Thursday, July 17, 2014

အခွန်မဆောင်ရင် ထောင်ကျမယ်

အခွန် မဆောင်သူတွေ၊ ထိန်ချန်သူတွေကို ထောင် ဒဏ် ပြစ် ဒဏ်ချမယ်လို့ ပြည်တွင်းအခွန် ဦးစီးဌာနက အကြီးတန်း အရာရှိ တစ်ဦးက ပြောပါတယ်။ အရင်ကတော့ အခွန် မဆောင်သူတွေ၊ ထိန်ချန်သူတွေကို ငွေဒဏ်ပဲ ချမှတ်တယ်လို့ သူက ဆိုပါတယ်။
အခွန်ဆောင်ဖို့ ပျက်ကွက်ရင်တော့ တစ်ခုချင်းစီ ပေးဆောင်ရမယ့် အပြင် အဲဒီအခွန်ရဲ့ တစ်ရာခိုင်နှုန်း ထက် မပိုတဲ့ ငွေကိုလည်း ဒဏ်ငွေ ဆောင်ရမယ်။ ခွင့်ပြုထားတဲ့ ကာလမှာ ဝင်ငွေခွန် ထိန်ချန်တာ ဒါမှမဟုတ် ဝင်ငွေနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို ထိန်ချန်ရင် ထောင်ဒဏ် သုံးနှစ်ကနေ ၁၀ အထိ ပြစ်ဒဏ်ချနိုင်တယ်လို့ ပြည်တွင်းအခွန် ဦးစီးဌာနက သိရပါတယ်။
“ဒီလိုပြစ်ဒဏ်တွေ ချမှတ်နိုင်တယ်ဆိုတာ ကြိုတင် အသိပေးတာပါ။ အရမ်း ဆိုးရွားလာ ရင်တော့ ထောင် ဒဏ်အထိ အရေးယူသွားမှာပါ” လို့ အကြီးတန်းအရာရှိ တစ်ဦးက ဆိုပါတယ်။
ဥပဒေမှာအခွန်မဆောင်သူတွေကို ထောင်ဒဏ်ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပေမယ့် ထောင်ဒဏ် ပြစ်ဒဏ်ချတာ မရှိသေးဘူး။ အခုတော့ အရေးယူတော့မယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနဆီက သိရပါတယ်။

အိမို

No comments:

Post a Comment