Tuesday, June 11, 2013

မြန်မာ့လေကြောင်းမှလေယာဉ် ကော့သောင်းလေဆိပ်တွင်ပြေးလမ်းချော်၍ တောင်ပံနှစ်ဘက်ရှိပန်ကာများ ကျိုးပဲ့ပျက်စီး

ရန်ကုန်-မော်လမြိုင်-ကော့သောင်း-မော်လမြိုင်-ရန်ကုန်ပြေးဆွဲသည့်မြန်မာ့လေကြောင်းမှခရီးစဉ်အ မှတ် UB-309၊ လေယာဉ်အမှတ် XY- AIP၊လေယာဉ်အမျိုးအစားMA-60
 လေယာဉ်သည် Capt.မောင်မောင် လွင်ပါ လေယာဉ်အမှုထမ်း(၄)ဦး လိုက်ပါမောင်းနှင်ပြီး ၁၀-၆-၂၀၁၃ ရက်နေ့ ၁၁၅၅ အချိန် မော်လမြိုင်မှ ခရီးသည်(၅၅)ဦး၊ရင်ခွင်ပိုက်ကေ
လး ငယ်(၅)ဦးတို့အား တင်ဆောင် ၍ ကော့သောင်း သို့ ခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာလာခဲ့သည်။
 ၁၃၀၅အချိန် ကော့သောင်းသို့ရောက်ရှိပြီး ကော့သောင်းလေဆိပ်သို့ မြောက်မှတောင်ဘက်လေယာဉ်ြေ  ပးလမ်းအတိုင်းဆင်းသက်စဉ် လေယာဉ် ပြေးလမ်းချော်ပြီး လေယာဉ်ပြေးလမ်း၏အနောက်ဘက် ပေ ၂၀၀ခန့်အကွာရှိ ခြုံပုတ်အတွင်းသို့ ရောက်ရှိခဲ့သည်။ လေယာဉ်ပြေးလမ်းချော်မှုကြောင့် လေယာဉ်ပေါ် ပါခရီးသည်များနှင့် လေယာဉ် အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ လေယာဉ်၏ ဘယ်ဘ က်တောင်ပံအင်ဂျင်မှ မီးခိုးများ ထွက်လာ၍ လေယာဉ်ပေါ်တွင်ပါရှိသည့် မီးသတ်ဆေးဗူးများဖြင့် ငြှိမ်းသတ် ခဲ့ကြောင်းနှင့် လေယာဉ်၏ တောင်ပံနှစ်ဘက်ရှိပန်ကာ(၂)လုံး၏ဒလက်များ ကျိုးပဲ့ပျက်စီး သွားကြောင်း သတင်းရရှိသည်။
From:ရဲဇာနည်

No comments:

Post a Comment