Saturday, July 19, 2014

NLD ပါတီ ဘာတွေ မှားနေသလဲ (မောင်မောင်ကိုကြီး၊ The Messenger ဂျာနယ် အတွဲ(၅) အမှတ်(၇)

From : .. messenger
ကြံ့ခိုင်ရေးပါတီကို အနုလုံပဋိလုံ လေ့လာသုံးသပ်ပြီးတဲ့သကာလ ဒီမိုကရေစီအင်အားစုများ ရဲ့ မျှော် လင့် ချက်အားလုံးကို ထမ်းပိုးထားတဲ့ NLD ပါတီကို လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။ ပထမဆုံး တွေ့မြင်ရ တာကို ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို သုံးသပ်ခြင်း ဆိုတာက ပိုပြီး မှန်ကန်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ NLD ပါတီဟာ ၀မ်းလေဒီရှိုးနဲ့ ဒိုးနေတဲ့ ပါတီ
ကြီး ဖြစ်နေတဲ့အတွက်ပါပဲ။ဒါဟာNLDပါတီရဲ့ပထမဆုံးသောအားနည်းချက် ဖြစ်နေပါတယ်။ 
 ဒေါ်အောင်ဆန်းစုကြည်ကိုသူ့ဖခင်ဗိုလ်ချုပ် အောင်ဆန်းနဲ့ယှဉ်ကြည့်ရင်ဒီအချက်မှာ တော်တော်လေး ကွာခြားနေတာကို သတိပြုဖို့ လိုပါ တယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုကို ပြန်ပြီး သုံးသပ်ကြည့်ရင် နိုင်ငံရေးအတွေးအခေါ်ပိုင်းမှာ သခင်စိုး၊ သခင်သန်းထွန်းတို့လို ထက်မြက်တဲ့သူတွေ ရှိခဲ့ပါတယ်။ အုပ်ချုပ်ရေးအပိုင်းမှာ အတွေ့ အကြုံ ရင့်ကျက် ပြီး တည်ငြိမ်တဲ့ ဒေါက်တာဘမော်တို့လို၊ ဆရာကြီး ဦးရာဇတ်တို့လို၊ မန်းဘခိုင် တို့ လို လူကြီး ပိုင်းတွေ ရှိခဲ့ပါတယ်။ တပ်ပိုင်းဆိုင်ရာကိစ္စတွေကိုကြည့်ရင်လည်း ဗိုလ်မှူးဘထူး တို့လို အခြေအနေအချိန်အခါနဲ့ အညီ ဆုံးဖြတ်နိုင်တဲ့စစ်ခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်နေ၀င်းတို့လို တပ်မတော်ကို စနစ်တကျ စုစည်းနိုင်တဲ့ စစ်ခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။ နိုင်ငံရေးအပိုင်း မှာတော့ သူ့ထက်သူ လူစွမ်းကောင်းတွေ လို့ဆိုရမလောက်အောင် ခေတ်ပြိုင်နိုင်ငံရေးသမားတွေ  ရှိ ပါတယ်။ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်းကို ပြန်ပြီး ထောက်နိုင်တဲ့၊ ပြန်ပြီးထိန်းညှိနိုင်မယ့် အခြားခေါင်းဆောင်တွေ ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစု ကြည်ကို ပြန်ပြီးထောက်နိုင်တဲ့၊ ပြန်ပြီး ထိန်းညှိနိုင်မယ့် အခြားသော ခေါင်းဆောင်တွေ ရှိမနေတော့ပါဘူး။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပါတီကို ပြုပြင်ပြောင်းလဲရာ မှာ ဒေါ်အောင် ဆန်း စုကြည် အကြွင်းမဲ့အာဏာတည်စေတဲ့ ပါတီဖွဲ့စည်းပုံကြီး ဖြစ်ပေါ်လာ ခဲ့ပါ တယ်။ ဒီဖွဲ့စည်း ပုံအရ NLD ပါတီ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်သွေး၊ တစ်သံ၊ တစ်မိန့် နဲ့ လည်ပတ်နေရတဲ့ ပါတီ အဖြစ်ကို ပြောင်းလဲရောက်ရှိလာခဲ့တာကိုတွေ့ရှိရပါ တယ်။ အောက် မှာရှိတဲ့ CC တွေ အသံမထွက်ရဲသလို အထက် မှာ ရှိတဲ့ CEC တွေ အသံမထွက်ရဲတာကလည်း ထူးခြားထင်ရှားလှတဲ့ ၀ိသေသလက္ခဏာ လို့တောင် ပြောရမှာဖြစ်ပါတယ်။ အခုဆိုရင် ကြံ့ခိုင်ရေး ပါတီက အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ၊ အချိုးကျ ကိုယ်စားပြုစနစ် စတဲ့ နှောင်ကြိုးတွေကို တစ်ရစ်ချင်း တစ်ရစ်ချင်း တင်းပြီး ထူးခတ်လာနေပြီ ဖြစ်ပါ တယ်။ မလှုပ်နိုင် မရှားနိုင် အနေ အထားကနေ မရှုနိုင် မကယ်နိုင်အနေအထားကို ရောက်ရှိဖို့ မဝေး တော့ဘူး လို့ပဲ ပြောရမှာ ဖြစ် ပါတယ်။
ဘာတွေ မှားခဲ့သလဲ
ပထမဆုံး အမှားကတော့ နိုင်ငံတော်သမ္မတ ဖြစ်ချင်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူသိ ထင်ရှား ထုတ်ဖော် ပြောကြားမှုပါပဲ။ ဒက်စ်မွန်တူးတူးနဲ့ အပြန်အလှန်ပြောဆိုခဲ့ချိန်မှာ ပထမဆုံး ထွက် ပေါ်လာခဲ့တဲ့ နိုင်ငံရေးရည်မှန်းချက် ဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်လို ဒီမို ကရေစီသူရဲ ကောင်း၊ လူထုခေါင်းဆောင်တစ်ဦးအနေနဲ့ ဒီလို ရည်မှန်းချက်မျိုး ဘာကြောင့်မထား ရမှာလဲ၊ဒီလိုပြောတာမှားတယ်လို့ဘာဖြစ်လို့ ပြောတာလဲ မေးစရာရှိနေပါတယ်။မှန်ပါတယ်။  မေး

စရာ ထောက်စရာ ဖြစ် နေပါလိမ့်မယ်။ အဲဒါကို ဆက်လက်ပြီး ရှင်းပြလိုပါတယ်။
နိုင်ငံတော်သမ္မတ ဖြစ်ချင်တယ် ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ ပန်းတိုင်းကို သူ့ဘာ သာ သတ်မှတ်လိုက်ခြင်း ဖြစ်ပါတယ်။ NLD ပါတီဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ရာကို တစ်သွေးတစ်သံတစ်မိန့် လိုက်နာနေရတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်လေတော့ ပါတီလှုပ်ရှားမှု၊ ပါတီ မဟာဗျူဟာ၊ ပါတီစည်းရုံးမှု အစရှိတဲ့ လုပ်ဆောင်ချက်အားလုံးဟာလည်း သမ္မတ ဖြစ်ရေးအတွက်ကိုပဲဦးတည်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပမီဒီယာတစ်ခု

နဲ့အင်တာဗျူးတစ်ခုမှာ မေးတာ တွေ့ရပါတယ်။ကမ္ဘာပေါ်မှာဘယ်နိုင်ငံရေးသမားကမှသမ္မတ  ဖြစ် ချင်တယ်၊ ၀န်ကြီးချုပ် ဖြစ်ချင်တယ် ဆိုပြီး ပြောကြတာ မရှိသေးပါဘူး၊ ဒေါ်စုအနေနဲ့ ဘာဖြစ်လို့ ခုလို ပြောရတာလဲ ဆိုပြီး မေးပါတယ်။ ဒီမှာပဲ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလူတွေ၊ နိုင်ငံရေး သမားတွေ ပြောကြတာ ရှင်ရော ယုံသလား၊ ကျွန်မက တော့ ရိုးသားစွာနဲ့ပဲ သမ္မတ ဖြစ်ချင်တယ် ဆိုတဲ့အကြောင်းကို ပြောပါတယ်။ သမ္မတ ဖြစ်ရင် လူထု အကျိုးကို ပိုပြီး သယ်ပိုးနိုင်မယ် လို့ ယုံ ကြည်တဲ့အတွက် လို့ ပြောပါတယ်။
နိုင်ငံရေးသိပ္ပံမှာတော့ ဒါဟာ Setting the Goal လို့ ခေါ်ပါတယ်။ ပန်းတိုင်ကို သတ်မှတ်လိုက် တာပါ။ ပန်းတိုင်ကို ရောက်ရှိဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ အရင်းအမြစ်တွေ အများကြီးရှိ ပါတယ်။ NLDပါတီ၊ ပြည်ပနိုင်ငံတွေ၊ ပြည်ပအဖွဲ့အစည်းတွေ၊ ပြည်တွင်းမီဒီယာတွေ၊ ပြည်သူတွေ ဆိုပြီး တွက်လိုက်ပုံ ရပါ တယ်။ အဲဒီအတိုင်းပါပဲ NLD ပါတီရဲ့ မဟာဗျူဟာက ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေး တစ်ခု တည်းကိုပဲ အလုံးအရင်းနဲ့ ပုံအောခဲ့တာကို တွေ့ရှိနိုင်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းတိုင်ကိုက မိမိသမ္မတ ဖြစ်ရေး အရင်လာပါတယ်၊
သမ္မတ ဖြစ်မှ ပြည်သူတွေအကျိုးလုပ်ပေးနိုင်မယ် ဆိုတဲ့ နိုင်ငံနဲ့ ပြည်သူအကျိုးက နောက်က လာ ပါတယ်။ ဒီတော့ နိုင်ငံရေးသိပ္ပံအရ မဖြစ်သင့်တဲ့ ပန်းတိုင်သတ်မှတ်မှု ဖြစ်နေပါတယ်။ ပထမ အတ္တ၊ ဒုတိယ ပရ ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရိုနီတွေအပေါ် ထားရှိတဲ့ သဘော ထား အမြင်နဲ့ သွားပြီး ကိုက်ညီနေတာကိုလည်း တွေ့ရှိနိုင်ပါတယ်။
တစ်ချိန်တုန်းက ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ လက်ရှိအချိန်မှာတော့ ပြည်သူ့အကျိုး နိုင်ငံ့အကျိုးအတွက် လုပ်ဆောင်ပြီး အမှား ကို ပြင်ဆင်ခွင့် ပေးရမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒါကိုလည်း ကွယ်လွန် သွား ရှာ ပြီ ဖြစ်တဲ့ ဦးဝင်းတင်က ခရိုနီ၊ ခရိုပြာ၊ ခရိုနက် ဆိုပြီး တင်စား ပြောကြားခဲ့ဘူးပါတယ်။
ဒီနောက်မှာတော့ ရည်မှန်းချက်ကို ရောက်ရှိဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီတစ်ခုလုံး စုစု ရုံးရုံးနဲ့ ချီတက်ကြပါတော့တယ်။ ၀မ်းနည်းစရာကောင်းတာက ခေတ်အဆက်ဆက် နိမ့်ကျခဲ့ရ တဲ့ မြန်မာ ပြည်သူ တွေဟာ NLD ပါတီ လုပ်နိုင်ကိုင်နိုင်၊ ပြောနိုင်ဆိုနိုင်ဖြစ်လာတဲ့ အကျိုးတရား ကို မခံစားရတော့ဘဲ ဒေါ်အောင်ဆန်းစုကြည် ဆွဲခေါ်ရာ သမ္မတအိပ်မက်လမ်းကြောင်းကို လိုက်ခဲ့ ကြရပါတယ်။ တစ်နိုင်ငံလုံး မှာရှိတဲ့ NLD ပါတီဝင်တွေဟာလည်း ဒေါ်စု သမ္မတဖြစ်ရေးအတွက် လုပ်နိုင်သမျှ လုပ်ကိုင်ကြရပါတော့ တယ်။ သမ္မတ ဖြစ်ချင်ရင် ပုဒ်မ ၅၉(စ)ပြင်နိုင်မှ ရမယ် ဆိုတော့ကာ ၅၉(စ)ပြင်ဆင်ရေး ဒို့အရေး ဆိုပြီး တက်တက်ကြွကြွ လုပ်ကြရပါတယ်။ NLD ပါတီထောက်ခံတဲ့ မီဒီယာတွေကလည်း ၅၉(စ) ချက်ချင်းပြင် ဆိုတာမျိုးတွေ လုပ်ပြီး ပံ့ပိုးကူညီ လာခဲ့ကြရပါတယ်။ နောက်ပိုင်းမှာ ၈၈ မျိုးဆက်တွေ ပူးပေါင်းပါဝင်လာခဲ့ ပြီးတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုပြီး လုပ်ဆောင်လာခဲ့တာကို တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးရည်မှန်းချက် သတ်မှတ်မှုကို သုံးသပ်ကြည့်မယ် ဆိုရင် နိုင် ငံတော် သမ္မတ ဖြစ်ရေးအတွက် ဦးတည်ဆောင်ရွက်သွားမယ်၊ ဒီတော့ သမ္မတ ဖြစ်ဖို့ ဦးတည်ဆောင်ရွက်စို့ ဆိုပြီး ဖြစ်လာတယ်။ ဒါက ဘာကို ပြောချင်တာလဲ ဆိုရင် ပြည်သူတွေအနေနဲ့ ဒေါ်စု သမ္မတ ဖြစ်ရင် ဆင်းရဲ တွင်း က ရုန်းထွက်နိုင်မယ်၊ ဒီတော့ သမ္မတဖြစ်အောင် ကူညီကြ ဆိုတဲ့ Message နဲ့ မျှော်လင့်ချက် ကို ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်ပြီး နာမည် ကောင်းရလာတဲ့ ဦးသိန်း စိန် အစိုးရနဲ့ ပတ်သက်လို့လည်း ပြည်ပခရီးစဉ်တွေ သွားရောက်တဲ့အခါမှာအစိုးရရမှတ်တွေ  နှုတ် ယူပေးခဲ့ပါတယ်။ ဒေါ်စု သမ္မတ ဖြစ်မှ ဒီမိုကရေစီရပြီ လို့ ပြောနိုင်မယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး သွယ် ၀ိုက်ပြီး ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကို အကောင်းမမြင်ကြနဲ့၊ လက်ရှိအစိုးရကို သိပ်ပြီး မချီး ကျူးကြနဲ့ ဆိုတာမျိုးတွေလည်း ပြောခဲ့တာ တွေ့ရပါတယ်။ ဒါတွေက ဘာကို ညွှန်းနေတာလဲ ရှင်း ရှင်းလင်းလင်း ဖြစ်အောင် ပြောရရင် ဒေါ်စု သမ္မတဖြစ်မှ မြန်မာနိုင်ငံကို အကောင်းမြင်ကြ ဆိုပြီး   နိုင်ငံတကာကို ပြောနေတာပဲ ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတွေပြီးလို့ ဒေါ်စု သမ္မတ ဖြစ်လာတဲ့ အချိန်ရောက်မှလား စောင့်ကြည့်ကြပါ ဦး ဆိုတဲ့ Message ကို ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအတိုင်းပါပဲ ဒေါ်အောင်ဆန်းစုကြည် လုပ် သမျှဟာ သမ္မတ ဖြစ်ချင်လို့ လုပ်နေတယ် ဆိုတာကို ဖော်ပြနေသလို ဖြစ် လာခဲ့ပါတယ်။ စေ တနာနဲ့၊ လုပ်သင့်လုပ်ထိုက်လို့ လုပ်ဆောင်သော်လည်းပဲ အာဏာရရှိရေးအတွက်ပဲ လုပ်နေတယ် ဆိုတဲ့ အမြင်တွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။

ဒုတိယအမှားကတော့ မဟာဗျူဟာ မိတ်ဖက်ရွေးချယ်မှု မှားယွင်းသွားခဲ့ပါတယ်။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်း တို့ ပါဝါမဏ္ဍိုင်ကြီးတွေပေါ်မှာ ဟိုဘက်ဒီဘက် စီးချင်းထိုးနေချိန်မှာလည်း အလယ် မှာနေပြီး ပါဝါဂိမ်းတွေ ကစားရမယ့်အစား တစ်ဘက်ဘက်ကို အလေးပေး ဦးလှည့်လိုက်တဲ့ အတွက် အခြားတစ်ဘက်နဲ့ ဆက်ဆံ ရေးကောင်း၊ ယုံကြည်မှုတွေ ပျောက်ပျက်သွားခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားရေး မူဝါဒ ကိုလည်း ဒီလိုမျိုးပဲ တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်ကို ကျောခိုင်းပြီး အမေရိကန်နဲ့ အနောက် နိုင်ငံတွေ ကိုပဲ ဦးလှည့်ခဲ့တာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် သတိထားသင့်တဲ့ အချက် တစ်ချက် ထောက်ပြလိုပါတယ်။ အမေရိကန်နဲ့ တရုတ်ဟာ စကားများကြတယ်၊ အငြင်းပွားကြ တယ်။ အချေအတင် ဖြစ်ကြပါ တယ်။ ဒါပေမယ့် ဘယ်တော့မှ စစ်ပွဲကြီးတွေ တိုက်မှာ မဟုတ်ဘူး။ ဒါဟာ ပါဝါနိုင်ငံကြီးတွေရဲ့ အပြန်အလှန် မှီခိုအားထားနေရတဲ့ အခြေအနေ အစစ်အမှန်ပါပဲ။
ဒီလိုပါပဲ။ ဦးသိန်းစိန် နဲ့ ဦးရွှေမန်းတို့ နှစ်ယောက်ဟာ Check and balance ဆိုပြီး ထိမိကြ တာ၊ ငြိမိကြတာတွေ၊ စိတ်ဆိုး ဒေါသထွက် မခေါ်နိုင် မပြောနိုင် ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ ဒါပေ မယ့် အပြုတ်တိုက်ရေးကိုတော့ ဘယ်တော့မှ ချကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ မေးစရာ ရှိပါ တယ်။ သူတို့က တစ်မိတည်းက ဖွားလာ ခဲ့ကြတဲ့ သွေးသောက်တွေပါ။ ရင်းနှီးမှုအပြင် စဉ်းစားတွေးခေါ်မှု၊ သုံးသပ်မှုတွေမှာတော့ အားလုံးနီးပါး ထပ်တူညီကြပါတယ်။ဒီတော့ အစိုးရ နဲ့ လွှတ်တော် အားပြိုင်မှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ဘက်က အပြည့် အ၀ ရပ် တည်ခဲ့ပါတယ်။ အစ်မကြီးနဲ့ ဥက္ကဌကြီး အတွဲအဖက်က ဒီမိုကရက်တစ်တွေအတွက် အား ထားစရာ ဆိုပြီး ခန့်မှန်းခဲ့ကြပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေ ရခဲ့သလဲ ပြန်သုံးသပ်သင့် နေ ပါပြီ။ NLD ပါတီဆိုတာက ပြည်သူလူထုနဲ့ နီးစပ်တဲ့ပါတီကြီး ဖြစ်ပါတယ်။ ဒီလိုပါတီကြီးအတွက် ကြံ့ခိုင်ရေးပါတီကိုမဟာမိတ်စစ်ကူတောင်းစရာလိုပါသလား မေးချင်ပါတယ်။  တောင်းရော

 တောင်းသင့်ပါ သလား။ ပြီးတော့ သူလိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ပြည့်ဝဖို့ ဦးရွှေမန်းက အများကြီး ကူညီပံ့ပိုး ပေးမယ် ဆိုပြီး မျှော်လင့်ထားခဲ့ပုံရပါတယ်။
ဒါပေမယ့် လေးပွင့်ဆိုင်တွေ့ဆုံရေးအတွက် တောင်းဆိုခဲ့ချိန် မှာတော့ ဦးသိန်းစိန်ကို တိုင်တည်ပြီး အရေးဆိုရတဲ့အခြေအနေ ရောက်ရှိလာခဲ့ပါတယ်။ အစိုးရနဲ့ လွှတ်တော်တိုက်ပွဲမှာ လွှတ်တော် ဘက် က ရပ်တည်ခဲ့ပြီးတော့မှ ဦးသိန်းစိန် ကျွန်မကို ကူညီပါ ဆိုတဲ့ သဘောက လက်တွေ့မှာ ခက် ခဲလှပါတယ်။ ဒါဟာ မဟာဗျူဟာမိတ်ဖက် ရွေးချယ်မှု အမှားအယွင်း ကြောင့် ဖြစ်ပေါ်လာခဲ့ရတဲ့ အကျိုးဆက်ပဲ ဖြစ်ပါတယ်။

တတိယအမှားကတော့ လွှတ်တော်ပြင်ပလမ်းကြောင်းကို အားကိုးပြီး လူထုတိုက်ပွဲအ သွင် ဆောင် ဖို့ တည်ခဲ့တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် NLD ပါတီရဲ့ စည်းရုံးလှုပ်ရှား မှုတွေဟာ မမျှော်လင့်ပါဘဲ အမျိုးသားရေးအင်အားစုကြီးတစ်ခုနဲ့ ထိပ်တိုက်တိုးခဲ့ရပါတယ်။ ဒီအင်အားစု ကြီးဟာ ၉၆၉ ကနေ ပြောင်းလဲလာတဲ့ အမျိုးသားရေးအစုအဖွဲ့ ဖြစ်ပြီးတော့   နိုင်ငံ တစ်ဝှမ်းလုံးမှာ ပြန့်နှံ့ တည်ရှိနေခဲ့ပါတယ်။ ဒီမှာပဲ NLD ပါတီဟာ အရပ်ကူပါ လူဝိုင်းပါ ဆိုပြီးတော့ ၈၈ မျိုး ဆက်တွေကို အင်အားဖြည့်တင်း ကူညီပေးဖို့ တောင်းခံခဲ့ရပါတော့ တယ်။ ပြီး တဲ့နောက်မှာတော့ ပုဒ်မ ၅၉(စ)ကနေ ပုဒ်မ ၄၃၆ ကို ပြောင်းလဲပြီး လူထုစည်းရုံးရေးနဲ့ လက် မှတ်ရေး ထိုးရေးကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ကြ ပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်တိုးခဲ့တာက အစိုးရ၊ တပ်မတော် မဟုတ်ဘဲ သီးခြား ရပ်တည်နေတဲ့ အမျိုးသားရေးအင်အားစုကြီး ဖြစ်နေတာကို အထူး သတိပြုကြစေလိုပါ တယ်။
ဘာဖြစ်လို့ ပြောရသလဲ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရေး အာဏာရရှိရေးကို တိုက်ရိုကကန့် ကွတ်နေ ကြတာက ပြည်သူထဲက ပြည်သူတွေပဲ ဆိုတာ် သတိပြုနိုင်ဖို့ ဖြစ်ပါတယ်။ 

(၁) လွှတ်တော် ကလည်း အခြေခံ ဥပဒေပြင်ဆင်ရေးကို လုပ်နေတယ်။ 
(၂) အစိုးရကလည်း ပြင်ဖို့ ပြောနေတယ်။ 
(၃) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြင်ဖို့ ပြောနေတယ်။ 
ဒါပေမယ့်လည်း လွှတ်တော်ကို ဘာမှ ထည့်သွင်း ဝေဖန်ခြင်း မပြုခဲ့ဘဲ ဦးသိန်းစိန်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ကို ဝေဖန်ပြစ်တင်ပြောကြားခဲ့ပြီး စိန်ခေါ်တယ် ဆိုတဲ့ စကားတွေ အ ထိ ပေါက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပံ့ပိုးကူညီနေတဲ့ ကိုမင်းကိုနိုင်ကလည်း လူတွေလမ်းပေါ်ထွက် လာအောင် လုပ်လိုက်ရမလား ဆိုတဲ့သဘောမျိုး ခြိမ်းခြောက်လာခဲ့ပါတယ်။ ဒီမှာပဲ အတော် များများက အထိတ် တလန့်တွေ ဖြစ်သွားကြရပါတယ်။ လူထုက ၈၈ ကို၊ ၈၈ လို အနေအထား မျိုးကို ပြန်မသွားချင်တော့ဘူး ဆိုတာကတော့ သေချာပါတယ်။ မင်းကိုနိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြောကြားချက်တွေအပေါ် ပြန်လည်ဝေဖန်တာတွေ၊ စိုးရိမ်စိတ်နဲ့ တားမြစ်တာတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မင်းကိုနိုင်ကတော့ နိုင်ငံ ရေးအရ အထူးသတိပြုဖို့ လိုပြီ ဆိုတဲ့သဘောမျိုးနဲ့ ကိုကိုကြီး ထွက်ပေါ်လာခဲ့ပါတယ်။ မင်းကိုနိုင်ရဲ့ လွန် သွားတဲ့အရှိန်ကို ၀င်ထိန်းပေးပြီး “တိုက်ပြင်”မဟုတ်ပါ၊ “ပေါင်းပြင်”ပါ ဆိုပြီး ရှင်းခဲ့ရတဲ့အနေ အထားအထိ ဆိုက်ရောက်ခဲ့ရတယ်။ ဒီမှာပဲ အီလစ်တွေ၊ လူလတ်တန်းစားတွေရဲ့ သံသယကို အများအပြား ရရှိလာစေ ခဲ့ပါတယ်။
ကဲ နောက်ဆုံး ပေါ်ထွက်လာတဲ့ ရလာဒ်ကတော့ ထင်ထင်ရှားရှားပါပဲ။ လွှတ်တော်က ပုဒ်မ ၅၉(စ) ပြင်မပေးဘူး။ ရွေးကောက်ပွဲစနစ်ကို ပီအာရ်စနစ်ပြောင်းမယ်။ ၅၉(စ)ကို ပြင်မပေး တာ က ဒေါ်အောင်ဆန်း စုကြည်ကို သမ္မတ ဖြစ်ခွင့် မပေးဘူး လို့ ပြောလိုက်တာပါပဲ။ ပီအာရ်ပြောင်းမယ် ဆိုတာ က NLD ပါတီ လွှတ်တော်ထဲ အများစု ရောက်မလာအောင် တားမယ် ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အစ်မကြီးနဲ့ ဥက္ကဌကြီး မဟာမိတ်ဝန်ရိုးတန်းကတော့ စလယ်ဝင် ဖင်မမည်းခင်က ကွဲပြဲကြလေ တော့သတည်း ဖြစ်နေပါပြီ။
ဒါတွေကို ဒီအချိန်မှာ သုံးသပ်ကြည့်ရင် ဒေါ်စုဟာ ပြည်သူ့အရေးထက် “အာဏာရရေး”ကို လှမ်း ခဲ့တာကြောင့် ဒီလို ဆိုကျိုးတွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကာလမှာ ပြည်သူနဲ့ နိုင်ငံ အတွက် ဘာတွေ အကျိုး ဖြစ်ထွန်းအောင် ဘယ်လောက်အတိုင်းအတာအထိ လုပ်ပြနိုင်ခဲ့သလဲ ဆိုတာ ကြည့်ဖို့ လိုပါတယ်။ အာဏာရရေးအတွက် အရေးကြီးလှတဲ့ ပါတီကို ဦးစားပေး တည်ဆောက်ခဲ့တဲ့အတွက် NLD ပါတီဝင်တွေ နိုင်ငံခြားကို ပျှော်ပွဲစား ထွက်ခွါကြလို့၊ ပြည်ပ အကူ အညီနဲ့ သင်တန်းတွေ တစ်ခုပြီးတစ်ခု ဖွင့်လို့ တွေ့မြင်ရပါတယ်။ တစ်ကယ့်ပြည်သူတွေအတွက် လို အပ်နေတဲ့ ကိစ္စတွေမှာ မစို့မပို့နဲ့ ထောက်ပံ့ နေတာတွေ့ရပါတယ်။ အစိုးရ မဟုတ်လို့ လုပ် မပေးနိုင် တာ ဆိုပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် ပြောရင် လိုက်လုပ်ပေးမယ့် ပြည်ပ မိတ်ဆွေတွေ အများကြီးရှိတယ် ဆိုတာကိုတော့ အနည်းစုပဲ သိထား ကြတာပါ။
လိုအပ်ချက် (၃)ချက်
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွေအများကြီး ပြောခဲ့ပါတယ်။ အမေးအဖြေတွေ အများကြီး လုပ်ခဲ့ ပါတယ်။ အဲဒီများစွာသော ပြောကြားချက်တွေထဲမှာ ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ် သားသား ရှိတာ (၂)ခွန်း ပဲ ရှိပါတယ်။ နံပတ်(၁)က သမ္မတလုပ်ချင်တယ် ဆိုတဲ့စကား။ နံပတ်(၂)ကအခြေခံဥပဒေပြင်ရမယ်ဆိုတဲ့စကား။ ပြန်စဉ်းစားကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်

 ပြောခဲ့သမျှ ဒီ(၂)ခွန်းကလွဲရင် ကျန်တာ တွေကို ဟိုလိုလို ဒီလိုလို၊ ၀ါးတား တား ယောင်တောင်ေ တာင်တွေပဲ ဖြစ်နေတာ တွေ့ကြရပါလိမ့်မယ်။ဒေါ်အောင်ဆန်းစုကြည်ရော NLD ပါ တီရော အဓိ က လိုအပ်ချက် (၃) ခု ရှိနေပါတယ်။
နံပတ်(၁)လိုအပ်ချက်ကတော့(၁)အာဏာရရှိရေး(သမ္မတဖြစ်ရေး)ကို ရှေ့တန်းတင်ထားတာကို 

 ပြောင်းလဲ ပြင်ဆင် ရပါလိမ့်မယ်။ ပြည်သူအများအကျိုးကို ရှေ့တန်းတင် ဆောင်ရွက်ဖို့ အရေး ကြီး လာပါပြီ။ လက်ရှိ အခြေအနေအရ သမ္မတ မဖြစ်နိုင်တော့ဘူး ဆိုတာကို လက်ခံရပါလိမ့်မယ်။
နံပတ် (၂) လိုအပ်ချက်က တော့ NLD ပါတီမှာ ဆုံးဖြတ်ချက် ချမှတ်မှုစနစ်ကို ဒီမိုကရေစီနည်း လမ်း ကျကျ ပြောင်းလဲကျင့်သုံးရ ပါလိမ့်မယ်။ ဗဟိုဦးစီးအာဏာရှင်ပုံစံ ဆုံးဖြတ်ချက်ချတာတွေကို NLD စွန့်လွှတ်ဖို့ အချိန်တန်နေပါပြီ။ ပါတီတွင်း ဒီမိုကရေစီတည်ဆောက်ဖို့ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ CEC တွေရဲ့ တင်ပြချက်တွေ၊ အောက်ခြေပါတီဝင်တွေဆီက တင်ပြချက်တွေကို အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ နားထောင်ဖို့ ကြိုးစား ရပါလိမ့်မယ်။
နံပတ်(၃)လိုအပ်ချက်ကတော့ နောက်လူတွေကို နေရာပေးနိုင်ဖို့ လမ်းတွေ ဖွင့်ပေးရ ပါလိမ့် မယ်။ ဒေါ်အောင်ဆန်းစုကြည် မရှိတော့ရင် NLD ပါတီ အဓိပ္ပါယ် မရှိတော့ဘူး ဆိုတာမျိုး မဖြစ် ရ အောင် ခေါင်းဆောင်တွေ ဆက်တိုက် မွေးပေးရမှာပါ။ ခုလောလောဆယ်မှာတော့ ဒေါ်အောင် ဆန်းစု ကြည် လောင်းရိပ်အောက်မှာပဲ အေးအေးဆေးဆေး လှုပ်ရှားနေတာ ဖြစ်ပါတယ်။
ဒီလောင်းရိပ်ကထွက် ပြီး ပါတီအနေနဲ့ သီးသီးသန့်သန့် ရပ်တည်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ကူညီပေးဖို့ လိုပါတယ်။အားလုံးကို ပြန်ပြီး ခြုံငုံသုံးသပ်ကြည့်မယ် ဆိုရင်တော့
(၁) ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ (လက်ရှိ အနေအထားအရ) လုံးဝ မဖြစ်နိုင်တော့ ပါ ဘူး။
(၂) ဒေါ်အောင်ဆန်းစုကြည် အာဏာရဖို့ထက် NLD အာဏာရဖို့ကိုပဲ အလေးထားပြီး ကြိုးပမ်း ရတော့မှာပါ။
(၃) ဒီအတွက် NLD ရေရှည် ဘယ်ပုံဘယ် နည်း ခရီးဆက်ကြမလဲ ဆိုတဲ့မဟာဗျူဟာတစ်ခု ရေးရ ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိက္ခာရှိတဲ့ လူထုခေါင်းဆောင်ပုံစံမျိုးနဲ့ပဲ နိုင်ငံတော် ကို ထိန်းကျောင်းသွားရမယ့် သဘော ဖြစ်နေပြီ ဆိုတာကို သဘောပေါက်လက်ခံဖို့ပဲ အရေးကြီး ဆုံး ဖြစ်ပါကြောင်းခင်ဗျာ။


. www.MyanmarExpress.net

No comments:

Post a Comment