Saturday, June 15, 2013

14.6.2013 မှ 20.6.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST)
တနင်္ဂနွေ
ယခု အချိန်နှင့် ယခင်အချိန် က လုပ်ရပ်များ အဆင်ပြေ အောင်မြင်မှု့ တို့ကြားလာရလိမ့်မည်။ ချစ် သူ ထံမှ ကောင်းသတင်းကြားရမည်။ အလုပ်ကိစ္စနှင့် ခရီးထွက်ရမည်။ ရန်သူ ၏ တောင်းပန်မှု ရ မည်။ အခက်အခဲ အထစ်အငေါ့ များပြေပျောက်မည်။ ရှုပ်နေသော အရာများရှင်းနိုင်မည်။သင်တန်း သွားရတတ်သည်။ ကျန်းမာရေး အနည်းငယ်ချူချာ နိုင်သည်။
အကျိုးပေးဂဏန်း - ၀ ၊ ၁ ၊ ၂။
အထူးဟော - ကံကောင်းမည်။
ယတြာ - အောင်သပြေ (၉) ညွန့် မွေးနေ့မှာ လှူလိုက်ပါ။



တနင်္လာ
          မကြာမှီ သင်၏ စွန့်စားမှုလုပ်ရပ်များ စွန့်စားစွာသွားလာရမည်။ ခရီးစဉ်များ ၊ စွန့်စားစွာ ကြိုးစားရတော့မည်။ ပညာရေးများအတွက် အားယူစဉ်းစားခန်းဝင်နေသောကာလဟု ဆိုရပေ မည်။ အားငယ်မနေနှင့် လွတ်လပ်စွာ လှုပ်ရှားပြီး အရာရာ ကိုရင်ဆိုင်လိုက်ပါ။ ၀မ်းသာပီတိ ရလောက်အောင် စိတ်ချမ်းသာစွာ အောင်မြင်မှာ ဖြစ်ပါတယ်။ ခရီးယာယီ တွေသွားရမည်။ မိတ်ဆွေသစ်အပေါင်း အသင်း သစ်တွေ ကြုံလာမည်။ လက်ဆောင်ပစ္စည်းဝင်မည်။ ကား ၊ စက်တို့ရမည်။ မြေ အ၀င်အထွက် ရှိမည်။ အချစ်ရေး စွဲလန်းသူ တွေ့မည်။ အိမ်ထောင်ပြုဖြစ်မည်။
  အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၃။
အထူးဟော - ကံကောင်းနေမည်။
ယတြာ - မွေးနေ့တွင် ကံ့ကော် (၁၅) ညွန့်ကို အိမ်ဘုရားကပ်လှူပါ။  


အင်္ဂါ
          အတိုက်အခံ တွေ ကြုံမည်။ မလိုသူတွေတွေ့မည်။ ဆန့်ကျင်ဘက်လိင်တို့၏ စွဲလန်း မှု နှောက်ယှက်မှုများ နှင့် အတိုက်အခံ လုပ်မှု တွေ နှင့် မကောင်းသတင်းထုတ်လွှင့်မှုများဖြစ်မည်။ ခရီးဝေးယာယီ တွေရောက်မည်။ စက် ၊ ကား တို့ဝင်ခြင်း ၊ ထွက်ခြင်း ဖြစ်မည်။ ငွေကြေးကိစ္စပြောရ တတ်သည်။ ခြေ၁ ဖက် နာကျင် မှုနှင့် ၀မ်းမကောင်းဖြစ်တတ်၍ အစားဆင်ခြင်ပါ။ အိမ်ရှိ မိသားစု ၏ အပြစ်တင်အထင်လွဲမှုခံရတတ်သည်။ စာမေးပွဲများ ၊ အင်တာဗျူး များအောင်မြင်မည်။      
အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၁။
အထူးဟော - အတိုက်အခံ ဖြစ်ပြီးမှ အောင်မြင်မည်။
ယတြာ - အိမ်ဘုရားကို မွေးနေ့မှာ သစ်သီး ၉ မျိုးကပ်လှူပါ။  


ဗုဒ္ဓဟူး
          စွန့်စားမှုများ လွတ်လပ်မှုများ ကြိုးစားမှု့ များဆက်တိုက်အောင်မြင်နေမည်။ သင့်ကို ချစ်နေသောသူ၏အထင်လွဲခြင်းများခံရမည်။ ကျော်တော့ လှေသူကြီး ငြားတော့လှေထိုးသား ဖြစ် တတ်သည်။ မရောက်ဘူးသော ခရီး မပေါင်းဘူး သော မိတ်ဆွေ မလုပ်ဘူးသော အလုပ်တို့ လုပ်ဖြစ် မည်။ စိတ်လေ နေမည်။ ထင်ရာ လုပ်ရန် စိတ်ဖြစ်လာ နိုင်သော်လည်း ထိမ်းချုပ်နိုင်စွမ်း ရှိ၍ ထင် ရာမလုပ်ဖြစ်ပါ။ အပေါင်းအသင်း ၏ အကူအညီ ရမည်။ စက် ၊  ယာဉ် တို့ဝင် ထွက်မည်။
အကျိုးပေးဂဏန်း - ၁ ၊ ၅ ၊ ၄။
အထူးဟော - အောင်မြင်မှုများရနေမည်။
ယတြာ - ဘုရားကို အောင်သပြေ (၁၉) ညွန့်ကပ်ပါ။    


ကြာသပတေး
ဤတပတ် အတွင်း သင်ကံကောင်းပြီ။ ကောင်းသတင်း တွေ ကြားရမည်။ အလုပ်အကိုင် တိုးတက် မှု့ မြင့်မားမှု ပြောင်းလဲ မှု ၊ ပြောင်းရွှေ့မှု တို့ဖြစ်လာမည်။ အချစ်ရေး ၊ စီးပွားရေး ၊ အဆင်ပြေမည်။ လက်ထပ် မင်္ဂလာဖြစ်မည်။ မိဘ ၊ ဘိုးဘွား တို့အတွက် စိတ်ချမ်းသာမှု့ များကြားရမည်။ မိသား စု ဆွေမျိုး များ မင်္ဂလာ ၊ အလှူ တို့ ပျော်ရွှင်စွာကျင်းပဖြစ်မည်။ ကိုယ်တိုင် ခရီးဝေး ရောက် မည်။ ပြိုင်ဆိုင်မှု့များ အနိုင်ရမည်။
အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၃။
အထူးဟော - ကံကောင်းတယ်။
ယတြာ - ဘုရားကို ပေါင်မုန့် ၅ ချပ် သကြားဖြူး ၍ ကပ်ပါ။  


သောကြာ
          စိတ်လေနေမည်။ အတွေးများ နေမည်။ အိမ်မှာ မနေချင်ဘဲ အလုပ်ကို စိတ်ဝင်စားမှု့ မရှိဘဲ ခရီးတွေ ထွက်နေချင်မည်။ အကြီးအကဲ မိဘတို့၏ အပြစ်တင်အထင် လွဲခြင်းခံရမည်။ ပြန်ပြေလည်မည်။ ငွေဝင် ၊ ထွက်ကြမ်း မည်။ ငွေစုလို့မရပါ။ စွဲလန်းသူ နှင့် ရကိန်းမြင်သည်။ မိဘတို့ သဘော တူ မတူ ပြဿနာ တွေ ရှုပ်ပြီးမှ ရကိန်းမြင်ပါတယ်။ လက်ထပ်လုနီးပါး ဖြစ်ပြီးမှ ကြန့်ကြာမှု့ ဖြစ်တတ်သည်။ သူတစ်ပါး အရှုပ်ကိုယ့်အရှုပ် ဖြစ်မည့် အန္တရာယ် လုံးဝမရှိပါ။
  အကျိုးပေးဂဏန်း - ၆ ၊ ၃ ၊ ၉။
အထူးဟော - အောင်မြင်မည်။
ယတြာ - သောကြာနေ့နံနက်တွင် အိမ်ဘုရားကို သစ်သီး (၉) မျိုး ကပ်လှူပါ။


စနေ
          သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံပြန်လာမည် ဟူသော စကားပုံအတိုင်း သင်၏ မှန်ကန်သော  စေတနာ သဒ္ဓါကြောင့် သင်၏ လုပ်ငန်းမှာ ပို၍ အောင်မြင်မှုများရရှိလာလိမ့်မည်။ လုပ်နေဆဲ လုပ်ငန်းများနှင့် လုပ်ရန်ကြံရွယ်နေသော အလုပ်များ အားလုံး အဆင်ပြေအောင်ြ မင် မည်။ ရန်သူက မိတ်ဆွေ ဖြစ်မည်။ ခင်မင်သူ က ကူညီမှုများပေးလာမည်။ အဝေးမိတ်ဆွေ ၏ အကူအညီ ရမည်။ အဝေးအပေါင်းအသင်း နှင့် စီးပွားရေး ရှယ်ယာလုပ်ငန်းတို့လုပ်လာရမည်။ ကြိုးစားမှု့တိုင်း က အောင်မြင်မည်။ ၀န်ထမ်း လုပ်ငန်း ရာထူးတက် ၊ လစာတိုးမည်။ အချစ်ရေးမှာ နားလည်မှုဖြင့်လက်ထပ်ခွင့် ရွှေ့ဆိုင်းတတ်သည်။ ခရီးဝေးသွားရမည်။ မိဘ သားချင်းဆွေမျိုးတို့ အတွက် လုပ်ကိုင်မှုများပြုရတတ်သည်။ အားလုံးအဆင်ပြေမည်။ ၀င်ငွေကောင်းလာမည်။ စက် ၊ ကား ၊ မြေတို့ဝင်မည်။
အကျိုးပေးဂဏန်း - ၇ ၊ ၂ ၊ ၀။
အထူးဟော - ဆက်လက် အောင်မြင်နေမည် ။
ယတြာ - အောင်သပြေ (၉) ညွန့် ဘုရားလှူပါ။  


by Myit Makha Mediagroup

No comments:

Post a Comment