Monday, June 3, 2013

ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ရောက်ရှိ

ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် General Sir David Richards နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ရောက်ရှိ
နေပြည်တော်   ဇွန်   ၂
ဗြိတိန်နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် (Chief of Defence Staff) General Sir David Richards နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလည်ပ တ် ရန် ယနေ့ညနေ ၆ နာရီ မိနစ် ၄ဝ က လေကြောင်း ခရီးဖြင့်  ရန်ကုန်မြို့သို့ ရောက်ရှိကြ ရာ ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဆန်းဦး၊ ကာ ကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် ဇာနည်ဝင်း၊ ဧရာဝတီ ရေတပ် စခန်း ဌာနချုပ်၊  ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်၊ မင်္ဂလာဒုံ လေတပ် စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး H.E Mr.Andrew Heyn နှင့် စစ်သံမှူးတို့က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။            

No comments:

Post a Comment