Wednesday, June 12, 2013

အွန်လိုင်းပေါ်က လူပြောအများဆုံး အကြောင်းအရာများ



(က)
စေ့စေ့တွေးလျှင် ရေးရေးပေါ်သည်။ မတွေးတွေးအောင်လည်း ရိုက်ပြထားသည်။ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ မင်းသား၊ မင်းသမီး အကုန်လုံးကို မျက်နှာချင်းဆိုင်တွေ့ပြီး အဲဒီဇာတ်ဝင်ခန်း ရိုက် တဲ့အချိန်မှာ၊ ရိုက်ပြီးတဲ့အချိန်မှာ၊ အခုလိုပြန်ကြည့်တဲ့အချိန်မှာ ဘယ်လိုခံစားရသလဲလို့ အင်တာ ဗျူးလုပ်ကြည့်ချင်သည်။တကယ်ပီပြင်တာလည်းမဟုတ်ဘဲ၊ ကြည့်သူတွေကို တကယ်ခံစား ရအောင် လည်း လုပ်နိုင်တာမဟုတ်ဘဲ အလကားနေရင်း အဆဲခံဖို့၊ အပြောအဆိုခံဖို့ အဲဒီဇာတ်ဝင် ခန်းကို ထည့် ရိုက်ထားတယ်လို့ပဲ မြင်မိပါတယ်ဗျာ။ အနုပညာမောင်နှမတွေ ဘယ်လောက်ချစ် သလဲဆို တာ နေမင်းနဲ့ သဉ္ဇာနွယ်ဝင်းကို ကြည့်ရှုကြပါကုန်။ ဒေါ်သဉ္ဇာနွယ်ဝင်းေ ရ... အသက် ကလေး ရလာ တဲ့အခါ သားတွေ၊ သမီးတွေကို ဒါ... မေမေငယ်ငယ်တုန်းက အပီအပြင် သရုပ်ဆောင် ထားတဲ့ ဇာတ်
ကားပေါ့ကွယ်လို့ ကြွားလို့ရတာပေါ့နော်။ :D                                      
   http://youtu.be/z75IoEQBWp0(သီးခြားတင်ပေးထာပါတယ်)


(ခ)

ကြည့်သောသူမြင်၏။ မြင်သောသူ မှတ်တမ်းတင်၏။ ထိုမှတ်တမ်း ကို အင်တာနက်ပေါ်ဖြန့်၏။ ဓာတ်ပုံထဲမှ အဆိုပါကာ ယကံရှင် သိသည်၊ မသိသည် ကျွန်ုပ်မပြောတတ်။ သေချာသည်ကတော့ အင်တာနက်ပေါ်မှာကြည့်စရာ၊ ပြောစရာ၊ ဝေဖန်စရာ တစ်ပုံတစ် ပင်ကြီး ကျန်ရစ်ခဲ့ခြင်းပင်။ အများသူငါ မြင်ကွင်းထဲကို ဒီလိုမျိုး ထွက်လာရဲတဲ့ သတ္တိကတော့ ခေဟန်မတူဘူး။ မင်းကိုကြည့် ပြီးရေငတ်လိုက်ပါဘိ ခေတ်နှမငယ်ရယ်။ ပွင့်လင်းမြင်သာမှု ရှိတဲ့ေ  နရာမှာတော့ ငါ့နှမက နံပါတ်တစ်ပါကွယ်။ ဘယ်ဝန်ကြီး ဌာနမှ သူ့ကိုမမီဘူး။ အဲဒီလို ပွင့်လင်းမြင်သာမှုရှိတာ.... :D


(ဂ)
ဦးရွှေမန်းကြီးက သူလည်း သမ္မတလုပ်ချင်သတဲ့။ အင်း... ကောင်းပေတာပေါ့။ ငယ်ငယ်တုန်းက ဘ၀တွေကိုတောင် ပြန်သတိရမိသေး။ လူဆိုးဖမ်းတမ်း ကစားတဲ့အခါ အားလုံးက ရဲလုပ်မယ်ဆိုတာ ချည်းပဲ။ ရုပ်ရှင်ရိုက်တမ်း ကစားတော့လည်း အားလုံးက မင်းသားလုပ်ချင်တယ်။ ဟော... အခုကြည့်၊ အားလုံးက သမ္မတလုပ်ချင်သူတွေချည်းပဲ။ ဥပဒေပြုလွှတ်တော်မှာ ဥက္ကဋ္ဌလုပ်ချင်သူ မရှိဘူး။ ဘယ်ဝန်ကြီးဌာနမှာ ၀န်ကြီးလုပ်ချင်ပါတယ်ဆိုတဲ့လူ မရှိဘူး။ တိုင်းရင်းသားတွေ အကျိုး ကို ဆောင်ရွက်ပေးချင်တဲ့အတွက် ဘယ်ပြည်နယ်မှာ ၀န်ကြီးချုပ် လုပ်ချင်ပါတယ်ဆိုတဲ့လူ မရှိဘူး။ အားလုံးက သမ္မတလုပ်ချင်သူချည်းပဲ။ အေးလေ.. လူဆိုတာ အမြင့်ဆုံးကို မျှော်မှန်းမှလည်း ရည်မှန်း ချက်ကြီးသူ ဖြစ်တော့ပေမပေါ့။ ဒီမယ် မိတ်ဆွေ... အခုအချိန်များ ကျွန်တော်ကိုဉာဏ်ကို ဘာဖြစ်ချင်လဲလို့ လာမမေးပါနဲ့လေ။ ဖြေလိုက်မယ် ပျော်ပျော်ကြီး သမ္မတကြီးလုပ်ချင်တယ်လို့။ အလကားနေရင်း စဉ်းစားမိတာ တစ်ခုရှိတယ်။ ၂၀၁၅ မှာ ဦးရွှေမန်းက သမ္မတလုပ်ချင် တယ် ဆိုတော့ ကျွန်တော်ကလည်း ဦးသိန်းစိန်နားကို အသာကပ်ပြီး ၂၀၁၅ မှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ချင်တယ်လို့ ကြေညာလိုက်ဗျာ သမ္မတကြီးရာလို့ ပြောလိုက်ရင် ကောင်းမလားလို့။ မိတ်ဆွေတို့ရော ဘယ်လိုသဘောရသလဲဗျ။ ဦးရွှေမန်း သမ္မတဖြစ်ချင်တယ်လို့ ပြောတဲ့စကားကို သာမန်ပဲ မတွေးကြပါနဲ့။ တွေးစရာတွေ အများကြီးရယ်ပါ။ ကျွန်တော်သာ သူ့နေရာမှာဆို လက်ရှိသမ္မတကြီးကို နောက်သက်တမ်းအတွက် ထပ်မံအရွေးခံစေချင်တယ်လို့ ပြောမိမလားပါပဲ။ စိတ်ထဲမပါရင်တောင် ပါတီတွင်းကိစ္စကို လူမသိတော့ဘူးပေါ့။ အခုတော့ ဦးရွှေမန်းက ဦးသိန်းစိန် ကို ကွက်ကျော်ရိုက်သွားသလို ခံစားရတယ်။ ကျွန်တော့်အတွေးသက်သက်ရယ်ပါ။ အတည်အခန့် တွေ မမှတ်ယူကြပါနဲ့နော်။ :D


(ဃ)


အလဲဗင်းမီဒီယာဂရု(ပ်)က ဒေါက်တာသန်းထွဋ်အောင် ပြင်သစ်နိုင်ငံက ပေးတဲ့ဆုဆိုလား၊ ဘာဆို လား ရတယ်လို့ ဖတ်လိုက်ရတယ်။ ဒါပေမယ့် အခြားသတင်းဌာနတွေက ဘာဖြစ်လို့ အဲဒီဆုရတာကို အရေးတယူ ဖော်ပြခြင်း မပြုကြတာလဲဗျ။ တကယ်ဆိုရင် ကိုယ့်နိုင်ငံသားတစ်ယောက် ပြည်ပ ကပေး တဲ့ဆု ရတယ်ဆိုတာ ဂုဏ်ယူစရာ မဟုတ်ဘူးလား။ အခုတော့ ကျန်တဲ့လူတွေက အရေးတယူ လုပ်ပြီး သတင်းမထည့်ပေးတဲ့အတွက် သူပိုင်တဲ့၊ သူလုပ်နေတဲ့၊ သူစီမံတဲ့ သူ့ဂျာနယ်မှာသူပဲ သတင်းပြန်ရေးရတော့ အောက်တာပေါ့ကွယ်။ ကျန်တဲ့လူတွေဟာ သူ့အပေါ်ကို မနာလိုစိတ်တွေ များနေတဲ့အတွက်၊ မုဒိတာ မပွားနိုင်တဲ့အတွက် အခုလို ဖြစ်နေကြတာပေါ့ လို့များ ပြောပြချင် ပါတယ် စီးရီးသစ်မှာ ထည့်ရေးဦးမလား မပြောတတ်ပါဘူး။ အလဲဗင်းက သူ့ကိုယ်သူ ဘာဖြစ်လို့ နံပါတ်တစ်လို့ ပြောသလဲဆိုတာ အခုမှ နည်းနည်း သဘောပေါက်တယ်။ ဟုတ်တယ်ဗျ၊ အလဲဗင်း ဟာ နံပါတ်တစ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက တစ်ဦးတည်း ဖြစ်နေလို့ပဲ။ ကိုယ်တစ်ဦးတည်း ဆိုတော့ ကိုယ်ပဲ နံပါတ်တစ်ပေါ့ဗျာ။ အခြားဂျာနယ်တွေဆိုတာက အလဲဗင်းလို တတ်လို့ လုပ်စားကြ တာမှ မဟုတ်တာပဲ။ ငါးပွက်ရာ ငါးစာချကြတာလေဗျာ။ ဟုတ်တယ်မလား။ အဟက်ဟက်။ ကျွန်တော် သာ ဆုရွေးချယ်ရေးအဖွဲ့က ပညာရှင်ဆိုရင် ဒီဆုကို ပေးမိလေခြင်းဆိုပြီး နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ထိုင်ငိုမိမလား မပြောတတ်ဘူး။ ဘယ့်နှယ်ဗျာ သူများနိုင်ငံက တလေးတ စား ပေးလိုက်တာကို ကျွန်တော်တို့နိုင်ငံက မီဒီယာတွေက မသိသလို လုပ်နေတာကတော့ ခံရ ခက်လှ သဗျာ။ (ဒေါက်တာသန်းထွဋ်အောင်ကိုယ်စား ပြောပေးခြင်းဖြစ်ပါသည်) တစ်ကောင် တည်း ဒါပေ မယ့် အလဲဗင်း....။


(ဆ)
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ဇွန်လ ၂၅ ရက်နေ့ မှာ ပြန် လည် စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဘာတွေများ တိုင်းပြည် အတွက် ဆွေးနွေးကြဦးမ လဲ စောင့် ကြည့် ရမယ်။ ဦးသိန်းညွန့် ဝေဖန်သလိုပဲ ဒေါ်စုကြည်အနေနဲ့ အပြင် မှာလျှောက်မပြော ဘဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လွှတ်တော်ထဲမှာ အဆိုပြု၊ တင်ပြ၊ ဆွေးနွေး၊ တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်သင့်တယ်တဲ့။ စိတ်ဝင်စားစရာပဲ။ ဒေါ်စုကြည်က တင်မှာလား၊ မေးမှာ လား၊ ဆွေးနွေးမှာလား၊ဥက္ကဋ္ဌကြီးကရောခွင့်ပြုမှာလား။ဦးသိန်းညွန့်နဲ့ ဒေါ်စုတော့ ကောင်းကောင်းတွေ့ ကြပြီ။ တကယ်လိုအပ်တဲ့ ဥပဒေတွေ ဘယ်လောက်ထပ်ထွက်လာမလဲ ဆိုတာ စောင့်ကြည့် ရပါဦးမယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)

No comments:

Post a Comment