Saturday, July 19, 2014

OIC အပါအ၀င် ပြည်ပအထောက်အပံ့ ရယူထားသော မီဒီယာများသတင်းနှင့် ပတ်သက်၍ ဥရောပသမဂ္ဂရုံးမှ စုံစမ်းမှုများရှိ

Photo: OIC အပါအ၀င် ပြည်ပအထောက်အပံ့ ရယူထားသော မီဒီယာများသတင်းနှင့် ပတ်သက်၍ ဥရောပသမဂ္ဂရုံးမှ စုံစမ်းမှုများရှိ
---------------------------------------------------------------------------

““OIC အပါအ၀င် ပြည်ပ အဖွဲ့အစည်းများ၏ ထောက်ပံ့ရယူထားသည့် သတင်းမီဒီယာများ မြန်မာနိုင်ငံတွင် ရှိနေဟု အမျိုးသားနိုင်ငံရေး စောင့်ကြည့် အဖွဲ့စွပ်စွဲ””ဆိုသည့် သတင်းအား ဇူလိုင် ၁၂ ရက်တွင် ထုတ်ဝေ ခဲ့သည့် မြန်မာသံတော်ဆင့် ဂျာနယ်အတွဲ (၃) အမှတ်(၁၈)၌ ဖော်ပြပြီးနောက် ဇူလိုင် ၁၄ ရက်တွင် ဥရောပသမဂ္ဂ (မြန်မာနိုင်ငံဆိုင်ရာသံရုံး)မှ မြန်မာသံတော်ဆင့်သို့ စုံစမ်း မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းတွင် ““OIC အပါအ၀င် ပြင်ပအဖွဲ့အစည်းများမှ ငွေကြေး အထောက်အပံ့ ရယူ၍ ပြည်တွင်းတွင် လှုပ်ရှား လုပ်ကိုင်နေသည့် သတင်းမီဒီယာ ငါးခုခန့်ရှိပြီး ၎င်းတို့အား ဖော်ထုတ်အရေးယူ သွားပေးရန်အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း”” အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးရဲမင်းဦးက ပြောကြားသည်ဟု ဖော်ပြထားသည်။

““အစ်ကိုတို့က သတင်းမှာပါတဲ့အတိုင်း ဘယ်မီဒီယာကို ပြောတာလဲဆိုတာ သိချင်လို့ သူတို့ကို မေးကြည့် ချင်တာပါ။ ဘယ်လို အကြောင်းမှတော့ မရှိပါဘူး။ အစ်ကိုတို့ အဲဒီသတင်းလေး စိတ်ဝင်စားလို့ အပေါ်က လူကြီးတွေကလည်း အဲဒီသတင်းလေး ပိုပြီးတော့ သိရမလားဆိုပြီး ဖုန်းဆက် ခိုင်းလို့ပါ။ သူတို့က ဘယ်မီဒီယာလဲ ဆိုတာ ထုတ်ပြန်ပေးမယ် ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ထုတ်ပြန်မလဲပေါ့။ အဲဒါလေး မေးချင်လို့ပါ။ အစ်ကိုတို့က ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေစုပြီး တစ်ခါတလေ သတင်းပြန်ရေး ရတာကိုး။ အဲဒါကြောင့်ပါ။ ဦးရဲမင်းဦးရဲ့ ဖုန်းနံပါတ်လေးများ ရမလားလို့ပါ”” ဟု ဥရောပသမဂ္ဂ (မြန်မာနိုင်ငံဆိုင်ရာသံရုံး)မှ နိုင်ငံရေး အရာရှိ ဦးအောင်အောင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့ အဖွဲ့သို့ လာရောက်မေးမြန်းမှုများ မရှိသေးကြောင်းကို   ““ကျွန်တော်တို့ ရုံးကိုတော့ ဆက်သွယ်မှု မရှိသေးဘူး။ ဥရောပသမဂ္ဂနဲ့ ဆိုင်တော့ဆိုင်မယ် မထင်ဘူး။ ဥရောပသမဂ္ဂတို့မှာ တူရကီတို့ပါတော့ ပြောလို့တော့ မရဘူးပေါ့။ သူတို့က အင်အား ဖြန့်ကြက်ထားတဲ့ အခါကျတော့ ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ ထုတ်ထားတဲ့ ကြေညာချက် အပေါ်မှာ တစ်စုံတစ်ရာ ကျေနပ်မှု မရှိဘူးဆိုရင် အခုလောလောဆယ်ဆယ် စမ်းချောင်း ဗဟိုလမ်းမှာ ယာယီရုံးခန်း ရှိပါတယ်။ လာရောက် မေးမြန်း စုံစမ်းနိုင်ပါတယ်””ဟု အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးရဲမင်းဦးက မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

အမျိုးသားနိုင်ငံရေး စောင့်ကြည့်ရေးအဖွဲ့မှ ဇူလိုင် ၄ ရက်တွင် ““OIC အပါအ၀င် အစ္စလာမ် အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့ ရယူနေသည့် သတင်းမီဒီယာများ၏ တစ်ဖက်စောင်းနင်း ရေးသားမှုများကို အစိုးရမှ စိစစ် ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းကြောင်း”” ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန် ခဲ့သည်။

 
OIC အပါအ၀င် အစ္စလာမ် အဖွဲ့အစည်းများမှ ငွေကြေးအထောက်အပံ့ ရယူ၍ ပြည်တွင်းတွင် လှုပ်ရှား လုပ်ကိုင်နေသည့် သတင်းမီဒီယာ ငါးခုခန့်ရှိပြီး ၎င်းတို့အား ဖော်ထုတ် အရေးယူ သွားပေး ရန်အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲမင်းဦးက ဇူလိုင် ၇ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဇူလိုင် ၄ ရက်က OIC အပါအ၀င် အစ္စလာမ် အဖွဲ့အစည်းများမှ ငွေကြေး ထောက်ပံ့ ရယူနေသည့် သတင်း မီဒီယာများကို အစိုးရမှ စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက် တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သေးသည်။

““အဓိကကတော့ ကျွန်တော်တို့ ပြည်တွင်းမှာ တစ်ဖက်စောင်းနင်းပေါ့နော်။ လူမျိုးခြားတွေပေါ်မှာ အသားပေးပြီး ဖော်ပြတတ်တဲ့ ကိုယ့်လူမျိုးတွေ ခံနေရတာကို အမှန်အတိုင်း မဖော်ပြနိုင်တဲ့ မီဒီယာတွေ ပေါ်ပေါက်နေပြီလေ။ ဒါကို လက်ရှိမှာလည်း အချက်အလက် စုဆောင်းတုန်း ကာလဖြစ်တယ်။ အွန်လိုင်း မီဒီယာရော၊ ပုံနှိပ်မီဒီယာရော ၄၊ ၅ ခု တွေ့ထားတယ်။ ဒါကို ပြည်ထောင်စု အစိုးရအဖွဲ့က စိစစ်ဖော်ထုတ် ပေးရမယ့် တာဝန်ရှိတဲ့အတွက် ကျွန်တော်တို့ တိုက်တွန်း တောင်းဆိုတာ ဖြစ်တယ်။ ဘယ်မီဒီယာဆိုတာ ကျွန်တော်တို့က အမည်နာမတပ်ပြီး ဖော်ပြနေစရာ မလိုတော့ ယေဘုယျ သဘောအနေနဲ့ ကြေညာချက် ထုတ်တာပါ””ဟု ဦးရဲမင်းဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

မိမိတို့ အဖွဲ့အနေဖြင့် သုတေသန ပြုလုပ်ချက်များအရ ယင်းသို့ ရေးသားသော သတင်းမီဒီယာ ၅ ခုခန့် ရှိကြောင်း၊ မည်သည့် မီဒီယာ ဖြစ်သည်ကို အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် ရယူပြီးမှ ထုတ်ပြန်မည် ဖြစ်ကြောင်း၊ ယင်းသို့ ရေးသားသော သတင်းမီဒီယာများကို စောင့်ကြည့်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ စိစစ် အရေးယူရန် တင်ပြမည်ဖြစ်သည်။ ပြည်ထောင်စု အစိုးရအဖွဲ့မှ အရေးယူ၊ မယူ ဆိုသည်ကိုလည်း စောင့်ကြည် အဖွဲ့ အတိုင်းအတာနှင့် ညီအောင် စောင့်ကြည့်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဒေါက်တာ မျိုးသန့်တင်က ““ဆရာတို့ကတော့ ကျင့်ဝတ်ကိုပဲ အခြေခံတယ်လေ။ ကျင့်ဝတ်နဲ့မီဒီယာ ဥပဒေအပေါ်မှာပဲ အခြေခံပြီးတော့ ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုရင် တစ်ဖက်က ဒီလိုတော့ ဖြစ်နေပြီဆိုပြီး အသိပေးတယ်ပေါ့။ အသိပေးရင် လုပ်ထုံးလုပ်နည်း အရတော့ ဟိုဘက်က သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဆရာတို့ကခေါ်ပြီး ညှိတယ်။ နှစ်ဖက်စလုံး ညှိလို့မရဘူးဆိုရင်တော့ သူတို့ဘာသာသူတို့ တရားရုံး တက်ကြပေါ့။ ဆရာတို့ကတော့ ကြေညာချက် ထုတ်နိုင်တဲ့ အပိုင်းပဲရှိတယ်။ အရေးကြီးရင်တော့ ချက်ချင်း ထုတ်ပြန်ဖို့ ရည်ရွယ်ထားတယ်””ဟု ၎င်းက မြန်မာသံတော်ဆင့်သို့ သုံးသပ်ပြောကြားသည်။

အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့ကို ၂၀၁၄ ခုနှစ်၊ ဇွန် ၁၇ ရက်တွင် လူအင်အား ၂၀ ခန့် ပါဝင်ခြင်းဖြစ်ပြီး ကိုရဲမင်းဦးမှာ ယခင်က မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်မည့်ကိစ္စအား ဆန့်ကျင် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင် ခဲ့မှုဖြင့် ဗဟန်း၊ သာကေတနှင့် ကျောက်တံတား ရဲစခန်းတို့မှ အမှုဖွင့် အရေးယူခဲ့ဖူးသည်။ 

မြန်မာသံတော်ဆင့်
““OIC အပါအ၀င် ပြည်ပ အဖွဲ့ အစည်းများ၏ ထောက်ပံ့ရယူ  ထားသည့်သတင်းမီဒီယာများ 
 မြန်မာနိုင်ငံတွင် ရှိနေဟု အမျိုးသားနိုင်ငံရေး စောင့်ကြည့် အဖွဲ့စွပ်စွဲ””ဆိုသည့် သတင်းအား ဇူလိုင် ၁၂ ရက်တွင် ထုတ်ဝေ ခဲ့ သည့် မြန်မာသံတော်ဆင့် ဂျာနယ်
အတွဲ (၃) အမှတ်(၁၈)၌ ဖော်ပြ ပြီးနောက် ဇူလိုင် ၁၄ ရက်တွင် ဥရောပသမဂ္ဂ (မြန်မာနိုင်ငံ ဆိုင် ရာသံရုံး)မှ မြန်မာသံတော်ဆင့် သို့ စုံစမ်း မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါသတင်းတွင် ““OIC အပါအ၀င် ပြင်ပအဖွဲ့အစည်း
များမှ ငွေကြေး အထောက်အပံ့ ရယူ၍ ပြည်တွင်းတွင် လှုပ်ရှား လုပ်ကိုင်နေသည့် သတင်းမီဒီယာ ငါးခုခန့်ရှိပြီး ၎င်းတို့အား ဖော် ထုတ် အရေးယူ သွားပေးရန်အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း”” အမျိုးသားနိုင် ငံရေး စောင့်ကြည့်အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဦးရဲမင်းဦးက ပြောကြား သည် ဟု ဖော်ပြထားသည်။
““အစ်ကိုတို့က သတင်းမှာပါတဲ့အတိုင်း ဘယ်မီဒီယာကို ပြောတာလဲဆိုတာ သိချင်လို့ သူတို့ ကို မေး ကြည့် ချင်တာပါ။ ဘယ်လို အကြောင်းမှတော့ မရှိပါဘူး။ အစ်ကိုတို့ အဲဒီသတင်းလေး စိတ်ဝင်စားလို့ အပေါ်က လူကြီးတွေကလည်း အဲဒီသတင်းလေး ပိုပြီးတော့ သိရမလားဆိုပြီး ဖုန်းဆက် ခိုင်းလို့ပါ။ သူတို့က ဘယ်မီဒီယာလဲ ဆိုတာ ထုတ်ပြန်ပေးမယ် ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ထုတ်ပြန်မလဲပေါ့။ အဲဒါလေး မေးချင်လို့ပါ။ အစ်ကိုတို့က ထုတ်ပြန်ချက်တွေ၊ ကြေညာချက်တွေစုပြီး တစ်ခါတလေ သတင်းပြန်ရေး ရတာကိုး။ အဲဒါကြောင့်ပါ။ ဦးရဲမင်းဦးရဲ့ ဖုန်းနံပါတ်လေးများ ရမလားလို့ပါ”” ဟု ဥရောပသမဂ္ဂ (မြန်မာနိုင်ငံဆိုင်ရာသံရုံး)မှ နိုင်ငံရေး အရာရှိ ဦးအောင်အောင် က မြန်မာ သံတော် ဆင့်သို့ ပြောသည်။
ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့ အဖွဲ့သို့ လာရောက်မေးမြန်းမှုများ မရှိသေးကြောင်းကို ““ကျွန်တော်တို့ ရုံးကိုတော့ ဆက်သွယ်မှု မရှိသေးဘူး။ ဥရောပသမဂ္ဂနဲ့ ဆိုင်တော့ဆိုင်မယ် မထင် ဘူး။ ဥရောပသမဂ္ဂတို့မှာ တူရကီတို့ပါတော့ ပြောလို့တော့ မရဘူးပေါ့။ သူတို့က အင်အား ဖြန့်ကြက် ထားတဲ့ အခါကျတော့ ကျွန်တော်တို့ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ ထုတ်ထားတဲ့ ကြေညာ ချက် အပေါ်မှာ တစ်စုံတစ်ရာ ကျေနပ်မှု မရှိဘူးဆိုရင် အခုလောလောဆယ်ဆယ် စမ်းချောင်း ဗဟိုလမ်းမှာ ယာယီရုံးခန်း ရှိပါတယ်။ လာရောက် မေးမြန်း စုံစမ်းနိုင်ပါတယ်””ဟု အမျိုးသား နိုင် ငံရေး စောင့်ကြည့်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးရဲမင်းဦးက မြန်မာသံတော်ဆင့်သို့ သုံး သပ်ပြောကြားသည်။
အမျိုးသားနိုင်ငံရေး စောင့်ကြည့်ရေးအဖွဲ့မှ ဇူလိုင် ၄ ရက်တွင် ““OIC အပါအ၀င် အစ္စလာမ် အဖွဲ့ အစည်းများမှ ငွေကြေးထောက်ပံ့ ရယူနေသည့် သတင်းမီဒီယာများ၏ တစ်ဖက်စောင်းနင်း ရေး သားမှု များ ကို အစိုးရမှ စိစစ် ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် အလေးအနက် တိုက် တွန်းကြောင်း”” ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန် ခဲ့သည်။
OIC အပါအ၀င် အစ္စလာမ် အဖွဲ့အစည်းများမှ ငွေကြေးအထောက်အပံ့ ရယူ၍ ပြည်တွင်းတွင် လှုပ်ရှား လုပ်ကိုင်နေသည့် သတင်းမီဒီယာ ငါးခုခန့်ရှိပြီး ၎င်းတို့အား ဖော်ထုတ် အရေးယူ သွားပေး ရန်အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အမျိုးသား နိုင်ငံရေး စောင့်ကြည့်ရေး အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲမင်းဦးက ဇူလိုင် ၇ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ဇူလိုင် ၄ ရက်က OIC အပါအ၀င် အစ္စလာမ် အဖွဲ့အစည်းများမှ ငွေကြေး ထောက်ပံ့ ရယူနေသည့် သတင်း မီဒီယာများကို အစိုးရမှ စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် အလေးအနက် တိုက် တွန်းကြောင်း ထုတ်ပြန်ချက် တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သေးသည်။
““အဓိကကတော့ ကျွန်တော်တို့ ပြည်တွင်းမှာ တစ်ဖက်စောင်းနင်းပေါ့နော်။ လူမျိုးခြားတွေပေါ်မှာ အသားပေးပြီး ဖော်ပြတတ်တဲ့ ကိုယ့်လူမျိုးတွေ ခံနေရတာကို အမှန်အတိုင်း မဖော်ပြနိုင်တဲ့ မီဒီ ယာတွေ ပေါ်ပေါက်နေပြီလေ။ ဒါကို လက်ရှိမှာလည်း အချက်အလက် စုဆောင်းတုန်း ကာလဖြစ် တယ်။ အွန်လိုင်း မီဒီယာရော၊ ပုံနှိပ်မီဒီယာရော ၄၊ ၅ ခု တွေ့ထားတယ်။ ဒါကို ပြည်ထောင်စု အစိုး ရအဖွဲ့က စိစစ်ဖော်ထုတ် ပေးရမယ့် တာဝန်ရှိတဲ့အတွက် ကျွန်တော်တို့ တိုက်တွန်း တောင်းဆို တာ ဖြစ်တယ်။ ဘယ်မီဒီယာဆိုတာ ကျွန်တော်တို့က အမည်နာမတပ်ပြီး ဖော်ပြနေစရာ မလိုတော့ ယေဘုယျ သဘောအနေနဲ့ ကြေညာချက် ထုတ်တာပါ””ဟု ဦးရဲမင်းဦး က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
မိမိတို့ အဖွဲ့အနေဖြင့် သုတေသန ပြုလုပ်ချက်များအရ ယင်းသို့ ရေးသားသော သတင်းမီဒီယာ ၅ ခုခန့် ရှိကြောင်း၊ မည်သည့် မီဒီယာ ဖြစ်သည်ကို အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် ရယူပြီးမှ ထုတ်ပြန်မည် ဖြစ်ကြောင်း၊ ယင်းသို့ ရေးသားသော သတင်းမီဒီယာများကို စောင့်ကြည့် ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ စိစစ် အရေးယူရန် တင်ပြမည်ဖြစ်သည်။ ပြည်ထောင်စု အစိုးရ အဖွဲ့မှ အရေးယူ၊ မယူ ဆိုသည်ကိုလည်း စောင့်ကြည် အဖွဲ့ အတိုင်းအတာနှင့် ညီအောင် စောင့် ကြည့် မည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဒေါက်တာ မျိုးသန့်တင်က ““ဆရာတို့ကတော့ ကျင့်ဝတ်ကိုပဲ အခြေခံတယ်လေ။ ကျင့်ဝတ်နဲ့မီဒီယာ ဥပဒေ အပေါ် မှာပဲ အခြေခံပြီးတော့ ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုရင် တစ်ဖက်က ဒီလိုတော့ ဖြစ်နေ ပြီဆိုပြီး အသိပေးတယ်ပေါ့။ အသိပေးရင် လုပ်ထုံးလုပ်နည်း အရတော့ ဟိုဘက်က သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဆရာတို့ကခေါ်ပြီး ညှိတယ်။ နှစ်ဖက်စလုံး ညှိလို့မရဘူးဆိုရင်တော့ သူတို့ဘာသာ သူတို့ တရားရုံး တက်ကြပေါ့။ ဆရာတို့ကတော့ ကြေညာချက် ထုတ်နိုင်တဲ့ အပိုင်းပဲရှိတယ်။ အရေး ကြီးရင်တော့ ချက်ချင်း ထုတ်ပြန်ဖို့ ရည်ရွယ်ထားတယ်””ဟု ၎င်းက မြန်မာသံတော်ဆင့်သို့ သုံး သပ်ပြောကြားသည်။
အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့ကို ၂၀၁၄ ခုနှစ်၊ ဇွန် ၁၇ ရက်တွင် လူအင်အား ၂၀ ခန့် ပါဝင်ခြင်းဖြစ်ပြီး ကိုရဲမင်းဦးမှာ ယခင်က မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်မည့်ကိစ္စအား ဆန့်ကျင် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင် ခဲ့မှုဖြင့် ဗဟန်း၊ သာကေတနှင့် ကျောက်တံတား ရဲစခန်းတို့မှ အမှုဖွင့် အရေးယူခဲ့ဖူးသည်။

မြန်မာသံတော်ဆင့်

No comments:

Post a Comment