Monday, July 14, 2014
နောက်ကွယ်မှကြိုးကိုင်သူမှာ အာဏာမရသောပါတီနှင့် မီဒီယာများဖြစ်နိုင်ဟု ဦးလှဆွေပြော
From : ..7day
ဆူပူမှုဖြစ်စေရန် နောက် ကွယ်မှ
 ကြိုးကိုင်လှုံ့ဆော်သူများ သည် 
အာဏာမရသော ပါတီနှင့် ယခင်
အစိုးရလက်ထက်က နှိပ် ကွပ်ခံရသူ
ဖစ်နိုင်သည်ဟု ထင်မြင်ကြောင်း   ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှ ဆွေက ပြောကြားလိုက်သည်။
ဆူပူမှုများ ဖြစ်ပေါ်လာပါက အများက    စွပ်စွဲကြသူများမှာ လက်ရှိအစိုးရ၊ တပ်မတော်၊ အာ ဏာရပါတီနှင့် နိုင်ငံရေးအခင်းအ ကျင်းကို
စီစဉ်ပေးခဲ့သည့် ဗိုလ် ချုပ်ကြီးဟောင်းများသာဖြစ်သည့် အတွက် အဆိုပါ အဖွဲ့များနှင့် မ တည့် သည့် အာဏာမရသည့် ပါ တီနှင့် နှိပ်ကွပ်ခံရသည့် သူများက သာ ဆူပူမှုဖြစ်ရန် လှုံ့ဆော်ခြင်း၊  ဖြစ်နိုင်သည်ဟု အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောသည်။
‘‘ဒီလေးဖွဲ့ကမလုပ်ဘူးဆိုတာဘာကြောင့်လဲဆိုရင်ဒီတိုင်း ပြည်ကြီးငြိမ်နေမှဒီလေးဖွဲ့က အေးအေးဆေးဆေး   နေရမှာ။ ၂၀၁၅ မှာ   အာဏာရဖို့ မရဖို့ လည်း ပူစရာမလိုဘူး။  ၂၀၁၅ မှာ ၂၆ ရာခိုင်နှုန်းနိုင်ရင် ကြံ့ခိုင် ရေးက သမ္မတဖြစ်မှာ။ ဒီတော့ ပူ စရာရှိတဲ့သူတွေက ပူတာ။ ပူစရာ ရှိတဲ့သူတွေကသာ ဆူနေတာ’’ ဟု ဦးလှဆွေက ပြောသည်။
‘‘အာဏာမရတဲ့ပါတီကသာ ဆူပူဖန်တီးရင်   သေရင်လည်း သေ၊   မသေလည်း  အချုပ်ထဲ ရောက်နေပြီ။ ဘာလို့ဆိုရင် လုံခြုံ ရေးတာဝန်ရှိတဲ့   သူတွေရှေ့မှာ ဖြစ်နေတာမို့လို့’’ ဟု အဓိက အ တိုက်အခံပါတီဖြစ်သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ် စားလှယ် ဦးလှဆွေ ပြောကြား ချက်အပေါ် တုံ့ပြန်ပြောကြားခဲ့ သည်။
နိုင်ငံအတွင်း မကြာခဏဖြစ် ပွားနေသည့် ဘာသာရေးပဋိပက္ခ နှင့် အကြမ်းဖက်မှု ဖြစ်စဉ်များတွင် နောက်ကွယ်မှ ကြိုးကိုင်နေသူများ ရှိနေသည်ဟုနိုင်ငံတော်သမ္မတ အပါအ၀င် အုပ်ချုပ်ရေးတာဝန်ရှိ သူများက ပြောကြားသည်။
ထိုသို့ နောက်ကွယ်မှ ကြိုး ကိုင်သူများရှိနေသည်ဆိုသည်ကို မှန်ကန်စွာ ဖော်ထုတ်ရန် လိုပြီး  တစ်ကြိမ်မှ ဖမ်းဆီးမိခြင်း၊ တရား စွဲခံရခြင်း မရှိဘဲ ဘုမသိ ဘမသိ ၀င်ပါသော လူများသာ ဖမ်းဆီးအ ရေးယူခံနေရခြင်းမှာလည်း မျှတ မှုမရှိဟု ဦးဝင်းမြင့်က ပြောကြားခဲ့ သည်။
မကြာမီရက်ပိုင်းကမှ ဖြစ် ပွားခဲ့သော မန္တလေးမြို့ အကြမ်း ဖက်မှုဖြစ်စဉ်များတွင် လူနှစ်ဦး သေဆုံး၍ နှစ်ရာကျော် ဒဏ်ရာ ရရှိခဲ့သော်လည်း လူသတ်မှုကျူး လွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးဘဲ သံသယရှိသူ ၁၆ ဦး နှင့် ပုဒ်မ ၁၄၄ ကို ဖောက်ဖျက်သူ နှစ်ရာကျော်ကိုသာ အရေးယူ ထားသည်ဟု တိုင်းဒေသကြီး အ စိုးရအဖွဲ့က ပြောကြားထားသည်။
No comments:
Post a Comment