Thursday, July 17, 2014

စစ်တွေတွင် လေဆင်နှာမောင်းတိုက်သဖြင့် လူတစ်ထောင်ကျော် လေဘေးသင့်

ရခိုင်ကမ်းရိုးတန်းတွင် ဇူလိုင် ၁၅ ရက်ညပိုင်းက လေဆင် နှာမောင်းတိုက်ခတ်သဖြင့် စစ် တွေမြို့ ဒါးပိုင်ဘင်္ဂါလီဒုက္ခသည် စခန်းရှိ အဆောင်အချို့၊ ရဲကင်း တစ်ခုနှင့် စာသင်ကျောင်းတစ် ကျောင်းပြိုကျကာ လူဦးရေ တစ် ထောင်ကျော် လေဘေးသင့်ခဲ့ ကြောင်း သတင်းရရှိသည်။
‘‘လေနီကြမ်းတွေပါ တိုက် တာ။ ညနှစ်နာရီလောက်ကြီး ကောင်းကင်မှာ အနီရောင်တွေပါ မြင်ရတာ။ လူတွေတောင် လေ နောက်ပါပြီး လွင့်သွားတဲ့အထိ ဖြစ်တာ။ အိုးတွေ၊ ခွက်တွေလည်း အကုန်ပင်လယ်ဘက် လွင့်သွား တာ။ အပျက်အစီးကတော့ တော် တော်များတယ်’’ ဟု လုံခြုံရေး
တာဝန်ယူထားသည့် အမှတ်(၃၆) လုံခြုံရေးတပ်ဖွဲ့ခွဲမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

လေဆင်နှာမောင်း ဒဏ် ကြောင့် ဒုက္ခသည်စခန်းရှိ ပေ ၄၀ ရှည်သော အဆောင် ၁၀ ဆောင် ပြိုကျသွားပြီး ၂၁ ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်း ရရှိသည်။

အသက် (၈)နှစ်အရွယ် က လေးငယ်တစ်ဦးနှင့် အဘွားအို တစ်ဦး အပါအ၀င် ခုနစ်ဦးဒဏ်ရာရရှိခဲ့ပြီး သက္ကယ်ပြင်ကျေးရွာ ဆေးခန်းတွင် ဆေးကုပေးနေရကြောင်း အမှတ်(၃၆) လုံခြုံရေး တပ်ဖွဲ့ခွဲမှ သတင်းရရှိသည်။

‘‘ရသမျှတော့ ပြင်နေပါ တယ်။ အစိုးရအဖွဲ့နဲ့ အင်န်ဂျီအို အဖွဲ့အစည်းတွေလည်း ကယ် ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေး နေတယ်။ လောလောဆယ်တော့ အဆင်ပြေသလို နေရာ ချထား ပေးတယ်’’ ဟု အမှတ် (၄) လုံခြုံ ရေး ရဲကွပ်ကဲမှုအဖွဲ့မှ ဒုတိယ ရဲ မှူးကြီး ထွန်းဦးက ပြောသည်။

လေဆင်နှာမောင်းတိုက်မှုကြောင့် လူဦးရေတစ်ထောင်ခန့် နေရေးအတွက် ဒုက္ခရောက်ခဲ့ပြီး နီးစပ်ရာ ကျေးရွာများရှိ အိမ်များ တွင် ခိုလှုံနေရကြောင်း သတင်း ရရှိသည်။

ဒါးပိုင် ဒုက္ခသည်စခန်းသို့ ဇူလိုင် ၁၆ ရက် နံနက်တွင် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန် ဦးဆောင်သော အစိုးရအဖွဲ့ သွားရောက်ခဲ့သည်။

ဘင်္ဂလား ပင်လယ်အော် တွင် မုတ်သုံလေ အလွန်အား ကောင်းနေသောကြောင့် ရခိုင် ကမ်းရိုးတန်းအပါအ၀င် မြန်မာ့ ကမ်းရိုးတန်းဒေသများ လေပြင်း ကျနိုင်ပြီး နေရာကွက်၍ မိုးကြီး နိုင်ကြောင်း မိုး/ဇလဌာနက သတိပေးထားသည်။

No comments:

Post a Comment