Wednesday, May 15, 2013

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်း ဒီရေ အန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများအား တပ်မတော်သားများမှ ကူညီ

ဘင်္ဂလား ပင်လယ်အော် အနောက်   တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော   ဆိုင်ကလုန်းမုန်တိုင်းမဟာ စင်ကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေ မြို့နယ်  အတွင်း မုန်တိုင်းဒီရေ အန္တရာယ် ကျရောက်နိုင် သည့်ပင် လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ
 ကျေးရွာများမှ ဒေသခံ တိုင်း ရင်း သား ပြည်သူများအား ယနေ့ ညနေ ပိုင်းမှ စတင်၍ ဒီရေလွှမ်းမိုးမှု ကင်းဝေး မည့်ကုန်းမြေ နေရာများ သို့ ရွှေ့ပြောင်းပေးလျက်ရှိရာ စစ်တွေမြို့နယ်၊ ပလ္လင်ပြင် ကျေးရွာ မှ သံဃာ ငါးပါးနှင့် အိမ်ထောင်စု ၉၆ စု၊ လူဦးရေ ၃၈၈ ဦးတို့အား စစ်တွေမြို့၊ ကျိတ်တော်ကုန်းသို့ လည်းကောင်း၊ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက်ရှိ ကယ်ဆယ်ရေး စခန်းမှ အိမ်ထောင်စု ၅၂ စု၊ လူဦးရေ ၃၆၅ ဦးတို့အား အမှတ်(၄) အခြေခံပညာ အထက် တန်း ကျောင်းသို့လည်းကောင်း တပ်မတော် သားများက တပ်ပိုင် မော်တော်ယာဉ်များဖြင့် ကူညီ ရွှေ့ပြော င်း ပေးခဲ့ကြောင်း သတင်း ရရှိ သည်။
From:မြ၀တီ

No comments:

Post a Comment