Tuesday, July 15, 2014

မီဒီယာဟာ Enemy of the State ဖြစ်လာပြီလား

Monday, July 14, 2014
သမ္မတဦးသိန်းစိန်နှင့် ရုပ်ရှင်၊ ဂီတ၊ 

သဘင် ပညာရှင်များ MPC ၌ တွေ့ဆုံ
ခဲ့ကြရာ သတင်းထောက်များက 
ဆန္ဒပြ ခဲ့သောကြောင့် ပုဒ်မ ၁၈ ဖြင့် 
အမှုဖွင့်ခံရခြင်း၏ လက်သည်မှာ 7Day 
သတင်းစာနှင့် ဂျာနယ်မှ သတင်းထောက်ချုပ် ဖြစ်ကြောင်း သတင်းရရှိသည်။
ဂျာနယ်တိုက်များက သတင်းယူရန် စေလွှတ်ခဲ့ခြင်း ဖြစ်သော်လည်းသတင်းယူခြင်း မပြုဘဲ ဆန္ဒပြရန် ကြိုတင် စီစဉ်

ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို ကြိုတင်စီစဉ်သူမှာ MJN အတွင်းရေးမှူးဖြစ်သူ 7Day သတင်းထောက်ချုပ် ဦးအောင်သူရ ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က မေးမြန်းသည့်အခါရောက်မှ သတင်းရ ယူခွင့် မရရှိ၍ ခြံအပြင်ဘက်တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည် ဟု အကြောင်းပြနေခြင်းမှာ လိမ် ညာနေခြင်းသာ ဖြစ်ကြောင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်မှ အယ်ဒီတာတစ်ဦးက ပြော သည်။
“အခုလို သတင်းထောက်တွေ ဆန္ဒပြခဲ့တာကို ဦးစီးစီစဉ်ခဲ့တာက ထောက်ချုပ်ကြီးပါပဲ။ ဇူလိုင် ၁၁ ရက်နေ့ ညနေကတည်းက သူတို့ကို MPC က စိန်ခေါ်လိုက်ပြီ ဆိုပြီး သတင်းထောက်တွေကို လိုက်ပြီး စည်းရုံးခဲ့တယ် လို့ သိရပါတယ်။ သူ့ဖေ့စ်ဘုတ်မှာ MPC က ဒေါက်တာမင်းဇော်ဦးက သူ့ဆီ ဖုန်း ဆက်ပြီး မနက်ဖြန် MPC ကို ကန်ပိန်း တီရှပ်တွေ ၀တ်လာရင် လုံခြုံရေးက ၀င်ခွင့်ပေးမှာ မဟုတ် ဘူး။ ကန်ပိန်းတီရှပ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြရင် လုံခြုံရေးတာဝန်ရှိသူတွေက ပိုင်နက် ကျူးလွန်မှုနဲ့ တရားစွဲနိုင်တယ် လို့ ပြောတယ်။ ဒါဟာ မီဒီယာကို စိန်ခေါ်တာပဲ။ ကန်ပိန်းတီရှပ်နဲ့ သွားမယ်။ ဆန္ဒပြမယ် ဆိုပြီး ကိုအောင်သူရက တင်တယ်။ နောက်ပိုင်းကျတော့ အဲဒီစတေးတပ်ကို သူ့ဘာ သာ ပြန်ဖြုတ်သွားတယ်။ ကိုမင်းဇော်ဦးက သူ့နာမည် ပါနေလို့ အမေရိကန်မှာ သတင်းထောက် သင်တန်းတွေမှာ သတင်းရင်းမြစ်ကို ကာကွယ်ပါ့မည် ဆိုပြီး နေ့စဉ်ရွတ်ဆိုရတာကို တင်လာပါ တယ်။ ကျန်တဲ့ သတင်းထောက်တွေက သတင်းယူမယ်၊ သမ္မတကို မေးခွင့်ရရင် မေးကြမယ် ဆိုပြီး နေကြတာပဲ။ ဒါပေမယ့် ကိုအောင်သူရက စပြီး လှုံ့ဆော်တာ။ သူ လှုံ့ဆော်တော့ ကျန်တဲ့ သတင်းထောက်တွေ စိတ်တွေကြွလာပြီး ပါသွားတာ။ ဇူလိုင်လ ၁၃ ရက်နေ့ မနက်မှာလည်း ကိုအောင်သူရက MPC ကို သွားဖို့ အသင့် ဆိုပြီး ညာသံပေးတယ်။ မီဒီယာဟာ Enemy of the State ဖြစ်တော့မယ် ဆိုပြီး MPC က ပြောတယ် ဆိုတဲ့ စကားကိုလည်း ကိုအောင်သူရပဲ Eleven က မာန်သူရှိန်ကို ပြောလိုက်တာ။ MPC က ကိုအောင်နိုင်ဦးက ရန်သူမျိုးငါးပါး မကတော့ဘူး၊ ခြောက်ပါး ဖြစ်လာပြီ။ မီဒီယာတစ်ခု တိုးလာပြီ ဆိုပြီး ပြောတယ် ဆိုတာကလည်း ကိုအောင်သူရပဲ။ သူက သတင်းထောက်တွေကို သွေးထိုး လှုံ့ဆော်ပေးခဲ့တာ။ ကျန်တဲ့ သတင်းထောက်တွေက ဘာရယ် ညာရယ် မဟုတ်ဘူး။ သူခေါ်လို့ ပါသွားတာ။ MPC က ကြိုပြောတယ် ဆိုတာကလည်း အမှုအခင်းတွေ မဖြစ်အောင် စေတနာနဲ့ ပြောတာ ဖြစ်မှာပါ။ ဒါကို သူက သူ့ကို ခြိမ်းခြောက်တယ် ဆိုပြီး ချဲတော့တာပဲ” ဟု ၄င်းအယ်ဒီတာက ပြောဆိုသည်။

“ပြောရမယ် ဆိုရင်တော့ဗျာ။ ကိုအောင်သူရ ဆိုတာက MPC နဲ့ တရုံးရုံး နေတယ်။ ပြီးတော့ MPC ကလူတွေကို အတင်းတုပ်ပြီး ဆော်ပြန်ရော။ ကျွန်တော်တို့တော့ နားမလည်တော့ဘူး။ သူရဦးရွှေမန်း ရေးတယ် ဆိုတဲ့ နိုင်ငံရေးဆောင်းပါးတွေကို သူက တစ်ပုဒ် ဆယ်သိန်းယူပြီး ရေးပေးရတယ် ဆိုပြီး ပြောတယ် ဆိုတဲ့ သတင်းတွေ ထွက်လာတော့ လွှတ်တော်ဥက္ကဌကြီးက တော်တော်ကြီးကို စိတ်ဆိုးတယ် လို့ သိရတယ်။ ပြီးတော့ ဒေါ်စုနဲ့ ပတ်သက်တဲ့ အတွင်းရေးတွေကိုလည်း ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ တွေ့ရင် ပြောတယ် လို့ သိရပြန်တယ်။ မီဒီယာအချင်းချင်း အကြောင်းတွေလည်း အစိုးရ၊ လွှတ်တော်နဲ့ NLD ပါတီက တာဝန်ရှိသူတွေကို ဖောက်သည်ချတယ် လို့လည်း ပြောကြတယ်။ MJN မှာ အတွင်းရေးမှူးယူထားတာက သူလုပ်ချင်တာ လုပ်လို့ရအောင်၊ အဖွဲ့အစည်း ကာဗာ ဖြစ်အောင် လုပ်တာလို့ သိရတယ်။ လုပ်စားနိုင်ငံရေးသမားလိုမျိုး လုပ်စား မီဒီယာသမား ဖြစ်နေတာ။ သူ့ရဲ့ အားနည်းချက်က နှုတ်မလုံဘူး ဟိုစကား ဒီပို့၊ ဒီစကား ဟိုပို့လုပ်တတ်တယ်။ သူ အင်္ဂလိပ်လို ဆောင်းပါးရေးတော့ MPC က တချို့ သူ့ကို ကူပြီး တည်းဖြတ်တာတွေ လုပ်ပေးတယ် ပြောတယ်။ အဲဒါကို သူပဲ ရေးသလိုလို ကြွားသေတယ်။ အရာရာ သိတယ် ထင်နေတဲ့ သူ့ကြောင့် သတင်းထောက်အသစ်လေးတွေ လမ်းလွဲရတယ် လို့ ပြောရမှာပေါ့” ဟု ၀ါရင့် သတင်းထောက်တစ်ယောက်က ပြောသည်။

“Unity ဂျာနယ်တွင်ဖေါ်ပြခဲ့သော ဓါတုလက်နှက်စက်ရုံဆောင်းပါးကို အခုမှဖတ်ရပါသည်။ လက်နှက်စက်ရုံ ဖြစ်နိုင်သော်လည်း ဓါတုလက်နှက် စက်ရုံဟု ယူဆလောက်သော သက်သေ မပြနိုင်ပဲ ဓါတုလက်နှက် ဆိုသော အချက်ကို အထူကြီး ခေါင်းတင်ထားသည်။သံချည်သံကွေးသမား တစ်ယောက်ကပြောသော ဤစက်ရုံသည်အရှေ့ တောင်အာရှတွင် အကြီးဆုံးဖြစ်သည်ဆိုသော အချက်မျိုး ကို ကိုးကားထားသည်မှာ စ၍ နည်းပညာဆိုင်ရာ ဗဟုသုတ နှင့် အတွေအကြုံနည်းပါးသော ရွာသားများ၏ အကြောင်းပြချက်မပါဝင်သော ထင်မြင်ယူဆချက်သက်သက်ကို အလေးထားဖေါ်ပြထားသည်မှာ အရပ်စကားနှင့်ပြောမည်ဆိုလျှင် ရှားရှားပါးပါးရိုက်ယူထားသည့် ဓါတ်ပုံအချို့ ဖြင့် "ဖြဲ" ထားသလိုဖြစ်နေပါသည်။ ကျွန်တော်တို့ ဂျာနယ်လောက တွင်ဤသို့ သော သတင်းတင်ပြမှုပုံစံ များ မကြာသေးမည်ကစ၍ခောတ်စားလာသည်ကိုသတိထားမိသည်။ Investigative Report များအားအခုလိုတင်ဆက်ရန်ကြိုးစားသည် မှာအားပေး ကြိုဆိုဖွယ်ဖြစ်သောလည်း မိမိ တို စုံစမ်းလေ့လာမည့်နယ်ပါယ် နှင့်စပ်လျှဉ်း၍ကျွမ်းကျင် နှံ့စပ်သော ပညာရှင်များ ၊ လူပုဂ္ဂိုလ်များ၏အကူအညီကို ရယူရုံမျှမက Sound Evidence အခိုင်အမာရှာဖွေချပြ နိုင်ရန် မလွဲမသွေလိုအပ်ပါသည်။ DVB ကတင်ဆက်ခဲ့သော နျုကလီယားလက်နှက်စက်ရုံတင်ဆက်မှုသည်ပင်လျှင်စစ်အင်ဂျင်နီယာ ဗိုလ်မှုး စိုင်းသိန်းဝင်း အား သက်သေခံစေခဲ့သောလည်း နျုလက်နှက် အားချုပ်မိသည်အထိ သက်သေမထူနိုင်ခဲ့ပါ။ ယနေ့ မီဒီယာလောက နှင့် အစိုးရကြားတွင်ဖြစ်ပေါ်နေသော လုပ်ငန်းဆိုင်ရာ ပြဿနာ များကိုကြည့်လျှင် မိမိ တို့ မီဒီယာဖက်မှ လိုအပ်ချက်၊ ချို့ယွင်းချက်များရှိ နေသည်ကိုလည်း လစ်လျုရှု ၍ မထားသင့်ပေ။ နဂိုက မီဒီယာများ အပေါ် ရန်သူလို၊ ပြိုင်ဖက်လို သဘောထား၍ ချုပ်ကိုင်ရန်၊ လွှမ်းမိုးရန် ကြိုးစားနေသော အာဏာပိုင်အဖွဲ့ အစည်းများ နှင့်အရှည်သဖြင့်ရင်ဆိုင်ရန် မှာ မိမိတို့ မီဒီယာ ပိုင်းမှလည်း ပို၍ Professional ပီသရန် နှင့် ကျင့်ဝတ်သိက္ဒ္မါ ပိုင်းကို ပိုမို ထိန်းသိမ်းရန် လိုအပ်ကြောင်း သတိထားမိလာပါသည်။ ဤသို့ မိမိတို့ ဖက်မှလည်း ထိုက်သင့်သော ပြင်ဆင်အားထုတ်မှု များ ညီညီညွတ်မလုပ်နိုင်ကြပဲ အခုလို ပြဿနာရှိလာမှ တဖက်ကိုချည်းအပြစ် ဖို့ မည်ဆိုလျှင် လေးစားလောက်သော စတုတ္ထ မဏ္ဍိုင်ဖြစ်လာ မည်မဟုတ်ချေ” ဟု ကိုသီဟသွေးက ပြောသည်။

“မီဒီယာတွေက အချိန်မတန်ခင် လွတ်လပ်ခွင့် ရလိုက်တော့ အခုလိုမျိုး ပြဿနာပေါင်းစုံ ဖြစ်လာတာ လို့ ထင်ပါတယ်။ တချို့ကိစ္စတွေက မီဒီယာတွေကြောင့် ပိုဆိုးသွားတာတွေလည်း ရှိတယ်။ အကုန်လုံးတော့ မဟုတ်ပါဘူး။ ကျင့်ဝတ်နဲ့အညီ လုပ်ကိုင်နေတဲ့ မီဒီယာတွေလည်း ရှိပါတယ်။ MJN ဆိုရင် လူငယ်တွေ ကွန်ရက်ဖွဲ့ထားတာ။ သိသလိုလို တတ်သလိုလိုနဲ့ လုပ်သက်ရင့်တဲ့ သတင်းထောက်တွေက သြဇာတည်ဆောက်ဖို့ ဖွဲ့ထားတာ။ အောင်သူရက ဒီအထဲမှာ ပါတယ်။ အခု စာနယ်ဇင်းလောကကို ပြန်ကြည့်ရင် အယ်ဒီတာတွေ၊ အယ်ဒီတာချုပ်တွေ ဖြစ်နေတဲ့ အထဲမှာ အောင်သူရလို လူတွေ ရှိနေတယ်။ သူတို့ကြောင့် သေးတဲ့အမှုကြီး၊ ကြီးတဲ့အမှု မိုးမီးလောင် ဖြစ်နေတာလို့ပဲ ပြောရတော့မှာပဲ။ သူတို့အမြင်မှာက Hot မှ သတင်း ဖြစ်တာ။ ကျန်တာဆို သတင်း မဟုတ်ဘူး။ တစ်ခါတစ်လေ ပြန်စဉ်းစားကြည့်မိတယ်။ စာပေစိစစ်ရေး ရှိတုန်းက ရှင်းတယ်။ နောက်ကျောလုံတယ်။ ဘာမှလည်း အရေးယူခံစရာ အကြောင်း မရှိဘူး။. ထုတ်ဝေသူရော၊ အယ်ဒီတာတွေရော အေးအေးဆေးဆေး ရှိတယ်။ အခုဟာက သတင်းတွေက မှန်သလားမသိ၊ မှားသလား မသိ။ မခိုင်လုံတဲ့ သတင်းလည်း ရေးချင်ရေးကြတာ။ နောက်ဆုံးတော့ အယ်ဒီတာတွေပေါ် ပုံလာတာ။ အောင်သူရတို့လို သတင်းထောက်တွေနဲ့ တွေ့ရင် အယ်ဒီတာနဲ့ စကားများပြီပဲ။ အကုန်လုံး ပတ်ရမ်းနေမှ၊ ဟိုဆော်ဒီဆော် ငဆော်ကြီး လုပ်နေမှ သတင်းစာ၊ ဂျာနယ် ရောင်းကောင်းတယ် ဆိုပြီးတော့ အကြောင်းပြကြတယ်။ ဆေးကောင်စီလိုမျိုး စာနယ်ဇင်းကောင်စီကနေ သတင်းထောက်လိုင်စင်တွေ ထုတ်ပေးတာ၊ သက်တမ်းတိုးတာ လုပ်သင့်နေပြီ လို့ ထင်ပါတယ်။ ဒါမှလည်း ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ရပ်တွေ နည်းသွားမှာ။ သတင်းထောက်လိုင်စင်ပိတ်ရင် ဘာမှလုပ်စားလို့ မရတော့ဘူး။ ဒါမျိုးနဲ့ ထိန်းမှ ရမယ်။ နို့မို့ရင် မီဒီယာတွေက တစ်ကယ်ကို Enemy of the State ဖြစ်လာတော့မှာ” ဟု စာနယ်ဇင်းသင်တန်းများ ပေးနေသော ကျွမ်းကျင်သူ တစ်ဦးက ပြောဆိုသည်။

ပြည်သူများအကြားတွင်လည်း စတုတ္ထမဏ္ဍိုင်ကို လေးချောင်းထောက် ဟု သုံးနှုံး ခေါ်တွင်လျက် ရှိပြီး ယူနတီဂျာနယ်ကိစ္စတွင် ထောင်ဒဏ်(၁၀)နှစ်မှာ သက်ညှာထားခြင်း ဖြစ်ပြီး ထို့ထက်ပို၍ ပြင်းပြင်းထန်ထန် အရေးယူသင့်ကြောင်း တိုက်တွန်းလျက် ရှိကြောင်း သတင်းရရှိသည်။

PP™

No comments:

Post a Comment