Thursday, May 9, 2013

အမှန်မြင်ဘို့ ၊ ဥာဏ်ယှဉ်စို့


အရင်က လွှတ်တော်ထဲမှာ 
တပ်မတော်အရာရှိ လွှတ်တော် ကိုယ်စားလှယ် တွေ အိပ်နေတဲ့ ပုံ တွေ အင်တာနက်မှာတက်ပြီး တပ်မတော်အရာရှိ တွေကို အသုံး မကျတဲ့ကောင်တွေ ဆိုပြီး အမျိုးမျိုး ပြောခဲ့ဆိုခဲ့ကြတယ် ၊ ခု နောက်ထပ် ပင်နီတိုက်ပုံဝတ် အမတ်တွေပုံ ထပ် ပြီး တက်လာတယ် ဒီလိုပဲ အိပ်နေ ကြတဲ့ပုံတွေပါဘဲ ဒီအခါမှာတော့ ပထမတစ်ခါလောက် အသံမ ထွက်လာ ကြတော့ဘူး ။
အဖြစ်မှန်က ဒီလိုမဟုတ်ဘူး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေဟာ မနက်ပိုင်းတစ်ပိုင်း လုံးလွှတ်တော်အစည်းဝေးတက် ၊ ပြီးတော့နေ့လည်စာသုံးဆောင် ၊ ပြီးတော့ နေ့လည်ပိုင်းအစီ အစဉ်တွေမစခင်မှာ မိမိတို့ရဲ့ ထိုင်ခုံကလေးတွေမှာထိုင်ပြီး ခဏတဖြုတ်ဆိုသလို နားကြတယ် ဒီအချိန်မှာ ဓါတ်ပုံရိုက်ရင်တော့ ဒီလိုပုံတွေဟာ တစ်သက်လုံးတက်နေတော့မှာပဲ ။
တကယ့်တရားခံကတော့ နားနေချိန်မှာ နားနေတာကို လွှတ်တော်အစည်းဝေးကျင်းပနေတုန်း အိပ်ငိုက်နေသလိုလို ၊ လုံးဝအိပ်ပျော်နေသလို လုပ်တာဟာ မီဒီယာကင်မရာသမားတွေထဲမှာပါလာ တဲ့ ကျင့်ဝတ်နားမလည်တဲ့ စုန်းပြူးတွေကြောင့် ဖြစ်တယ် ဒီ ငါးခုံးမ စုန်းပြူးတွေကို မဖေါ်ထုတ်ရင် မီဒီယာတစ်လှေလုံးပုတ်မယ် ဒါပါဘဲ....
နောက်တစ်ခုက ပုံတစ်ပုံတက်လာတာနဲ့ စဉ်းစားချင့်ချိန် ပြီး မှ အမှန်ဟုတ်မဟုတ် သုံးသတ်နိုင်တဲ့ ပညာ အသိဥာဏ်အခံ ရှိကြဘို့လည်း အရေးကြီးနေပါပြီ၊ ပုံတစ်ပုံတင်လိုက်တိုင်းယုံနေရင်တော့ သတင်းသမားတွေရဲ့သားကောင် ဖြစ်နေတော့မှာပါဘဲ ။

You might also like:

No comments:

Post a Comment