Wednesday, May 15, 2013

ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးမည့် အစိုးရ၏ အစီအမံအပေါ် လိုက်နာမှု မရှိက ဥပဒေနှင့်သွားမည်

ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးမည့် အစိုးရ၏ အစီအမံအပေါ် လိုက်နာမှု မရှိခြင်း နှင့် တား ဆီးခြင်း တို့ကို ဥပဒေအရ အရေးယူမှုတို့ ရှိလာမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သ တိပေးပြော ဆိုသည်။
၎င်းက မဟာစင် ဆိုက်ကလုန်းမုန်တိုင်းနှင့်ပတ်သတ်၍ ကြိုတင်ပြင်ဆင်ထားမှုဆိုင်ရာ စာနယ်ဇင်း ရှင်းလင်းပွဲ၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို အခုလွှတ်တော်ကို ပို့လိုက်ပြီ။အဲ့ဒီထဲမှာ စီမံထားရှိ ထားသော အဆောက်အဦးတွေ နေရာတွေ ဆီကို လူသားတွေ အန္တရာယ်မ ကျရောက်စေ ဖို့ အစိုးရ က ရွှေ့ပြောင်းမှုစီမံတဲ့အခါ မလိုက်နာရင် ချမှတ်ရမယ့် ပြစ်ဒဏ်တွေ ပါထားပြီးသား ဒါလည်း လူသားချင်း စာနာတဲ့အတွက် ကြောင့် ပဲဟု " ၀န်ကြီးက ပြောသည်။

မဟာစင်မုန်တိုင်းဝင်ရောက်တိုက်ခိုက်ရန်ရက်အနည်းငယ်သာ လိုတော့သည့် အချိန်တွင် အန္တရာယ် ရှိနေသည့်စစ်တွေနှင့် မောင်းတောကမ်းခြေနေရာတို့မှအချို့သောဘင်္ဂလီတို့မှာအစိုးရ၏  ပြောင်းရွေ့ပေးမှုအပေါ်မှာ ငြင်းဆန်မှုအချို့ရှိနေကြောင်း သိရသည်။
ဒုတိယ၀န်ကြီး ဦးရဲထွဋ်က "အခုရင်ဆိုင်နေရတာက အန္တရာယ်မရှိဘူးထင်ပြီး ပြောင်းရွှေ့ပေး တဲ့နေ ရာတွေ ကို မလာချင်ဘူး တစ်ချို့က လည်း နေရာမရဘူးထင်ပြီး မရွှေ့ချင်ဘူး ။ ဒါတွေများနေတယ် "ဟု ပြောသည်။
    မင်းသုအောင်      From....Popular Myanmar News Journal

No comments:

Post a Comment