Saturday, July 19, 2014

လူ ၃၀၀ နီးပါး သေဆုံးခဲ့သည့် မလေးရှားလေယာဉ် ပျက်ကျမှု နောက်ဆုံး သတင်း၊ ဗွီဒီယို နှင့် ဓာတ်ပုံများ

 မလေးရှားလေကြောင်းလိုင်းက နယ်သာလန်နိုင်ငံ အမ်စတာ ဒမ်လေဆိပ်က နေ ကွာလာလမ်ပူကို ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၅ ဦး တင်ဆောင်ပျံသန်းလာတဲ့ ဘိုရင်း ၇၇၇ MH 17 လေယာဉ်ဟာ ယူကရိန်းနိုင်ငံ အရှေ့ဘက်နားမှာ အမြင့်ပေ ၃ သောင်း ကျော်က မနေ့ညပိုင်းက ပျံသန်းနေစဉ် မြေပြင် က ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချလို့ ပျက်ကျသွားခဲ့ပါတယ်။
လေယာဉ်ပေါ် လိုက်ပါလာသူ အားလုံး လည်း အသက်ဆုံးရှုံးသွားခဲ့ကြပါတယ်။ မလေးရှားလေ ယာဉ် ပျက်ကျခဲ့ရတာနဲ့ပတ်သက်ပြီး ယူကရိန်း စစ်တပ်နဲ့ ရုရှားလိုလားသူ ယူကရိန်း သူပုန်တွေက ကြား လေယာဉ်ကို ပစ်ချခဲ့တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ ယူကရိန်း အစိုးရ ကတော့ အကြမ်းဖက်သမားတွေက လေယာဉ်ကို ပစ်ချတာလို့ ပြောပါတယ်။ လေယာဉ်ပေါ် ပါသွား သူတွေ အတွက် ဒတ်ခ်ျနဲ့ မလေးရှားတို့မှာလည်း ဆုတောင်းပွဲတွေ လုပ်နေကြပါပြီ။ အမေရိကန်သမ္မတ၊ ရုရှားသမ္မတ နဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း အသီးသီး လေယာဉ် ပျက်ကျတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ၀မ်းနည်းကြောင်းစကားတွေ ပြောကြပါတယ်။
မလေးရှားလေကြောင်းလိုင်းရဲ့ MH 370 လေယာဉ်တစင်းကလည်း မကြာသေးခင်က ပျောက်ဆုံး သွား ခဲ့ တာ အခုထိ အစအန မရသေးပါဘူး။
မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်ကြီးဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းကေ ကာင်း ကင်ယံမှာ ကြာသာပတေးနေ့က ပေါက်ကွဲပြီး ပျက်ကျ သွားတာဖြစ်တယ်၊ ဒါဟာ မတော် တဆဖြစ်ပြီးပျက်ကျသွားတာမဟုတ်ဖူးလို့အမေရိကန်ဒုတိယသမ္မတဂျိုးဘိုင်ဒင်က ပြောဆိုလိုက်ပါ
တယ်။
ဒီလေယာဉ်ကြီးဟာ ဒုံးကျည် ထိမှန်သွားခဲ့တာဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြော ဆိုကြောင်း VOA ရဲ့ ပင်တာဂွန်စစ်ဌာနချုပ် သတင်းထောက် Jeff Seldin ကပြောပါတယ်။ ဒီ ဒုံးကျည်ကို ဘယ်သူကပစ်လွှတ် လိုက်တယ်၊ ယူကရိန်းနယ်နမိတ်ထဲကလား ဒါမှမဟုတ် ရုရှား နယ် န မိတ်ထဲက လားဆိုတာ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ဆိုပါတယ်။
ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၈ ယောက်ကို တင်ဆောင်လာတဲ့ ဘိုးရင်း ၇၇၇ လေယာဉ် ကြီး ဟာ Amsterdam ကနေ Kuala Lumpur မြို့ကို ပျံသန်း လာတာဖြစ်ပါတယ်။ လေယာဉ် ကြီး ဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk မြို့ အနီးမှာ ပျက်ကျခဲ့တာပါ။
မျက်မြင်သက်သေတွေအဆိုအရ လေယာဉ် ကိုယ်ထည်အစိတ်ပိုင်းတွေ ပစ္စည်းအပိုင်းအစတွေကို မီးလောင်ပြင်ကြီး ထဲမှာ တွေ့မြင်နေရ တယ်လို့ ပြောပါတယ်။ အသက်ရှင်ကျန်ရစ်သူ မရှိဘူးလို့ လည်းဆိုပါတယ်။
ယူကရိန်းအစိုးရကတော့ လေယာဉ်ကို ခွဲထွက်ေ၇း သူပုန်တွေက မြေပြင် ကနေ ဝေဟင်ပစ်ခတ် တဲ့ ဒုံးကျည်နဲ့ ပစ်ချခဲ့တာဖြစ်တယ်လို့ စွတ်စွဲထားပါတယ်။ သူပုန်တွေကလည်း ခရီးသည် တင်လေ ယာဉ်ကို ယူကရိန်း တိုက်လေယာဉ်က ပစ်ချလိုက်တာလို့ ပြောနေပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ ယူကရိန်း သံအမတ်ကြီးကတော့ ဒီလက်ယာဉ်ပျက်ကျမှုမှာ ရုရှားစစ်တပ်က ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ အထောက်ထားကို သောကြာနေ့မှာ ကျင်းပမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်ညီလာခံမှာ တင်ပြမယ်လို့ ပြောဆိုပါတယ်။
 လေယာဉ် ပေါ် မှာ ပါရှိ တဲ့ ခရီးသည့် ၂၉၅ ဦးအနက် ၁၅၄ ဦးက ဒတ်ခ်ျ လူမျိုး တွေ ဖြစ်ပြီး ၊ သြစတေးလျှ ၂၇ ၊ မလေးရှား ၂၃ ဦး ၊ အင်ဒိုနီးရှား ၁၁ ဦးနဲ့  ဗြိတိန် ခြောက် ဦး ၊ ဂျာမန် ငါးဦး ၊ ဖိလစ်ပိုင် သုံးဦး ၊ ကနေဒီးယန်း တစ်ဦးနဲ့  အခြား နိုင်ငံ သား ၄၇ ဦး လိုက် ပါ လာ ကြာ တာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ အိုဘားမား က လေယာဉ် ပစ်ချ ခံ ရ မှု အတွက် လိုအပ် တဲ့အကူအညီ တွေ  ကို ပေးမယ် လို့  ယူကရိန်း သမ္မတ ကို ကမ်းလှမ်းထား ပါတယ်။
ရုရှား သမ္မတ ပူတင် က ရုရှား လုပ် မစ်ဆိုင်း တွေ နဲ့  ခွဲထွက် ရေး သူပုန် တွေ က ပစ်ချ တယ် ဆို တာ အနောက် က ၀ါဒ ဖြန့် တာ သက်သက် ပါ လို့  ပြောပါတယ်။
ယူကရိန်း ကာကွယ်ရေး ၀န်ကြီး ကတော့ လေယာဉ် ဟာ ဒုံးကျ ဉ် နဲ့  ပစ်ချ ခံ လိုက်ရတာ လို့  အစောပိုင်းကတည်း ကထုတ် ဖော် ပြောကြားထား ပါတယ်။
ရုရှားအစိုးရက ထောက်ပံ့ထားလို့ တင့်ကားစတဲ့လက်နက်ကြီးတွေပါရှိနေတဲ့သူပုန် တွေကတော့   လေယာဉ် ပျက် ကို စုံစမ်း စစ်ဆေး မှု တွေ ကယ်ဆယ် ရေး တွေ လုပ် ဖို့  သုံးရက် အပစ်အခတ် ရပ် စဲ ထားမယ် လို့  ဆို ပါတယ်။
ဗြိတိန် အင်ဒီပင်းဒင့် သတင်းစာ က လေယာဉ် ပေါ် မှာ ပါရှိ တဲ့ ကလေး ငယ် ၈၀ ကျော် သေ ဆုံး တယ် လို့  ဆို ပါတယ်။
ဗြိတိန် အစိုးရ က ကုလ ဦးဆောင် တဲ့ စုံစမ်းစစ်ဆေးရေး ကျယ်ကျယ် ပြန့်  ပြန့်  လုပ်ဖို့  တောင်း ဆို ထား ပါတယ်။
ခွဲထွက် ရေး သူပုန် တွေကို တိုက်ခိုက် နေတဲ့ ယူကရိန်း အစိုးရကတော့သူတို့ ရဲ့ စစ်ဆင်ရေး  တွေ မှာ မြေပြင် က နေ ဝေဟင် ပစ် တဲ့ လက် နက် တွေ မသုံး ဘူး လို့  ငြင်းဆိုထား ပါတယ်။
မလေးဝန်ကြီးချုပ်ကတော့ ဖြစ်ပွားခဲ့တဲ့ဒေသကိုသွားရောက် စုံစမ်းစစ်ဆေးနေပါတယ်။
ဗွီဒီယို နှင့် ဓာတ်ပုံအများအပြားကို https://www.facebook.com/MyanmarExpress တွင် ကြည့်ရှုနိုင်ပါသည်။

No comments:

Post a Comment