Monday, June 10, 2013

မလေးရောက်မြန်မာများ ပြည်တော်ပြန်ကြလေပြီ........

မလေးရှားနိုင်ငံတွင် မြန်မာလူမျိုးများ ရက်ဆက်ဆိုသ လို နေ့တိုင်း အသတ်ခံရ၊ တိုက်ခိုက်ခံရ မူတွေ ဆက် တိုက် ဖြစ်ပေါ်လာပြီးနောက် မြန်မာလူမျိုးများ
 ပြန်တော်ပြန်ဖို့ စီစဉ်လာကြတယ်လို့ Myanmar Daily News မှ သိရပါတယ်။လက်ရှိအချိန်အထိ ပြဿနာ ကို နှစ်နိုင်ငံ သံတမန်ရေး ရာများဖြင့် ဆွေးနွေးဖြေရှင်း အဖြေရှာမှုတွေ မလုပ်ပဲ မလေးရှားအစိုးရ မှဝင်ရောက် ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်လာခြင်းကြောင့် မြန်မာ များ ဌာနေပြန်ဖို့စီစဉ်လာကြတယ်လို့ ကပုန်းမှာနေ ထိုင်တဲ့ ကိုဂျွန် ဆိုသူက ကျွန်တော်တို့ Myanmar Daily News ကို အခုလိုပြောပြလာပါတယ်။ “ အမှန်ပြော
ရင် ကျွန်တော်တို့ ဒီကနေ မပြန်ချင်သေးဘူး။ဘာလို့လဲဆိုတော့ ကျွန်တော့် မိသားစုက သိပ်အဆင်ပြေတာ မဟုတ်ဘူး။ ကျွန်တော်က မုံရွာကပါ။ မြန်မာပြည်ပြန်ရင် ဘာလုပ်ရမလဲဆိုတာပဲ တွေးပြီး ရင်လေးမိတယ်။ တစ်လကို အနည်းဆုံး ၂ သိန်းလောက် ၀င်ငွေရအောင် မြန်မာနိုင်ငံမှာ ဘာလုပ်ရမလဲဆိုတာစဉ်းစားပြီး ရင်လေးမိတယ်။ ကျွန်တော့် သမီးက ဒီနှစ်ဆို ၁၀ တန်းတက်မှာ သားက ၆ တန်း ..စဉ်းစားကြည့်ဗျာ.ကျောင်း စရိုက်..စားဝတ်နေရေး...စီးပွားရေးအဆင်ပြေသူတွေအတွက် မပြောပလောက်ပေမယ့် ကျနော်တို့ လို အောက်ခြေ လူတန်းစားအတွက် အဲဒီငွေ ဘယ်လိုရှာမလဲ။
ဒီနိုင်ငံမှာအလုပ်လုပ်နေတော့ ကျွန်တော် တစ်လကို ၃ သိန်းလောက် အမြဲပို့ပေးနိုင်တယ်။ အခု ဒီလိုပြဿ နာတွေဖြစ်လာတော့ ငွေထက် အသက်ကတန်ဖိုးရှိတာသိပေမယ့် တကယ်တွေးကြည့်ပြီး ပြန်ရမှာ ရင်လေးမိ တယ်။ လက်ရှိအချိန်အထိ မလေးအစိုးရကလည်း လူသတ်တရားခံကို ဖော်ထုတ်တာမရှိပဲ နေရာတကာ ၀င်ရောက် ဖမ်းဆီးနေတော့ ကျနော်တို့လို o သမားတွေအတွက် အတော် အခက်ဖြစ်တယ်။ ဒီအစိုးရ လုပ် တာ ၀ါးလုံးရှည်လိုက်ရမ်းနေတာနဲ့တူနေတယ်။ မြန်မာသံရုံးကလည်း ဘာမှကူညီပေးတာလည်းမတွေ့ရဘူး
ဒီတော့ ကျွန်တော်တို့ မြန်မာပြည်ပြန်ဖို့ပဲ စီစဉ်လာရတာပေါ့။” ဟု Myanmar Daily Newsကို ပြောပြလာ ခဲ့ တာပါ။
လက်ရှိအချိန်အထိပဲမလေးရှားတွင်တည်ငြိမ်မှုမရှိပဲ ပြဿနာများတစ်နေ့ပြီးတစ်နေ့ဆက်လက်ဖြစ်ပွားနေ  မှုကြောင့် မြန်မာလူမျိုးများ အခက်အခဲတွေနဲ့ ရင်ဆိုင်နေပြီး ဘယ်နေ့ ကိုယ်နေထိုင်တဲ့ဖက်မှာ ပြဿနာဖြစ် လာမလဲဆိုပြီး ရင်တထိတ်ထိတ်နဲ့ အလုပ်လုပ်နေရတာကိုတော့ ဒမ်မာဆာရ ဘက်က မသန္တာနွယ် က Myanmar Daily News ကို အခုလိုပြောပါတယ်။
ဒီနေ့ မြို့ထဲလာတာတောင် တော်တော်လေး ရင်တထိတ်ထိတ်နဲ့..စာအုပ်လည်းလက်ထဲရှိတယ်ဆိုပေ မယ့်  ကြောက်နေရတာ။ အခုက စာအုပ်ရှိသူရော မရှိသူရောပဲ အားလုံးကြောက်နေရတဲ့အချိန်လေ။ မြို့ထဲမ လာလို့လည်းမဖြစ်။ ဆိုင်ပစ္စည်းတွေက ကုန်ပြီဆိုတော့ မလာမဖြစ် လာရပေမယ့် ကြောက်ကြောက် လန့်လန့်နဲ့ပဲ သွားလာနေရတယ်။ အမတို့နေတဲ့ဖက်ကိုလည်း အော်ပရာစီဝင်မယ်လို့ သတင်း ထွက်နေတော့  ဘယ်တော့ ၀င်ဖမ်းမလဲဆိုပြီး တွေးကြောက်ပြီး နေနေရတယ်။ တကယ်ခေတ်မကောင်း တာပဲ..မလေးမှာ ဒီလိုတစ်ခါမှ မကြုံဖူးသေးဘူး။ အမ တို့နားက မြန်မာတွေ တော်တော် များများလည်း ပြန် ဖို့ပဲ ပြောနေကြတယ်” ဆိုပြီး ပြောပါတယ်။

Myanmar Daily News.

No comments:

Post a Comment