Tuesday, July 22, 2014

အတိုက်အခံ အုပ်စုတွေဟာ … တိုင်းပြည်အပေါ် တကယ်ပဲ စေတနာ စစ်ပါရဲ့ လား …

ဒီမိုကရေစီ ကို ….
တကယ် အူလှိုက်သည်းလိုက် ….
နှစ်ခြိုက် လိုက်နာကျင့်ကြသုံးတဲ့ 
 နိုင်ငံကြီးတွေက ….
အဓိက အတိုက်အခံ ပါတီတွေ ရဲ့  ….
အရေးအကြီးဆုံး လုပ်ဆောင်ချက်
 တစ်ခုကတော့ ….
Shadow Government လို့ တင်စားခေါ်ဝေါ်ကြတဲ့  ….
လက်ရှိ အာဏာရ အစိုးရ ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ….
မျက်ခြေမပြတ် တောက်လျောက် ….
လိုက်လံစောင့်ကြည့်
 ထောက်ပြနေတဲ့  …
လုပ်ငန်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်… အတိုက်အခံ ပါတီကြီးတွေဟာ …အစိုးရ အဖွဲ့ နည်းတူ ၀န်ကြီးဌာနများ …
အစိုးရ အဖွဲ့ ရဲ့ ပရောဂျက်ကြီးများ ကို …လေ့လာစောင့်ကြည့်တဲ့ ကော်မတီ များကို ….
စနစ်တကျ ဖွဲ့ စည်းထားရှိပြီး …လက်ရှိ အစိုးရအဖွဲ့  ရဲ့  …မူဝါဒ .. သဘောထား …
လုပ်ငန်းဆောင်ရွက်ချက်တွေကို ....အနီးကပ် မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရူနေကာ ….
လိုအပ်တဲ့  အရေးယူဆောင်ရွက်မှုများကို …တောက်လျောက် ပြုလုပ်နေလေ့ ရှိပါတယ်….

ဒီလိုမျိုး ဆောင်ရွက်လေ့ရှိတဲ့ အတွက် …ရရှိလာတဲ့  အကျိုးကျေးဇူးတွေကတော့ …

အစိုးရ ပရောဂျက် တွေမှာ ...မသမာ ခြစားမှုတွေ လျော့နည်းသွားခြင်း …

မအောင်မြင်တဲ့  စီမံကိန်းတွေကို ….ဆက်ပြီး ဖုံးကွယ် ….ကြိတ်မှိတ် လုပ်နေတာမျိုး လုပ်လို့ မရနိုင်တော့ဘဲ …အချိန်မီ ရပ်ဆိုင်းဖို့ စီစဉ်ဆောင်ရွက်နိုင်ခြင်း …

လူထုရဲ့  ယုံကြည်ကိုးစားမှုကို ပိုတိုးလာစေခြင်း ….

ဘယ်ပါတီပဲ အစိုးရ ဖြစ်ဖြစ် …ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်တဲ့  …
စီမံကိန်းများ လုပ်ငန်းစဉ်များ ကို….စဉ်ဆက်မပြတ်ထဲထဲဝင်ဝင်….သိရှိနားလည်ပြီးသား ဖြစ်စေခြင်း ….

မိမိ ပါတီဝင်များ ရဲ့ အုပ်ချုပ်မှုစွမ်းရည် နဲ့ …ကိုယ်ရည်ကိုယ်သွေး ကို လေ့ကျင့်မြှင့်တင်ပေးရာ ရောက်ခြင်း ….စတဲ့  အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ် …

အရေးအကြီးဆုံး သတိပြုရမယ့် အချက်ကတော့ …
Shadow Government ဆိုတာသည် ….
Anti Government မဟုတ်ဘဲ …
တိုင်းပြည်အတွက် ….
အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့  လုပ်ငန်းစဉ်တွေမှာ …
မသမာ ခြစားမှုတွေ လျော့နည်းပြီး …
လုပ်ငန်းဆောင်ရွက်မှု မြန်ဆန်ချောမွေ့ စေဖို့  …
ဥပဒေ ဘောင်အတွင်း ကနေ …
ဟန်ချက် ထိန်းညှိ …
တောက်လျောက် စောင့်ကြပ်ကြည့်ရူ ….
ထောက်ပြနေတဲ့  စနစ်တစ်ခုသာ ဖြစ်တယ် …
ဆိုတဲ့  အချက်ပါပဲ …

ဥပမာ ဆိုရရင် …
Shadow Government ရဲ့  …
ကျန်းမာရေး ဆိုင်ရာ စောင့်ကြည့်မှု ကော်မတီဟာ …
လက်ရှိ အစိုးရ အဖွဲ့  ….
ကျန်းမာရေး ၀န်ကြီးဌာန ရဲ့  ….
စားရိတ်မျှပေး ကျန်းမာရေး စနစ်က …
အောင်မြင်မှု ရှိ မရှိ …
မအောင်မြင်ရင်လဲ တစ်ပြည်လုံးမှာ …
ဘယ်မြို့ နယ်မှာ မအောင်မြင်ဘူး ….
ဘာကြောင့် မအောင်မြင်ဘူး…
ဘယ် စီမံချက် ကတော့ ….
ဘယ် မြို့ နယ်တွေမှာ ဘယ်လိုဖြစ်နေတယ် …
စသဖြင့် တိတိကျကျ အချက်အလက်တွေ နဲ့ …
မှတ်တမ်းတင် စောင့်ကြည့်ထောက်ပြနေတဲ့  …
စနစ်မျိုးပဲ ဖြစ်ပါတယ် …

ဒါဟာ ...
တိုင်းပြည် အလျှင်အမြန် ဖွံ့ ဖြိုးတိုးတက်လာစေဖို့ နဲ့ ….
မသမာ ခြစားမှုတွေ လျော့ပါးသွားဖို့  …
မရှိမဖြစ် အရေးတကြီး လိုအပ်နေတဲ့ …
လုပ်ငန်းစဉ် တစ်ခုလို့  …
ကျွန်တော် ယုံကြည်ပါတယ် ….

ဘာမှ အရေးမကြီးတဲ့ ….
ဘားမား နဲ့  မြန်မာကို ပုံကြီးချဲ့ နေတာမျိုး …
တရားဥပဒေ စိုးမိုးရေးက အရမ်းအရေးကြီးပါတယ်လို့  …
ကြက်တူရွေး စာအံသလို ...
တတွတ်တွတ် ရွတ်နေတာမျိုး ….
ဒီမိုကရေစီ အပြည့်အ၀ မရသေးလို့  …
ရင်းနှီးမြုပ်နှံမှုတွေ အရမ်း မလုပ်ကြပါနဲ့ အုန်းလို့  ….
ကမ္ဘာပတ် အော်နေတာမျိုးထက် စာရင်တော့ …
အတိုက်အခံ ပါတီ အနေနဲ့  ….
တိုင်းပြည်အတွက် ပို အလုပ်ဖြစ် …
ပို ခရီးရောက်မယ့် ….
နိုင်ငံရေး ဆောင်ရွက်ချက်မျိုးတွေ ကို ….
လုပ်ဆောင်နိုင်မလားလို့  ....
ကျွန်တော်တို့ မျှော်လင့်ခဲ့ မိတာ အမှန်ပါပဲ …

ပြီးခဲ့တဲ့  သုံးနှစ်တာ ကာလအတွင်းမှာ ….
အတိုက်အခံ ပါတီကြီးရဲ့  ….
လွှတ်တော်တွင်း နဲ့  ….
လွှတ်တော် ပြင်ပ ဆောင်ရွက်ချက်တွေဟာ …
ပါတီငယ်လေးတွေက အမတ်တွေလောက်တောင် …
လှုပ်ရှားမှု ... အောင်မြင်မှု ရှိခဲ့ပါသလား…?

ကျွန်တော်တို့  တကယ် လိုအပ်နေတာ …
စွမ်းရည် ထက်မြက်တဲ့  နိုင်ငံရေးပါတီ ဖြစ်ပါတယ် …
လူမှု ကူညီရေးအသင်း မဟုတ်ပါဘူး …
အခုကတော့ …
ဘာ ကွန်ယက် ညာ ကွန်ယက်တွေ ....
ဘာလက်မှတ် ညာလက်မှတ်တွေ နဲ့  ….
ဘာမှန်း ညာမှန်းမသိ ...
ရှုပ်ရှက်ခတ် အချိန်ကုန် နေတာပဲ မြင်မိပါတယ် …

အဓိက အတိုက်အခံပါတီကြီးဟာ ....
လက်ရှိ အစိုးရ ရဲ့  စီမံကိန်းတွေ ….
လုပ်ငန်း ဆောင်ရွက်ချက်တွေ ကို …
စည်းလွတ် ၀ါးလွတ် …
ဥပဒေဘောင် အပြင်ဖက်က ….
လုပ်ချင်တာ လုပ်လို့ မရအောင် …
အချက်အလက် တိကျခိုင်မာတဲ့  ….
ပြတ်ပြတ်သားသား ထောက်ပြမှုတွေ နဲ့  အတူ …
တောက်လျောက် ဟန်ချက်ထိန်းညှိ ….
စောင့်ကြည့် Monitoring လုပ်နေတာမျိုး ကို …
ကျွန်တော်တို့ လိုချင်ပါတယ် ….

ဒီမိုကရေစီ စနစ်ဟာ …
သက်ဦးဆံပိုင် ဘုရင်စနစ် မဟုတ်ပါဘူး…
အကြွင်းမဲ့  အာဏာကို လဲ …
ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး …

ကိုယ် လက်ရှိ ရလာတဲ့  …
ရောက်လာတဲ့  အနေအထားမှာ …
တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင် …
ဆောင်ရွက်ပြတာကို …
စေတနာ အစစ် လို့  …
ကျွန်တော်တို့  သတ်မှတ်ချင်ပါတယ် …

အတိုက်အခံ အုပ်စုတွေဟာ …
တိုင်းပြည်အပေါ် တကယ်ပဲ စေတနာ စစ်ပါရဲ့ လား …

ပါတီ တစ်ခု လူတစ်ယောက်ကို ….
ဝိုင်းဝန်း ထောက်ခံကြတာသည် …
တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းကို …
အကောင်အထည်ဖော် ….
ဆောင်ရွက်ပေးနိုင်မယ် ထင်လို့  ဖြစ်ပါတယ်…

တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း ဆိုတဲ့  အထဲမှာ …
စတိတ်စင် ထိုးပြီး .....
အစိုးရ လုပ်သမျှကို
မြင်းအီးပေါက် သလို …
တတွတ်တွတ် တတေတေ …
ထိုင်အပြစ်တင်ပြီး….
နိုင်ငံရေး အမြတ်ထုတ်နေတဲ့  အလုပ်မျိုး မပါဝင်ကြောင်း ….
ထပ်လောင်း သတိပေး ...
နိုးဆော်အပ်ပါတယ် ခင်ဗျား....

( အတိုက်အခံတို့ ရဲ့  ရှဲဒိုး ရဲမိုး )
 

No comments:

Post a Comment