Friday, May 10, 2013

ပြည်တွင်းထုတ် ဆူဇူကီးပစ်ကပ်များ ဇွန်လစရောင်းမည်

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ထား
သည့် ဆူဇူကီးပစ်ကပ်များကို ဇွန်လ
တွင် စတင်ရောင်းချရန် စီစဉ်ထား ကြောင်း Myanmar Suzuki Motor Co.,Ltd အုပ်ချုပ်မှုမန်နေဂျာ ဦးရဲထွန်းဦးက ပြောကြားခဲ့သည်။ ယခု လကုန်တွင်တပ်ဆင်ထုတ်လုပ်မည် ဖြစ်သော်လည်း ရောင်းချမည့် အစီ အစဉ်နှင့် ဈေးနှုန်း သတ်မှတ်ရန် ဈေး ကွက် စစ်တမ်း ကောက်ခြင်းများ ပြု လုပ်ရ မည် ဖြစ်သောကြောင့် ဇွန်လ တွင်မှ စတင်ရောင်းချရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၄င်းကရှင်းပြသည်။ “ထုတ်လုပ်ပြီးတာနဲ့ တန်းရောင်းမှာပါ။ ဈေးကတော့ အခုပြောလို့ မရသေးဘူး။ ဈေးကွက်အနေအထား ကြည့်ပြီး မှ သတ်မှတ်ရမှာမို့ပါ” ဟု ဦးရဲထွန်းဦးက ဆိုသည်။ လောလောဆယ် ဆူဇူကီးပစ်ကပ်များကိုသာ ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ပြီး လစဉ်ထုတ်လုပ်မည့် အရေအတွက်မှာလည်း ဈေးကွက်အနေအထား ကို မူတည်၍ ထုတ်လုပ်သွားမည်ဟု ၄င်းက ပြောဆိုသည်။ လက်ရှိ ပြင်ပမော်တော်ယာဉ် ဝယ်ရောင်း ဈေး ကွက်တွင် ဆူဇူကီးပစ်ကပ်များနှင့် အလားသဏ္ဍာန်တူသည့် ဂျပန်တစ်ပတ်ရစ် ကားတစ်စီးလျှင် ကျပ်သိန်း ၇၀ ခန့်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ဆူဇူကီး ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ဆူဇူကီးပစ်ကပ်နှင့် Wagon (R+) မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ရောင်းချခဲ့ဖူးသည်။

 .. www.MyanmarExpress.net

No comments:

Post a Comment