Tuesday, June 4, 2013

ဦးဂမ္ဘီရ ဈာန်လျှောပြီလား….?

ဦးဂမ္ဘီရကိုပခုက္ကူမြို့နယ်၊ ပေါက်မြို့မှာ မွေးဖွားခဲ့
တာဖြစ်ပြီး အတန်းပညာ (၄)တန်းအထိ ပညာ သင်ကြားခဲ့ပါတယ်။၁၀ နှစ်သားအရွယ်မှ ၁၅ နှစ် သားအရွယ်ခန့်အထိ၅ နှစ်ခန့် ပထအကြိမ် ကိုရင် ၀တ်ခဲ့ပြီး လူထွက်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယ အကြိမ် ကိုရင်ပြန်ဝတ်ခဲ့ပြီး ပေါက်မြို့၊ အောင် တံခွန် ရပ်ကွက်မှာရှိတဲ့ လေသာတောင်ကျောင်း တိုက်မှတစ်ဆင့် ရဟန်းဘောင်ကို ၀င်ရောက်ခဲ့ ပါတယ်။ဦးဂမ္ဘီရဟာ၂၀၀၇ခုနှစ်စက်တင်ဘာ
 ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်သံ ဃာေ တ်ာအဖြစ်တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး ဖမ်း ဆီး ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဇန်န၀ါ ရီလ၁၃ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီးရဲ့လွတ်ြ ငိမ်းချမ်းသာခွင့် အမိန့်ဖြင့် မြောင်းမြ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့ ပါ တယ်။ 
       အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ဦးဂမ္ဘီရဟာ ပေါက်မြို့ ကို ပြန်လည်
သွားရောက်ခဲ့ပြီး၂၀၁၂ခုနှစ်၊ဧပြီလ၁၇ ရက်နေ့ မနက် ၆ နာရီမှာ လေ သာတောင်၊  ကျောင်းထိုင် ဆရာတော်ဦးသောပိတထံမှသိက္ခာချလူဝတ်လဲခဲ့ပြီးအဲဒီနေ့ညနေ၃ နာရီခန့်မှာ ပေါက်မြို့၊ အောင် တံခွန်ရပ်ကွက်ရှိ ဦးလှကျော်+ ဒေါ်တင်စိန်တို့၏ သမီး မပပ၀င်းအားငွေထုတ်ပြကာ သူ့အား လူ ၀တ်လဲပါက လက်ထက်ပါမည်ဟု ပြောဆိုခဲ့ဖူးသည့်အတွက် သွားရောက်တောင်းရမ်းရာ ကာယ ကံရှင် မိန်းကလေးမှ မကျေနပ်၍ အနီးရှိ ရေထမ်း တံပိုးဖြင့်ရိုက်ရာ ရဟန်းလူထွက် ဦးဂမ္ဘီရ(ခ) ညီညီလွင်မှာ ဦးခေါင်းကွဲ ဒဏ်ရာရရှိပြီး ဆေးရုံတက်ခဲ့ရပါတယ်။ 
           အဲဒီနောက် ပေါက်မြို့ကနေ ရန်ကုန်ကို ပြန်လာခဲ့ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပြီး နောက်ပို င်း ပိတ်ပင်ခြင်းခံထားရတဲ့ မဂ္ဂင်ကျောင်းတိုက်ထဲကို ခွင့်ပြုချက်မရှိဘဲ ၀င်ရောက်ခဲ့ တဲ့အတွက်ပိုင်နက်ကျူးလွန်မှုပုဒ်မ(၄၄၈)၊အကျိုးဖျက်ဆီးမှုပုဒ်မ(၄၄၇)၊တရားမ၀င်ဝင်ရောက်နေထိုင်မှု ပုဒ်မ (၄၅၄) တွေနဲ့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့မှာ သင်္ကန်းကျွန်းမြို့နယ် ရဲစခန်း ကနေ ပြီး ဒုတိယ အကြိမ် ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အာမခံကြေး သိန်း ၄၀ နဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ 
          ယခုနှစ်၊ ၂၀၁၃ သင်္ကြန်မှာတော့ ဦးဂမ္ဘီရ(ခ) ညီညီလွင်တစ်ယောက် နယ်စည်းမခြား ဆရာဝန်များ အသင်းမှ နယ်သာလန်နိုင်ငံသူ Dr.Ms.Elke Marike နဲ့အတူ မိတ္ထီလာ၊ သာစည်၊ မန္တလေး၊ ပုဂံ-ညောင်ဦး မြို့များကို ဆိုင်ကယ်တစ်စီးနဲ့ နှဏ်ယောက်အတူ ရေပက်ခံရင်း ဘုရားဖူး ထွက် ခဲ့တယ်လို့ သိရပါတယ်။ သူတို့ နှစ်ဦးဟာ မိတ္ထီလာမြို့နဲ့ အနီးတ၀ိုက်မှာ ရှိတဲ့ ဆွေမျိုး များရှိ ရာကိုအလည်အပတ်သွားရောက်ခဲ့ပြီးနယ်သာလန် နိုင်ငံသူကတော့မိတ္ထီလာမြို့၊ နန်းတော်ကုန်း ရပ် ကွက်မှာရှိတဲ့ ၀န်ဇင်းဟိုတယ်မှာ တည်းခိုနေထိုင်ခဲ့ပြီး ညီညီလွင် ကတော့ ဆွေမျိုးတွေ အိမ် မှာပဲတည်းခိုပြီး သီးခြားဆီနေခဲ့ကြပါတယ်။ မန္တလေးသွားလည်တော့လဲ နိုင်ငံခြားသူက Royal Hotelမှာတည်းခိုနေထိုင်ခဲ့ပြီးသူကတော့မဟာအောင်မြေမြို့နယ်၊ ပေါက် မြိုင် ကျောင်းတိုက် က တောင်အုဋ်ကျောင်းမှာ တည်းခိုခဲ့တယ်လို့ သိရ ပါတယ်။ 
          ဒါပေမဲ့ ပုဂံ-ညောင်ဦးဘက်ကို ဆိုင်ကယ်နဲ့ နှစ်ယောက်အတူ ဘုရားဖူးသွား တဲ့အခါ မှာတော့ သီးခြားစီ မနေတော့ဘဲ ညောင်ဦးက ပန်းချယ်ရီ ဧည့်ရိပ်သာမှာ ညီညီလွင်နဲ့ နယ်သာလန်သူတို့ ဟာ နှစ်ယောက်တစ်ခန်း အတူ တည်းခိုနေထိုင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း သူတို့နှစ်ဦးဟာ အခုအချိန်အထိ နှစ်ယောက်အတူ တစ်ခန်းထဲမှာပဲ နေထိုင်ကြတော့တယ်လို့ သိရပါတယ်။
          ဦးဂမ္ဘီရ(ခ) ညီညီလွင်ဟာ မိတ္ထီလာအရေးအခင်းနဲ့ပတ်သက်ပြီး အရှင်ဝီရသူကို “သူ့ကို ဖမ်းဆီး သင့်တယ်၊ သူက ဗုဒ္ဒအဆုံးအမတွေနဲ့လွဲချော်နေတယ်၊ အတော်အန္တရာယ်များတယ်၊ သူကပိုမိုပြီး ကောက် ကျစ် တယ်၊ အကြင်နာတရားမဲ့နေတယ်” ဆိုပြီး ပြင်းပြင်းထန်ထန် ကန့် ကွက် ထားပါတယ်။

No comments:

Post a Comment