့် ရပ်ကွက်မှ လူကြီးများမှညှိနှိုင်းပေး သဖြင့် မယားစရိတ်၊ ကလေးစရိတ် အဖြစ် ငွေကျပ်လေး သိန်းအား ပေးချေခဲ့ပြီး နောက်ပိုင်းတွင် ဆက်လက်ထောက်ပံ့မှု မပြုလုပ်တော့ကြောင်း အဆိုလွှာတွင် ပါရှိသည်။  ယခုအချိန် ကလေး၏ အသက် ၁၄ နှစ်အရွယ်ရောက်ချိန်တွင် ဒေါ်ခိုင် ဝတ်ရည်သန္တာမောင် တို့မိ သား စုမှာ စား ဝတ်နေရေးခက်ခဲနေသဖြင့် ကလေး အား သားအဖြစ်လက်ခံထောက်ပံ့ကူညီ ရန် အတွက် တရားစွဲဆို ရခြင်းဖြစ် ကြောင်း ဒေါ်ခိုင်ဝတ်ရည်သန္တာမောင် အား ကူညီပေးနေသူ တစ်ဦး ကပြောသည်။ ဦးကျော်သီဟသည်၂ဝ၁၂ခုနှစ်ဧပြီ၁ ရက်က ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက် ပွဲတွင် NLD ပါတီမှ ဝင် ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော ပြင်ဦး လွင်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်တစ်ဦး ဖြစ်သည်။
From: Popular Myanmar News Journal

No comments:

Post a Comment