Tuesday, June 11, 2013

သမ္မတ ဦးသိန်းစိန်နဲ့ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ယောဆခ် တွေ့ဆုံ

သမ္မတ ဦးသိန်းစိန်ဟာ ရှမ်းပြည်တပ်မတော် RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ် ယောဆခ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံကြပါတယ်။ အဲဒီလိုတွေ့ဆုံကြရမှာ ထူးခြားမှု တခုအနေနဲ့တွေ့ရတာက ဗုဒ္ဓမြတ်စွာဘုရားဆင်းတုတော် တဆူကို သမ္မတနဲ့ ဗိုလ်ချုပ် ယောဆခ်တို့ကြားမှာ တွေ့ရတာပါ။ ဗိုလ်ချုပ်ယောဆခ်ကသမ္မတဦးသိန်းစိန်ကိုအဆိုပါဆင်းတုတော်နဲ့ရှမ်းရိုးရာဝတ်စုံတခု လက်ဆောင် အဖြစ် ပေးအပ်ခဲ့တယ်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ် မှာ ဖော်ပြ ထားပါတယ်။ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ယောဆခ်နဲ့ အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ အပါ အ၀င် ဒေသဖွံ့ဖြိုး ရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးဖို့ နေပြည်တော် ကို ယမန်နေ့က ညနေ၅နာရီကျော်က ရောက်လာခဲ့တာပါ။ နေပြည်တော်လေဆိပ်ကို ရောက်လာတဲ့ ဗိုလ်ချုပ်ယော ဆခ်နဲ့ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့က သွားရောက်ကြို ဆိုခဲ့ တာလည်းဖြစ်ပါတယ်

Ref: http://myanmarspectrum.blogspot.com

No comments:

Post a Comment