Thursday, June 13, 2013

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေ

၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေကိုအစိုးရမှပြင်ဆင်ရေးဆွဲကာလွှတ်တော်သို့တင်ရန်စီစဉ်နေကြောင်း၊ သို့သော် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေမှာ တရားမ၀င် ခိုးဝင်လာသည့် တိုင်းတစ်ပါးသားများ၏ အန္တရာယ် ကို ကာကွယ်ထားခြင်းဖြစ်၍ ပြင်ဆင်ရန်မလိုအပ်ကြောင်း၊ 
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရန် ဥပဒေ ကို ပြန် လည် ဆန်းစစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင် ဆန်း စုကြည် က ပြောကြားထားသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ကမူ “၁၉၈၂ ခုနှစ် ဥပဒေကိုပြင်ဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြီးခဲ့တဲ့ လွှတ်တော်မှာ တင်ဖူးတယ်။ အဲလို တင်လာတဲ့အခါမှာ ၀ိုင်းဆွေးနွေးကြပြီး ဒါကို မပြင်သင့်ဘူးဆိုပြီး
ကန့်ကွက်ပြီးပယ်ချလိုက်တယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြင်သင့်တယ်လို့ ပြောနေတယ်။ ကျွန်တော့် အမြင် ကတော့ ဒီ ၁၉၈၂ ခုနှစ် ဥပဒေက ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော ဘက်ကို ကူးလာတဲ့ မွတ်စလင်တွေကို အဓိက ကာကွယ်ထားတဲ့ ဥပဒေပဲ။ အဲလို ကာကွယ်ထား တာတောင် မှ ရခိုင်ပြည်နယ်မှာ ပြန်ကြည့်လိုက်ရင် ၉၆ ရာခိုင်နှုန်းလောက် ဘင်္ဂါလီတွေ ဖြစ်နေပြီ။ ဒီတော့ ဒါကရှိသင့်တယ်။ ဒီအချိန်မှာ ဒါကို သွားကိုင်လိုက်ရင် အချေအတင်တော့ ဖြစ်ကြမှာပဲ။ ဒါကို ပြင်မယ် ဆိုရင် ပြဿနာအေးဖို့ မဖြစ်နိုင်ဘူး။ ပြဿနာ ပိုဖြစ်လာနိုင်တယ်။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ အခုအချိန် မှာ ဒါကို မပြင်သင့်ဘူးလို့ ယူဆပါတယ်” ဟု ပြောကြားသည်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘရှိန်က“၁၉၈၂ နိုင် ငံသားဖြစ်မှုဥပဒေကဥပဒေပညာရှင်တွေကိုယ့်နိုင်ငံအတွက် နှစ်ပေါင်းသုံးလေးနှစ်လောက် သေချာေ လ့ လာပြီးမှ ပြဋ္ဌာန်းထားတဲ့ ဥပဒေပဲ။ နိုင်ငံအတွက် တန်ဖိုးရှိတဲ့ ဥပဒေပဲ။ နိုင်ငံတကာက ဒို့နိုင်ငံကို သူတို့တွေရဲ့ တပည့်တပန်းတွေလို့များ အောက်မေ့နေကြလား မသိဘူး။ ဒို့နိုင်ငံမှာ နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံတော် တည်ငြိမ်ရေး၊ တိုင်းရင်းသား အရေးတွေကို ဒီဥပဒေက ကာကွယ်ပေးထား တာပဲ။ မတရားတာတွေ လုံးဝမပါဘူး။ ၈၂ ဥပဒေကို ဘာမှပြင်စရာ မလိုဘူး။ ဒီဥပဒေက တိုင်းရင်း သား လူမျိုးဖြစ်ရင် နိုင်ငံသား ဖြစ်မယ်။ ဒီနိုင်ငံမှာ လာနေတဲ့ သူတွေအနေနဲ့ နိုင်ငံသား ဖြစ်လိုရင် ဧည့်နိုင်ငံသား စသည်ဖြင့် အဆင့်ဆင့် ဆက်စပ်လို့ ရတာပဲ။ ဒီနိုင်ငံကို သွေးနဲ့ တည်ဆောက်ထား ရတာ။ ဘာဖြစ်လို့ ဒီဥပဒေကို မလိုမလား ဖြစ်နေကြရတာလဲ။ ကျူးကျော်လာသူတွေကို တရားဝင်ြ ဖစ်အောင် ဒီဥပဒေကို ပြင် ခိုင်းနေကြတာ။ ဒါသဘာဝ မကျဘူး” ဟု ပြောကြားသည်။
အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “ကျွန်တော် က မပြင်ဘူး။ ပြင်ဖို့ ပြောလာရင် ကျွန်တော်ကန့်ကွက်မယ်။ ဒီဥပဒေကို နိုင်ငံတကာစံနှုန်းနဲ့မညီဘူး။ လူ့အခွင့် အရေးနဲ့ မညီဘူးလို့ ပြောလာတဲ့သူတွေရှိတယ်။ အဲဒီလူတွေက လွှတ်တော်ကိုယ်စားလှယ် ဆိုရင် လွှတ်တော်မှာ တင်ပြပြီး အပြန်အလှန် debate လုပ်ရင် အကောင်းဆုံးပဲ။ အင်မတန်မှ ပြင် ချင်နေတယ် ဆိုလည်း နိုင်ငံသားလက်မှတ် အတုလုပ်ရင်၊ နိုင်ငံသားဖြစ်ကြောင်း လိမ်လည်ရင် ဥပဒေမှာ ထောင်ဒဏ်နဲ့ အတူ ဒဏ်ငွေတွေ သတ်မှတ်ထားတာ ရှိတယ်။ အဲဒီ ဒဏ်ငွေကို တိုးဖို့ပင် မယ် ဆိုရင် သဘောတူတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံသည် လူဦးရေ သန်းထောင်ချီ ရှိနေသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံ၊ လူဦးရေ ပေါက် ကွဲနေသည့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ နိုင်ငံမျိုးကြားတွင် ရှိနေသောကြောင့် ယင်းအချက်များနှင့် ညှိနှိုင်းရေးဆွဲခဲ့သည့်၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ရန်မလိုအပ်သေးကြောင်း၊ နိုင်ငံတကာ စံနှုန်းများနှင့် ညီခြင်း မညီခြင်း ဆိုသည်ထက် မြန်မာနိုင်ငံ၏ ပထ၀ီနိုင်ငံရေး အခြေအနေနှင့်အညီ ထည့်သွင်းစဉ်းစား သင့်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင် က ပြော ကြားသည်။
EMG

No comments:

Post a Comment