Monday, July 21, 2014
မန်းလေး ဖြစ်စဉ်ကို …. မရှင်းမလင်း ဖြစ်နေသူတွေအတွက် … နားလည်လွယ်အောင် ပြန်ရေးပေးတာပါ ….
မဖြူဖြူမင်း ရဲ့ ယောက်ျား နာမည်က ….မင်းသူရဇော် (ခ) နိုမိုဟာမက် ဖြစ်ပါတယ် …
မင်းသူရဇော်ဟာ သူ့ အဒေါ် ဒေါ်ခင်မာလွင် နဲ့  အတူ …မူးယစ်ဆေးဝါးအမှုနဲ့  ဖမ်းခံနေရရာက...
၁၀.၄.၂၀၁၄ မှာ မန်းလေးခရိုင် တရားရုံးက …ထောင် ၁၆ နှစ် ချလိုက်ပါတယ် ….
ခရိုင် တရား ရုံး စာရေးကြီး ဦးတင်မောင်ဝင်းက အမှုဖွင့်ပါတယ် …
အဲလိုဖွင့်တာကို မကျေနပ်တဲ့ အတွက် ….ရဲထွတ် တို့ အုပ်စုက …မင်းသူရဇော် ရဲ့ ညီမကို သင်ပေးပြီး …စာရေးကြီး ဦးတင်မောင်ဝင်းကို မုဒိန်းမှု နဲ့  ….ပြင်ဦးလွင် မှာ လီဆယ် အမှုဖွင့်ခိုင်းခဲ့ပါတယ် …
--------------------------
-------------------------------------
တစ်ခါ ဘာထပ်ဖြစ်လဲ ဆိုတော့ …မန်းလေး စစ်ကိုင်း လမ်းခွဲ မှာနေတဲ့  ဟာဂျီထွန်းထွန်းဟာ …
၉.၅.၂၀၁၄ ရက်နေ့ မှာ …သူ့ ကြက်ခြံက ၀န်ထမ်း ကောင်မလေးကို …မုဒိန်းကျင့်လို့  စစ်ကိုင်းရဲစခန်းမှာ အမှုဖွင့်ခံရပါတယ် …
အဲဒီ ဟာဂျီထွန်းထွန်းဟာ …မန်းလေး ဆန်းကဖေး က ဆန်းမောင် …နေကဖေး က နေ၀င်း တို့ နှစ်ယောက်နဲ့  ….မတည့်ပါဘူး ….
သူ ပြသနာတက်တာဟာ ….အာ့ နှစ်ယောက် မြှောက်ပေးလို့  လို့  ….ယူဆခဲ့ပါတယ် …
ဒါကြောင့် ဒီနှစ်ယောက်ကို အမှုပြန်ဆင်ပေးဖို့  ….အပေါ်အမှု က ...အမှုပွဲစား ရဲထွတ်ကို အကူအညီတောင်းပါတယ် ….
ရဲထွတ်က …အပေါ် မူးယစ်ဆေးဝါးမှုက တရားခံ ….မင်းသူရဇော် ရဲ့ မိန်းမ မဖြူဖြူမင်းကို …
ပိုက်ဆံ ဆယ်သိန်းပေးပြီး ….ဆန်းကဖေးက အလုပ်သမား မစိုးစိုးဆိုတဲ့  နာမည်လိမ် နဲ့  …
ပျဉ်းမနား ရဲစခန်းမှာ …နေ၀င်း နဲ့  ဆန်းမောင် ကို …မုဒိန်းမှု နဲ့  လိမ်ညာ အမှုဖွင့်ခိုင်းလိုက်ပါတယ် …
ပြသနာကတော့ ဒါပါပဲ …လက်ရှိ မှာ တရားခံ သုံးဦး .....ထွက်ပြေးတိမ်းရှောင်နေပါတယ်
ကျန်တဲ့ သူတွေ အားလုံးမိထားပါပြီ ….. ။ ။
From:Ye Moe
No comments:
Post a Comment