Vodafone ကုမ္ပဏီသည် မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်းတင်ဒါ ယှဉ် ပြိုင်ခြင်း မှ နှုတ်ထွက်ပြီးနောက်ဘီလျံနာ ဂျော့ဆိုရော့စ် ကျောေ
ထာက်နောက် ခံထားသော
Digicel က မြန်မာနိုင်ငံ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုအတွက် အဓိကယှဉ်ပြိုင်သူအဖြစ် ပေါ် ထွက်လာခဲ့ကြောင်း သိရှိရသည်။
ကရစ်ဘီယန် အခြေစိုက် Digicelကို အိုင်းရစ်ရှ် ဘီလျံနာဒင်းနစ်
အိုဘရိုင်ယန်က ပိုင်ဆိုင်ပြီး မြန်မာ့ ဆက် သွယ်ရေးမှ ရွေးချယ်သော ဆန်ကာတင်
ကုမ္ပဏီ ၁၂ခုတွင်ပါဝင်ခဲ့ သည်။မြန်မာနိုင်ငံတွင် လူငယ်
လူရွယ်များပြီး ၊ စီးပွားရေးအ ခွင့်အ လမ်းကောင်း များလည်း ရှိနေခြင်းကြောင့်
ဤဆက်သွယ်ရေး ဝန်ဆောင်မှု လိုင်စင်သည် အခွင့်အရေးကောင်းတစ်ရပ်ပင်ဖြစ်သည်။
Digicel သည် မြန်မာနိုင်ငံဈေးကွက်ကိုဝင်ရောက်ရန် ကာလကြာမြင့်စွာ ကြိုးစားခဲ့ပြီး မြန်မာနိုင်ငံဘောလုံး အသင်းအတွက်စပွန်ဆာပေးခြင်းကိုလည်း လုပ်ဆောင်ခဲ့သည်။“ ဘယ် ကုမ္ပဏီကပဲဝင်လာဝင်လာ၊ ပြည်သူတွေအတွက် ဈေးသက်သက် သာသာ လွယ်လွယ်ကူကူ ရရင် ကောင်းတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ကောင်းပါတယ်။ “ ဟုDigicel ၏ တင်ဒါယှဉ်ပြိုင်မှု ဦးဆောင်နေခြင်းကို လူငယ်တစ်ဦးမှ သုံးသပ်ခဲ့သည်။Vodafoneနှင့် China Mobileသည်မြန်မာနိုင်ငံဆက်သွယ်ရေးတင်ဒါ ယှဉ်ပြိုင်သူအဖြစ်မှ မေလ ၃၁ရက်နေ့ တွင် နှုတ် ထွက်ခဲ့သည်။

No comments:
Post a Comment