Wednesday, July 23, 2014

အပြစ်မရှိဟု မီဒီယာအချို့အော်နေသော်လည်း လိပ်ပြာမလုံကာ ထွက်ပြေးသွားသည့် သိက္ခာမဲ့ မီဒီယာသမား Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေသူလင်မယားနှင့် မိတ်ဆွေတို့ကို ထိုင်းနိုင်ငံတွင် ထပ်မံဖမ်းဆီး

Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်တိုက်ပိုင်ရှင် လင်မယားနှင့် မိတ်ဆွေတို့ကို ထိုင်းနိုင်ငံတွင်
ထပ်မံ ဖမ်းဆီးခံခဲ့ရကြောင်း အဆိုပါဂျာနယ်မှ
 သတင်းထောက်ချုပ် ကိုသိန်းမင်းအောင်က 
အတည်ပြုပြောကြားသည်။
ဇူလိုင် ၁၆ ရက်က Bi မွန်းတည့်နေ ဂျာနယ် တိုက်ပိုင်ရှင် ဦးကျော်မင်းခိုင်နှင့်ဇနီး ဒေါက်တာ အိအိစံတို့သည် ထိုင်းနိုင်ငံ မဲဆောက် မြို့ရှိ ၄င်းတို့၏မိတ်ဆွေ ဦးယဉ်မင်းထွန်း၏ နေအိမ် သို့ ရောက် ရှိနေကြစဉ် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်ကြောင်း ကိုသိန်းမင်းအောင် က ပြောကြားသည်။
“ထိုင်းနိုင်ငံမှာ အဖမ်းခံရတယ်ဆိုတာတော့ သေချာပါတယ်။ ဒါပေမဲ့ ဘယ်မှာဖမ်းတယ်။ အခု ဘယ်ရောက်နေတယ် ဆိုတာလည်း မသိဘူး။ ဘယ်သူ့ကိုမှလည်း မေးလို့မရဘူး။ ကျွန်တော်တို့ဆီကို သတင်းမရောက်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ ပထမဖမ်းဆီးခံထားရတဲ့ အယ်ဒီတာတွေကို ရုံးထုတ်မယ့် ဇူလိုင် ၂၂ ရက်ကျရင်တော့ တစ်ခုခုသိခွင့်ရမှာပါ”ဟု ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် ဖမ်းဆီးခံရသည့် ဂျာနယ်ထုတ်ဝေသူ ဒေါက်တာအိအိစံ၏ ဖခင်ဖြစ်သူ ဦးသန့်တင်က “အဖမ်းခံရတယ်ဆိုတာ ဟုတ်ပါတယ်။ အခုစစ်ကြောရေးမှာ ရောက်နေတယ်။ စစ်နေတုန်းပဲလို့ သိရတယ်။ အမှုတော့ မဖွင့်ရသေးဘူးလို့ကြားတယ်။ ကျွန်တော်လည်း ဒီလောက်ပဲသိတယ်” ဟု ပြောကြားသည်။

ဇူလိုင် ၇ ရက်က ဖြန့်ချိခဲ့သောBiမွန်းတည့်နေဂျာနယ် မျက်နှာဖုံးတွင် ဖော်ပြခဲ့သည့် သတင်းတွင် ပါဝင်သော ပြည်သူများအထင်မှားစေကာ နိုင်ငံရေးမတည်မငြိမ်ဖြစ်စေမည့် အကြောင်းအရာ များနှင့် ပတ်သက်၍ မွန်းတည့်နေဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်းအောင်နှင့် အယ်ဒီတာ အဖွဲ့ဝင်များဖြစ်သော ကိုဝင်းတင်၊ ကိုရဲမင်းအောင်တို့ကို ရဲသတင်းတပ်ဖွဲ့မှ ဇူလိုင် ၈ ရက် နံနက် အစောပိုင်းတွင် ၎င်းတို့သုံးဦး၏ နေအိမ်များမှ လာရောက်ခေါ်ဆောင်သွားခဲ့ ပြီး ဇူလိုင် ၉ ရက်တွင် ယင်းသတင်းရေးသားသူ ကိုမင်းဝသန်ကိုပါ ထပ်မံခေါ်ဆောင်သွား ခဲ့သည့်နောက်တွင် ယခုကဲ့သို့ ဂျာနယ်ထုတ်ဝေသူ လင်မယားနှင့် မိတ်ဆွေတို့ကိုပါ ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူ ၇ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသော အယ်ဒီတာများနှင့် သတင်းထောက်ကို ၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှုအက် ဥပဒေဖြင့် ပန်းဘဲတန်းရဲစခန်း၌ အမှုဖွင့်ထားပြီး ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်များတွင် စတင်ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment