Tuesday, July 22, 2014

DVB သတင်းထောက် လဲ့လဲ့မွန် လူပါး မဝလေနဲ့

From : .. https://www.facebook.com/MyanmarMediaWatch
DVB သတင်းထောက် လဲ့လဲ့မွန်..ဒီအမျိုးသမီးရဲ့ စတေးတပ် ဖတ်လိုက်ရတယ်။
ကိုဝေဋ္ဌုကျော်ကို ရေးထား တာ အလွန်ရိုင်းတယ်ဗျာ။
သတင်းထောက်ဆိုပြီး သူတို့ကိုယ်ကို " သူများနဲ့ မတူ ခြားနားသော အဆင့်အတန်း မြင့်မားလှစွာသော VIPအတန်း" သွင်းပြီး အခွင့်ထူးခံ နားထင် သွေး ရောက်နေ ကြတယ်။ သူမ ရေးထားတဲ့ စာသား သံစဉ်တွေက ဒီသဘောကို ပြနေတယ်။
ကြည့်လိုက်ရင်အာဏာရှင်စနစ်ကိုတိုက်ဖျက်နေတဲ့ တော်လှန်ရေးသမားတွေလိုလို...တိုင်းပြုပြည်ပြု လိုလို။ဒါပေမယ့် သတင်းထောက်ဆိုတဲ့ ဘာရာထူးမှ မရှိဘဲနဲ့တောင် ဒီလောက် ဖျင်စတားနေ ကြ တာဟာ... အာဏာ ရှင်ထက် အဆပေါင်း (၁၀၀) သာတယ်။
တစ်ကယ်ဆို ကိုဝေဋ္ဌုကျော် သည် မင်းသား တစ်ယောက်။ သူ့ဘာသာသူ ခြေမွှေးမီးမလောင် လက်မွှေး မီးမလောင် တိန်တောင်ခပ် နေလို့ရတဲ့ အနေအထားပဲ။ စေတနာ ထက်သန်စွာနဲ့ အများပြည်သူ အကျိုးငှါ ကြက်ခြေနီ ဝတ်စုံနဲ့ စည်းကမ်း ထိန်းသိမ်းရေး လုံခြုံရေး ဝင်လုပ်ပေး တာပဲ။ ဒီစေတနာကို နားလည် ကျေးဇူး တင် လေးစားဘို့တောင် ကောင်းနေပြီ။
ခတ်ရှင်း ရှင်း ရေးပြရရင် မင်းတို့လို သောက်ဆံ ရဘို့အတွက် သတင်းယူဘို့၊ လူထုကို မှိုင်းတိုက်ဘို့ သူလုပ်တာ မဟုတ်။ အကျိုးပြုလုပ်ငန်း လုပ်တာပဲ။
ဒီနေရာမှာ လုပ်ငန်းဆက်စပ်မှု ရှိလာရင် တာဝန် ဝတ္တရား ဆိုတာကို DVB သတင်းထောက်မ နားလည်ဘို့ လိုအပ်တယ်။ သတင်းထောက်ကဒ် ပြခိုင်းတဲ့ အတွက် လုံခြုံရေး ကိစ္စမှာ ကိုဝေဋ္ဌုကျော် တာဝန် မရှိဘူးလို့ ဆိုသတဲ့။
မှတ်ထား...ကြက်ခြေနီတို့၊ မီးသတ်တို့၊ ပြည်သူ့ရဲတို့၊ အာမီတို့ ဆိုတာဟာ....လုံခြုံရေးတို့ သာရေး နာရေးတို့ ပူးပေါင်း ဆောင်ရွက်လေ့ ရှိတယ်။ ဒီလို ဆောင်ရွက်တဲ့ အခါမယ် တာဝန်ဆိုတာ ရှိသွားတယ်။
ဘာလဲ ကိုဝေဋ္ဌုကျော်က ပါမစ်နစ် ကြက်ခြေနီ မဟုတ်လို့ တာဝန် မရှိဘူး ပြောချင်သေးလား။ ကြက်ခြေနီတို့ မီးသတ်တို့မှာ ပါမစ်နစ် ရှိသလို ရှောင်တခင် စေတနာ့ဝန် ဝင်ထမ်းတာလည်း ရှိတယ်။ သတင်းထောက်မ ပြန်လေ့လာပါ။
အကယ်၍ အထောက်အထားမပါတဲ့ ဒီသတင်းထောက်မ နေရာမှာ ဖောက်ခွဲရေးသမား၊ အသေခံ ဗုံးခွဲသမား ဖြစ်ကြည့်ပါ။ ကိုဝေဋ္ဌုကျော်မှာ တာဝန်ရှိပြီ နားကားပြီမှတ်။
သတင်းထောက် ကဒ်လေးတာင်မှ မထိန်းနိုင်တဲ့ သတင်းထောက်မ၊ ဘာများ သောက်သုံးကျသလဲ။ သတင်းထောက် ဆိုတာ ပြည်သူလူထု ကြားမှာရော၊ တာဝန် ရှိသူကြားမှာရော၊ သွားလာ တိုးဝှေ့ ဆက်သွယ် ပြောဆို ဆက်ဆံကြရတယ်။ အငယ်ခံတော့ နှုတ်မှုရေးရာ ယဉ်ကျေး ချိုသာ ပြေပြစ်၊ ဆက်ဆံရေး ကောင်းဘို့တော့ အခြေခံကျကျ လိုအပ်တယ်။ DVBက ငါးစိမ်းသည်ကို သတင်းထောက် ခန့်ထားတာပဲ။
ကြည့်လုပ် ဟတ်လား။ ဘာရုပ်မှလည်း မပေါက်ဘူး။ သတင်းထောက် သတင်းထောက်ဆိုပြီး လူထုကြားမှာ လူပါးမဝနေနဲ့။ 

ပြဿနာအသေးစိတ် ဖတ်ရန် https://www.facebook.com/MyanmarMediaWatch
.. www.MyanmarExpress.net

No comments:

Post a Comment