Thursday, May 9, 2013

ပြည်ထဲရေးဝန်ကြီးအမိန့်အရနေမျိုးဇင်ထောင်(၆)နှစ်ထပ်ကျ


မေလ(၂)ရက်နေ့ကပန်းတနော်မြို.နယ်တရားရုံးမှဒါဏ်ငွေနှစ်သောင်းကျပ်(သို.မဟုတ်)ထောင်ဒဏ် (၃)လကျခံစေရန်အမိန့်ချမှတ်ခဲ့ရာ၌ထောင်(၃)လရွေးချယ်ကျခံခဲ့သူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်အား ပြည်ထဲရေး ၀န်ကြီး ဦးကိုကို၏အမိန့်ဖြင့် ထောင်ဒါဏ်(၆)နှစ် ထပ်မံကျခံစေခဲ့ကြောင်း သိရသည်။ နေမျိုးဇင်မှာလွန်ခဲ့သည့်(၂)နှစ်ခန့်ကအီလက်ထရောနစ်ဥပဒေပုဒ်မဖြင့်ထောင်ဒါဏ်(၁၀)နှစ်ချမှတ်ခံခဲ့သူဖြစ်ပြီး၊၂၀၁၂ခုနှစ်ဇန်န၀ါရီ(၁၃)ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏လွတ်ငြိမ်းချမ်းသာအမိန့်အားခံဝန်ကတိဖြင့်ပြန်လည်လွတ်မြောက်လာခဲ့ပြီးလယ်သမားအရေးလိုက်ပါဆောင်ရွက်ပေးနေရာမှ ပန်း တနော်မြို့နယ်အတွင်းရှိ အောက်ကဇင်းကျေးရွာမှ လယ်သမားများနှင့် တွေ.ဆုံပွဲတစ်ခုတွင် ရဲဝန်ထမ်းများလာဘ်စားသည်ဟုပြောဆိုခဲ့မှုကြောင့်အကြည်ညိုပျက်စေမှုပုဒ်မ(၅၀၀)ဖြင့်ပြစ်ဒဏ်ချ မှတ်ခံရပြီးနောက် ယခင်ကျန်ရှိနေသောပြစ်ဒဏ်များပါ ထပ်မံကျခံစေခဲ့ခြင်းဖြစ်သည်။ “ပြည်ထဲ ရေး ၀န်ကြီးအမိန့်နဲ့ပေါ့ဗျာ၊ ထောင်ထဲမှာပဲ မအူပင်ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်စာ လာဖတ်သွား တာ၊ ပထမပြစ်ဒဏ်ကိုလွတ်ငြိမ်းချမ်းသာနဲ့မထွက်ခင်ကပြစ်ဒဏ်ထပ်မံကျုးလွန်မိပါကယခင် ထောင်ဒဏ်များ ကိုပါ တပေါင်းတည်း ဆက်လက်ပြန်လည်ကျခံရမည်ဖြစ်သည်ဆိုတဲ့ ခံဝန်က ရှိခဲ့ တော့ အဲ့ဒါနဲ့လုပ်တာ”ဟု ကိုနေမျိုး ဇင်၏ ညီဖြစ်သူ ကိုခင်မောင်ထွေးက ပြောသည်။ နေမျိုးဇင် ပြန်လည်လွတ်မြောက်ရန်အတွက် ပန်းတနော်လယ်သမား(၁၀၀)ကျော်သည် မေလ(၇)ရက်နေ့က ပန်းတနော်မြို့နယ် တရားရုံးတွင် ဒဏ်ငွေပေးဆောင်ခဲ့ကြပြီး မအူပင်အကျဉ်းထောင်ရှေ့တွင် နာရီ အတန်ကြာ သွားရောက်စောင့်စားနေချိန်တွင် မအူပင်ခရိုင်အုပ်ချုပ်ရေးမှူးမှ ပြည်ထဲရေး ၀န်ကြီး ၏အမိန့်စာအားလာရောက် ဖတ်ကြားခဲ့ခြင်းဖြစ်သည်ဟု သွားရောက်စောင့်စားခဲ့သူ ပန်းတနော်မြို့ နယ်မှ တောင်သူလယ်သမားများက ပြောသည်။ “အခုဒီမှာက တောင်သူလယ်သမားတွေ မြေတွေ သိမ်းခံရ၊ အင်းသူကြီးတွေရဲ့ အနိုင်ကျင့်ခံရလို့ ဘ၀ပျက် နေတာတွေကိုသူကအများရှေ့က ရဲရဲ ၀င်ဝင့်လိုက်ပြီးဆောင်ရွက်ပေးနေတာကြောင့် ဘ၀တွေပျက်နေတဲ့ လယ်သမားတွေကတော့ သူကို အားကိုးတယ်၊ဒါပေမယ့်အစိုးရပိုင်းကတော့သူ့ကိုဆူးငြောင့်ခလုတတစ်ခုလို့မြင်နေတယ်”ဟု ပန်း တနော်မြို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။ တရားစီရင်ရေးမဏ္ဍိုင်မှာ မဖြစ်သင့်သည့် အလုပ်ကို လုပ်ဆောင်ခဲ့သဖြင့်မိမိအနေဖြင့် လက်မခံနိုင်ဟုဆိုကာ ထောင်ဒါဏ်ရွေးချယ်ကျ ခံခဲ့ သူဗိုလ်ကြီးဟောင်းနေမျိုးဇင်သည် ရဲတပ်ဖွဲ့ဝင်များနှင့် မကြာခဏထိပ်တိုက် ရင်ဆိုင်မှုများ ပြုလုပ် လေ့ရှိပြီး ဖေဖေါ်ဝါရီလ(၂)ရက်နေ့ကလည်း ၀န်ကြီးဦးဆန်းဆင့် မပြောင်းရွေ့ရေး ဆန္ဒထုတ် ဖော်ခဲ့သည့် ပန်းတနော်ဒေသခံများကို ဦးဆောင်ခဲ့သဖြင့်အပြန်ခရီး၌ ခေတ္တဖမ်းဆီးခြင်းခံ ခဲ့ရ သူဖြစ်ပြီး ရဲတပ်ဖွဲ့မှ၎င်းအားဖမ်းဆီခဲ့ပုံ ဗီဒီယိုဖိုင်မှာ အင်တာနက်မှတဆင့်ပြည်သူများအကြား ပြန့်နှံ့ခဲ့ သေးသည်။
“ဒါကတော့ သူကိုက ခေါင်းမာလွန်းအားကြီးတာရယ်၊ နာမည်ကြီးချင်တာတွေအတွက် လျှောက်လုပ် နေတာလို့ပဲ ထင်တယ်၊”ဟုပန်းတနော်မြို့နယ်တရားရုံးမှတရားရေးဝန်ထမ်းတစ်ဦးက ပြောသည်။

No comments:

Post a Comment