Tuesday, July 15, 2014

အိမ်အကူကို အဓမ္မပြုကျင့်သည်ဟုဆိုကာ နိုင်/ကျဉ်းဥက္ကဌကို ရာထူးမှ ရာသက်ပန်ထုတ်ပယ်

From : ..SMMK
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ
အဖွဲ့ဥက္ကဌမှ အိမ်အကူအမျိုးသမီးအား အဓမ္မကျင့်သည်ဟု
ဆိုကာ အဖွဲ့အစည်းဂုဏ်သိက္ခကျဆင်းစေသောကြောင့်
 ဥက္ကဌရာထူးမှ ရာသက်ပန်ထုတ်ပယ် လိုက်ကြောင်း မြန် မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ မှ သိရှိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ ဥက္ကဌမှာ ကျောက်တံတားမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင်

အိမ်အကူအမျိုးသမီးအား ၂၀၁၄ ခုနှစ် မေလအတွင်းက အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ သိရှိရသည်။
အလားတူ လွန်ခဲ့သောခြောက်နှစ်ခန့်က ဥက္ကဌ ဦးမောင်မောင်သန်းသည် ကျောက်တံတား နယ်မြေ မှာ အလို မတူဘဲ ကာမလိမ်လည်ရယူမှုဖြင့် အမှုရင်ဆိုင်ခဲ့ရပြီး ငွေကြေးချမ်းသာမှုနှင့် အိမ်အကူအမျိုးသမီးအား မဟုတ်ကြောင်း ထွက်ဆိုခိုင်းကာ လွတ်မြောက်ခဲ့သည် ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ အတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က ပြောသည်။
"ကျွန်တော်တို့က ဒီအမှုမှာပါဝင်ပတ်သက်တဲ့ အရာရှိငယ်အချို့ကို ဒါကိုနိုင်ငံတော်ကိုတင်ပြ ထား ပါတယ်၊ အမှုမှန်ပေါ်ပေါက်ပြီး လွတ်လပ်တရားမျှတတဲ့ စုံစမ်းမှုဖြစ်ဖို့ နောက်ပြီး ဇူလိုင်လ (၁၀) ရက်နေ့က ဦးမောင်မောင်သန်းကို တရားရုံးရှေ့မှောက်ရောက်ဖို့ နိုင်ငံတော် သမ္မတ၊ပြည်သူ့ လွှတ်တော် ဥက္ကဌ၊ ပြည်ထဲရေး ၀န်ကြီးကို တင်ပြတောင်းဆိုလိုက်ပါပြီ။"ဟုဦးရဲထွဋ်ကပြောသည်။

ထို့အပြင် ဇူလိုင်လ ၁၄ ရက်၂/၂၀၁၄ဖြင့် အချက်ငါးချက်ကိုတောင်းဆိုလိုက်ပြီး အဆိုပါ အချက် များမှာ ပြစ်မှုကျူးလွန်သည့် ဦးမောင်မောင်သန်းအားထိရောက်စွာအရေးယူရန်၊ ဦးမောင်မောင် သန်း ကိုင်ဆောင်သည့် တခြားသူ၏မှတ်ပုံတင်ဖြစ်သည့်အတွက် စစ်ဆေးပေးရန်၊ အမှုမှန်မပေါ် မခြင်းနိုင်ငံခြားသွားလာခွင့်ပိတ်ပင် ပေးရန်၊ ဦးမောင်မောင်သန်းကို ဖမ်းဆီးပေး ရန်၊ စုံစမ်း စစ်ဆေးရေး အဖွဲ့ဖွဲ့စည်းပေးဖို့ကို အဆိုပါ သတင်းစာ ရှင်းလင်းပွဲ၌တောင်းဆိုခဲ့ကြောင်း ကိုလည်း သိရသည်။
 “ ဦးမောင်မောင်သန်းကို အမှုဖွင့်ထားတာ ဟုတ်ပါတယ်၊ ဘယ်ပုဒ်မနဲ့အမှုဖွင့်ထားတယ် ဆိုတာ ကို ပြောပိုင်ခွင့် မရှိပါဘူး။" ဟုဗိုလ်တထောင်မြို့မရဲစခန်းမှတာဝန်ကျ ဒုရဲအုပ် သီဟစိုးက ပြော သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသမားဟောင်းများ အဖွဲ့အနေဖြင့် နိုင်ငံရေးအကျဉ်း သားဟောင်းများ၊ နိုင်ငံရေး ဆောင်ရွက်နေသူများ၊အလုပ်သမားအရေး၊ လယ်သမား အရေးဆောင် ရွက်နေသူများကို ဦးမောင်မောင်သန်း ၏ကိုယ်ပိုင်ငွေဖြင့် ထောက်ပံ့မှုများပြု လုပ်ပေးလျက်ရှိသည်။

ဦးမောင်မောင်သန်းကို ဥက္ကဌရာထူးမှ ဖယ်ရှားလိုက်ပြီး ထောက်ပံ့မှုများကို ဗဟိုအလုပ် အမှုဆောင် (၅)ဦး၏ ကိုယ်ပိုင်ဝင်ငွေဖြင့် ဆက်လက်ထောက်ပံ့ သွားမည်ဖြစ်ကြောင်း မြန်မာနိုင် ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့မှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးမောင်မောင်သန်းထံသို့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍မရ ခဲ့ပေ။ နိုင်ကျဉ်းများအကြောင်း ဆက်ဖတ်ရန် http://www.myanmarexpress.net/search/label/%E1%80%98%E1%80%AC%E1%80%9C%E1%80%B2%E1%80%9F%E1%80%B2%E1%82%94%20%E1%80%94%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8

No comments:

Post a Comment