မေလ ၂၈ ရက်
နှစ်ရှည်လများဖြစ်ပွားနေသောပြည်တွင်း စစ် ကြောင့်
မြေမြုပ်မိုင်း ပြသနာသည် တိုင်း ရင်းသား ဒေသ၌လွယ်ကူစွာ ဖြေရှင်း၍မရနိုင်
သေးကြောင်း Norwegian People’s Aid (NPA)အဖွဲ့မှဌာနေကိုယ်စားလှယ်ဖြစ် သူ Mr. Andreas Indregard က ဆိုပါသည်။
“ မိုင်းရှင်းလင်းဖို့အစိုးရနဲ့တော့ MOU စာချုပ်
ချုပ်ထားပြီးပြီး။ဒါပေမဲ့မရှင်းနိုင်သေးဘူး။ ဒီကိစ္စ မျိုးဟာ နှစ်ဖက် စလုံးဆီက ခွင့်ပြုမိန့်ရမှ
လုပ်လို့ရတဲ့ ကိစ္စမျိုးပါ။ အခုချိန်မှာလည်း အပစ် အခတ် ရပ်စဲထားတယ် ဆိုပေမဲ့လည်း ယုံကြည်
စိတ်ချမှု တွေက အားနည်းနေတုန်း ဖြစ်တယ်။ ဒါကြောင့် မြေမြုပ်မိုင်းတွေ မရှင်းနိုင်သေးတာပါ”
ဟု ဆိုပါသည်။
NPAနည်းတူ အမေရိကန်နိုင်ငံ ဒုတိယနိုင်ငံခြားရေး
ဝန်ကြီး ကလည်း မြေမြုပ်မိုင်းနှင့် ပါတ် သက် ပြီး ပြီးခဲ့သည့်ဧပြီလကကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဤကဲ့ သို့ နိုင်ငံတကာမှ စိတ်ဝင်စား
လာရခြင်းမှာ ၂၀၁၂ ခုနှစ် နိုင်ငံတကာ မြေမြုပ်မိုင်း
အစီရင် ခံစာ တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ တတိယ အဆင့် မြေမြုပ်မိုင်း အန္တရာယ် အရှိဆုံး နိုင် ငံဖြစ် လာခြင်းကြောင့် ဖြစ်ပါသည်။
ဤအကျိုးဆက်သည် မြန်မာနိုင်ငံ၌ ပြည်တွင်းစစ်
အနှစ် (၆၀)ကျော်ကြာ ဖြစ်လာခဲ့ခြင်းဖြစ်ဟု ဆိုနိုင် ပါသည်။ အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသားများနှင့်
ငြိမ်းချမ်းရေး ရရှိရန် အပစ် အခတ် ရပ်စဲ ထားပါသည်။ သို့သော် အပစ်ရပ်ထားသည့် အဖွဲ့များကို
အကြောင်းပြချက် မရှိ ဘဲ ပြန်လည် တိုက်ခိုက်နေပါသည်။ ဤသည် ပြည်တွင်းစစ် ရှည်ကြာရေး၏ သက်သေ
ဖြစ် ပါ သည်။
သို့သော်လည်း မြေမြုပ်မိုင်း အန္တရယ် တိုက်ဖျက်လိုသော
နိုင်ငံတကာ အဖွဲ့များသည် မြေမြုပ်မိုင်း ရှင်းလင်းရေးအဆင့်ကို မလုပ်နိုင်သေးသော်လည်း
မြေမြုပ်မိုင်း အန္တရယ် ပညာပေးရေး သင်တန်း များ ကို စတင်နေခဲ့ပါသည်။ NPA အဖွဲ့သည် The Halo Thrust အဖွဲ့များနှင့် ပူးပေါင်း ၍မြေမြုပ်မိုင်း အန္တရာယ် အကြောင်းကိုဒေသခံ ပြည်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား သင်တန်း
ပေးနေပါသည်။ အလားတူDan Church Aid
(DCA) နှင့် UNICEF တို့
ကလည်း တပ်မတော် စစ်ဘက် အရာရှိများအား မြေမြုပ်မိုင်း
အန္တရာယ် အကြောင်းကို သင် တန်း ပေးခဲ့ သည်ဟု NPA က
ဆိုပါသည်။
မြေမြုပ်မိုင်း ရှင်းလင်းရေးတွင် အဆင့် (၃) ဆင့် ရှိပါသည်။ မြေမြုပ်မိုင်းများ
ရှိနိုင်သည့် ဧရိယာ၊ မိုင်းအရေအတွက်ကို နည်းပညာ အကူမပါဘဲ အချက်အလက် ကောက်ယူခြင်း (Non-Technical
Survey)၊နည်းပညာအကူဖြင့်အချက်အလက်ရယူပြီးပုံဖော်ခြင်း(TechnicalSurvey) နှင့်မိုင်းရှင်း လင်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်
ဖော်ခြင်း (De-mining) ဟူ၍ဖြစ်ပါသည်။
လက်ရှိ အနေအထားတွင် ပထမ အဆင့် အနေဖြင့် မြေမြုပ်မိုင်းကြောင့်သေဆုံးရသည့် တိရိစ္ဆာန် များ၊ လူများနှင့် ဒုက္ခိတဖြစ်ရသည့် ပုဂ္ဂိုလ် များကိုသာ အဓိက မေးမြန်း ထားပါသည်။ ဒုတိယနှင့် တတိယ အဆင့်ကိုမူ
အကောင်အထည် မဖေါ်နိုင်သေးကြောင်း NPA ကဆိုပါသည်။
NPA သည် မြန်မာနိုင်ငံ
တောင်ပိုင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြယ်နယ်၊ ကယားပြည် နယ်၊ပဲခူးတိုင်းအတွင်းရှိ ကျောက်ကြီး ဒေသတို့၌မြေမြုပ်မိုင်းရှင်းလင်း ရန် အစိုးရ နှင့်နား လည်မှု စာချွှန်လွှာ
ရေးထိုးထားပြီး ဖြစ်ပါသည်။
NPA အဖွဲ့သည် ကမ္ဘာ့
တတိယ အကြီးဆုံး မိုင်းရှင်းလင်းရေး အဖွဲ့ဖြစ်ပါသည်။ ၄င်းတို့သည် အာဖ ရိ က၊ အရှေ့ အလယ်ပိုင်းနှင့် မြောက်အာဖရိက၊ ဥရောပ
နိုင်ငံများနှင့် အာရှ ဒေသရှိ ကမ္ဘော ဒီး ယား၊ လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၂၀ ခန့်တွင် မြေမြုပ်မိုင်းရှင်းလင်းရေး အ ကူအညီ ပေးလျှက် ရှိပါသည်။
No comments:
Post a Comment