Wednesday, July 16, 2014

ရေကြီးနိုင်သည့်အလားအလာများရှိနေသောကြောင့် ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်းမြို့နယ် တို့၌ ကြိုတင်ကာကွယ်မှုများပြုလုပ်သင့်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း မြို့နယ်များတွင် ယခုလ ၂ဝ ရက်မှ ၃ဝ ရက်အထိ ရေကြီးနိုင် သည့်အလားအလာများရှိနေသော ကြောင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒဌာနမှ ဒုတိယညွှန် ကြားရေးမှူးဦးချစ်ကျော်က ပြည် ထောင်စုနေ့စဉ်သို့ ပြောသည်။
ယခုအချိန်တွင် စစ်ကိုင်းနှင့် ခန္တီးတို့တွင် မိုးများပိုမိုရွာသွန်းနေ သောကြောင့် အပေါ်မြစ်ရိုးဘက် တွင် စိုးရိမ်ရေမှတ်သို့ မရောက်ရှိ သေးသော်လည်း ၄င်းရေများသည် ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း မြို့နယ်များသို့ ရောက်ရှိလာပြီး ယခုရက်ပိုင်းအတွင်း ရွာသွန်းထား သည့် မိုးရေအခံနှင့်ဆိုလျှင် ရေ အနည်းငယ်များလာနိုင်ပြီး လယ် ကွင်းများထဲသို့ ရေများဝင်ရောက် လာနိုင်ကြောင်း ဦးချစ်ကျော်က ခန့်မှန်းသည်။
''သတိပြုရမယ့်အချက်က တော့ အခုလယ်သမားတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ ဒေသ မှာက စပါးစိုက်လောက်အောင် မိုးမရွာဘူး။ ဒါပေမယ့် အောက်မှာ က ရေတက်လာတယ်။ အဲဒီလိုဖြစ် နေတယ်။ အခုအချိန်ကတော့ အပေါ်ကရေက လာနေတဲ့အတွက် သူတို့အနေနဲ့ကတော့ ချက်ချင်း ရုတ်တရက်ကြီး ဘေးအန္တရာယ် ကျရောက်တာမျိုး မဟုတ်ဘူး။ ရေက တဖြည်းဖြည်း သူတို့ဒေသ မှာ များလာတယ်။ အဲဒီ့အချိန်မှာပဲ သူတို့ဒေသမှာ ထပ်ပြီးတော့ မိုး သည်းထန်စွာရွာသွန်းတယ်ဆိုရင် တော့ ရေမြုပ်သွားမယ်။ ရေမြုပ် တာကို ကာကွယ်ဖို့အတွက်ကျ တော့ပန်းတာဘာတွေ လုပ်ရမှာ ပါ'' ဟု ၄င်းကဆိုသည်။
အဆိုပါပန်းတာများကို နွေ ရာသီကာလကတည်းကမှနေ၍ ရေနစ်မြုပ်တတ်သော နေရာများကို လေ့လာကာ ကြိုတင်ပြုလုပ်ထား ရမည်ဖြစ်ကြောင်း၊ ယခုချက်ချင်း ပန်းတာပြုလုပ်မည်ဆိုလျှင် ရေရှိ နေသောကြောင့် ၄င်းအစား သဲ အိတ်များသာ အသုံးပြုရတော့မည် ဖြစ်ကြောင်း၊ ထိုဒေသခံများအ တွက် သဲအိတ်များ ကြိုတင်ဆောင် ထားရန် အကြံပြုလိုကြောင်း ၄င်း က ဆက်လက်ပြောကြားသည်။
''နောက်တစ်ချက် တခြား သတိပြုဖို့ဆိုရင်တော့ ဒီလိုရေလျှံ တယ်ဆိုရင်ြေ>ွမအန္တရာယ်ရှိတာ ပေါ့။ အဲဒါကြောင့် ကိုယ့်ဒေသနဲ့ ကိုက်ညီတဲ့ြေ>ွမဆိပ်ဖြေဆေးတွေ ကို သက်ဆိုင်ရာကျန်းမာရေးဌာန တွေမှာ စုစုစည်းစည်း ပြင်ဆင် ထားဖို့လိုပါတယ်။ ဒါမှအရေးပေါ် အခြေအနေကျရင် ဆေးဝါးအင် အားနဲ့ အသက်အန္တရာယ်ကို ကယ် တင်နိုင်မှာဖြစ်ပါတယ်''ဟု ဦးချစ် ကျော်က ပြောသည်။
ယခုလက်ရှိ မွန်၊ တနင်္သာရီ၊ ပဲခူး၊ ရခိုင်၊ ရန်ကုန်၊ ဧရာဝတီ၊ ထားဝယ်နှင့် မြိတ်တို့တွင် ရေကြီး နေခြင်းသည် ဒီရေထချိန်တွင် မိုး သည်းထန်စွာရွာသွန်းနေခြင်း ကြောင့်ဖြစ်ပြီး ထပ်မံ၍ သုံးလက်မ နှင့်အထက် မိုးပိုမိုရွာသွန်းနေမည် ဆိုလျှင် ဆက်လက်၍ ရေကြီးမှု များ ဖြစ်ပေါ်နိုင်ကြောင်း၊ သို့သော် သုံးရက်လောက်ကျော်သွားလျှင် ရေပြန်ကျနိုင်ပြီး၊ ရေတက်ရေကျ သည်လည်း ရေပြန်သေသွားနိုင် ကြောင်းသိရသည်။
''လပြည့်ကျော် ၄ ရက်၊ ၅ ရက်လောက် အင်္ဂလိပ်လနဲ့ဆို ၁၆၊ ၁၇၊ ၁၈ ရက်ဆိုရင် ရေပြန်သေ သွားမယ်။ သုံးရက်အထိက ရေထ တယ်။ အဲဒီတော့ဒီရက်တွေဆိုရင် ကမ်းရိုးတန်းမှာ ရေကြီးတာလျော့ သွားမယ်။ ပင်လယ်ထဲကို ရေတွေ ပြန်ဆင်းသွားမှာပေါ့လေ။ အပေါ် ကနေ ဒီဧရာဝတီမြစ်ဘေးက စစ်ကိုင်းနဲ့ ခန္တီးတို့ဘက်မှာ အခု မိုးတော်တော်ရွာနေတယ်'' ဟု ၄င်းက ထပ်မံပြောကြားသည်။

The Union Daily

No comments:

Post a Comment