Thursday, June 13, 2013

ရုရှားနိုင်ငံတွင် မူဆလင် သုံးရာခန့်အား ၀တ်ပြုနေစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်း


တရားဥပဒေချိုးဖောက်သည့်မူဆလင်များအား
 ပြင်းထန်စွာအရေးယူနေသည့် ရုရှားနိုင်ငံ၏ စီမံချက် အရ မော်စကိုရဲ တပ်ဖွဲ့ က ရုရှားနိုင် ငံမြို့တော် မော်စကိုတွင် ၀တ်ပြုခန်းအတွင်း  ၀တ်ပြုနေစဉ်အတွင်း ၀ိုင်းရံပိတ်ဆို့၍ ၀တ်ြ ပု သူ အယောက်၃၀၀ ကျော်ခန့်အား ဖမ်းဆီးထိန်း သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ကော့ကေးဆပ်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်
ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ အထူးတင်းကြပ်သည့်ထိန်းချုပ်ဆောင်ရွက်မှုများပြုလုပ်သွားမည်ကိုရုရှားသမ္မတ ဗလက်ဒီမာပူတင် က သူ၏လုံခြုံရေးတပ်ဖွဲ့အရာရှိများနှင့် တွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားသွားသည်ဟု ရိုက်တာ
သတင်းဌာနမှ ဇွန် ၇ရက်၊ သောကြာနေ့တွင် သတင်းဖော်ပြ ခဲ့သည်။


လာဘ်ပေးလာဘ်ယူမှုတွေ၊ ရာဇ၀တ်မှုတွေနဲ့ ပုန်ကန်ထကြွမှုတွေနဲ့ပတ်သက် လို့ ပြင်းပြင်းထန် ထန် နဲ့ ဥပဒေအတိုင်း မူဝါဒ ချမှတ် နှိမ်နှင်းသွားမှာပါဟု ရုရှားသမ္မတက ဖြည့်စွက်ပြောကြား သွား ခဲ့ သည်။

သောကြာနေ့ ဗလီဝတ်ပြုပွဲအား စီးနင်းတိုက်ခိုက်ရာတွင် ရဲတပ်ဖွဲ့များက နိုင်ငံခြားသား ၁၇၀ အပါအ၀င် မူဆလင်စုစုပေါင်း သုံးရာကျော်ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး မည်သည့်အတွက် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ကို ဖော်ပြခြင်းမရှိသေးကြောင်းသိရှိ ရသည်။ ရုရှားလုံခြုံရေးဌာန(FSB) အဖွဲ့မှ ဦးဆောင်သည့်အထူးရဲတပ်ဖွဲ့ဝင်များကဗလီဝတ်ကျောင်းအတွင်းရှိအာရေးဗီးယန်းဘာသာဖြင့်ရေး သားထားသည့် စာရွက်စာတမ်းများအားလည်း စစ်ဆေးဖော်ထုတ်ရန် သိမ်းဆည်းသွားကြောင်း သိရ သည်။


သောကြာနေ့စီးနင်းတိုက်ခိုက်မှုမှာ မော်စကိုမြို့ (သို့) စိန့်ပီတာစဘတ်မြို့တို့အတွင်းရှိ မူဆလင်တို့ ဗလီကျောင်း များအား ယခုနှစ်အတွင်း ပစ်မှတ်ထား စီးနင်းမှုများအနက် တတိယအ ကြိမ်မြောက်ြ ဖစ်ကြောင်း လည်း သိရှိရသည်။

 ရုရှားနိုင်ငံအနေဖြင့် လာမည့်နှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်ကို ပင်လယ်နက်၏ အပန်းဖြေ မြို့တော်ဖြစ်သည့် ဆိုချီမြို့တွင် ကျင်းပ ရန်အတွက် ကြိုတင်စီစဉ်မှုအဖြစ် လုပ်ဆောင်ပုံရကြောင်း လည်းသိရှိရသည်။

ရုရှားပြည်ထောင်စုအတွင်းရှိ တောင်ပိုင်းသမ္မတနိုင်ငံများဖြစ်သည့် ချေချင်ညာ၊ အင်ဂူရှီတီယာ၊ ဒါဂတ်စ်စတန်နှင့်ကော့ကေးဆပ်မြောက်ပိုင်းတို့တွင် မူဆလင်ဦးရေ ၂၃သန်းခန့် အခြေချနေ ထိုင်နေကြောင်းနှင့် အစ္စလာမ်ဘာသာမှာ ရုရှားနိုင်ငံ၏ ဒုတိယ အကြီးဆုံးဘာသာဖြစ်ပြီး ရှေးရိုးစွဲ ခရစ်ယာန်ဘာသာဝင်များကြီးစိုးသည့် လူဦးရေစုစုပေါင်း ၁၄၅သန်း တွင် ၁၅ရာခိုင်နှုန်း ခန့် ရှိကြောင်းလည်း သိရသည်။

ရုရှားနိုင်ငံမှာ အင်ဂူရှီတီယာအရှေ့ပိုင်း၊ အိုဆက်တီယာမြောက်ပိုင်းနှင့် ချေချင်ညာတို့ရှိ ခွဲ ထွက်ရေး သူပုန်များနှင့် နှစ်ကြိမ် တိတိတိုက်ခိုက်ခဲ့ရာမှ ကြွင်းကျန်သည့် ပြည်တွင်းလက်နက်ကိုင် ပုန် ကန်မှု များကို ဆက်လက်တိုက်ခိုက်နှိမ်နင်းနေရဆဲ ဖြစ်သည်။

အစ္စလာမ်မစ်နိုင်ငံတော်တည်ထောင်ရေးအတွက် တောင်တန်းများပေါ်တွင် အခြေပြုလှုပ်ရှားနေ သည့်မူဆလင်စစ်သွေးကြွများကရုရှားအစိုးရမှ ထောက်ခံအားပေးထားသည့်မူဆလင်ခေါင်းဆောင် ပိုင်း များအား အဓိကပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းဖြစ်သည်။


နှစ်ပေါင်းနှစ်ဆယ်ကြာမျှ နယ်မြေပိုင်စိုးရေးအညင်းပွားမှုများမှ ၁၉၉၂ခုနှစ်တွင် စစ်ပွဲဖြစ်ပေါ် လာ ခဲ့ပြီး အိုဆက်တီးယား မြောက်ပိုင်းရှိ ခရစ်ယာန်အများစုနှင့် အင်ဂူရှီးတီးယားရှိ မူဆလင်အများစုတို့ အကြား ရေရှည်ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပွားလာခဲ့ပေသည်။
From: Tin Soe Myat

No comments:

Post a Comment