Tuesday, July 15, 2014

သမ္မတကြီးနဲ့ တွေ့ဆုံခဲ့သည့် အနုပညာရှင်များထံမှ ၀မ်းသာ ပီတိရင်ဖွင့်သံများ

သမ္မတဦးသိန်းစိန်အနေနဲ့ ရုပ်ရှင်လော ကသားတွေနဲ့ တွေ့ဆုံချိန်မှာ ပွင့်လင်း ရိုးသားစွာနဲ့ပြောဆိုဆက်ဆံ မှုတွေကြောင့် အဆိုပါတွေ့ဆုံပွဲဟာ ရုပ်ရှင်လောက သားတွေအတွက် များစွာအကျိုးရှိခဲ့ပါတယ်။ ဒါ့အပြင် တွေ့ဆုံပွဲမှာ ဘူဖေးကျွေးတာအချိန် သမ္မတကြီး ကိုယ်တိုင်အနုပညာရှင်တွေ ကို ဘူဖေးထည့်ဖို့ ဗန်းတွေယူပေးပြီး သူကိုယ်တိုင်ကတော့ နောက်ဆုံးမှ
ကိုယ်တိုင် စားသောက်စရာတွေထည့်ယူ စားသောက်ခဲ့ပါတယ်။ သမ္မတကြီးရဲ့ မာနမရှိပကတိ ရိုးသားတည်ကြည်မှုတွေအပေါ် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတဲ့ အနုပညာရှင်တွေဟာသမ္မတ ကြီးအပေါ် လေးစားရိုသေမှုတွေ တိုးပွားလာခဲ့တယ်လို့ ပွဲကို တက်ရောက်ခဲ့တဲ့ အနုပညာရှင်
တစ်ဦးက ဆိုပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ဟာ  နိုင်ငံတော်၏ပံ့ပိုးမှုအနေဖြင့် ပြင်ဦးလွင်မြို့၌ ဧက(၂၀)ရှိသည့် နေရာကိုရုပ်ရှင်စတူဒီယိုဆောက်လုပ်နိုင်ရန် ပေးအပ်သွားမည့်အပေါ်လည်း  ကျေး ဇူးတင်ရှိပါတယ်လို့ ဆိုကြပါတယ်။
ရုပ်ရှင်၊ ဂီတ၊ သဘင်လောက ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များ ပထမဆုံး အကြိမ် တွေ့ဆုံပြီးနောက် အနုပညာရှင်များ၏ ရင်ဖွင့်စကားသံကို ဖော်ပြပေး လိုက်ပါသည်။
သဘင်အစည်းအရုံး အတွင်းရေးမှူး ဒေါ်နွဲ့နွဲ့စန်း
====================
သဘင် လောကသားတွေ ကောင်းစားဖို့၊ သဘင်လောကကြီး မြင့်မားဖို့၊ သဘင်လောကသားတွေ စည်းကမ်းရှိဖို့က နိုင်ငံတော်က မပံ့ပိုးရင်ဘာမှလုပ်လို့မရဘူး။နိုင်ငံတော်က ပြဋ္ဌာန်းထားတာနဲ့ အမေတို့ပူးပေါင်းမှသဘင်လောက ကိုကိုင်လို့ရမယ်။ သဘင်လောက က သားသမီးများက ခေတ်ပ ညာ တတ်မရှိ တဲ့အတွက်ပညာရေးဖောင်ဒးရှင်းအကြောင်းပြောမယ်။ ပွဲမိန့် တည်ထောင်ခွင့် ဥပဒေ ပါတော့ ဒီကိစ္စနိုင်ငံတော်ကို တင်ပြမယ်။
သရုပ်ဆောင်နေတိုး
==============
သမ္မတကြီးသိအောင် လောက အကြောင်း တိုက်ရိုက်ပြောခွင့်ရ တော့ သမ္မတကြီးပံ့ပိုးကူညီရ မှာ တွေကို မြင်သွားတော့ ကျွန်တော် တို့အတွက်ရော အနုပညာလောက သားတွေအတွက် ထိရောက်မှုပိုရှိ တယ်လို့ မြင်ပါတယ်။ သမ္မတကြီး ပြောသွားသလို လောလောဆယ် လုပ်လို့ရတဲ့ အတိုင်းအတာနဲ့စ မှာပေါ့။ သမ္မတကြီး ပြောသွားတဲ့ အပေါ် ကျေနပ်မှုရှိပါတယ်။
ဦးဝင်းနိုင်(အနုပညာ)
===============
သမ္မတကြီးပြောသွားတဲ့ အနု ပညာလောကနဲ့ အစောကြီးတွေ့ရင် သိပ်ကောင်းမှာပဲဆိုတဲ့ စကား တစ် ခွန်းကို ကြားလိုက်ရပါတယ်။ ဖြစ် ပျက်နေတဲ့အကြောင်းအရာကိုသူကြို မသိထားဘူးလို့ဆိုတဲ့ အဓိပ္ပာယ် ကို ဆောင်တယ်လို့ယူဆပါတယ်။ ရင်ထဲမှာအောင်းနေတဲ့ အဖွဲ့အစည်း သုံးခုရဲ့ စကား လုံးလေးတွေထုတ် ခွင့်ရလို့ ကျေနပ်မှုရှိတယ်လို့ပြော လို့ရပါတယ်။
အဆိုတော်စည်သူလွင်
=================
ကိုယ်ကဂီတဘက်ကပေမယ့် အားလုံးက အနုပညာသမားတွေ၊ အတူတူပါပဲ။ အနုပညာလောက ကြီးအတွက် အကျိုးအမြတ်ရှိမယ် ဆိုရင် ဘယ်သူမဆိုပြောဆိုဆွေး နွေး နိုင်ပေမယ့် ကျွန်တော် ကတော့ ဝင်ပြောမှာမဟုတ်ပါဘူး။ ကျွန်တော် က လူငယ်တစ်ယောက်ဖြစ်တော့ ကျွန်တော့်ထက် တတ်သိနားလည် တဲ့သူတွေရှိပါတယ်။သူတို့ဆွေးနွေး ပါလိမ့်မယ်။ အနုပညာ အရည် အသွေးကောင်း လာရင်ကိုယ့်နိုင်ငံရဲ့ ဂုဏ်ကို မြှင့်တင်ပေးရာရောက်ပါ တယ်။ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အနုပညာအရည်အသွေး ကျွန်တော် တို့နိုင်ငံက မညံ့ပါဘူး။ ဒါပေမယ့် လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်တွေကအများကြီး စကားပြောနေပါတယ်။အဲဒါလေး တွေရလာရင် အားလုံးနဲ့ ရင်ပေါင် တန်းနိုင်ပါတယ်။ အခွင့်အရေး တစ်ရပ်လို့ မြင်ပါတယ်။

No comments:

Post a Comment