Thursday, May 9, 2013

လယ်ယာကဏ္ဍ ပစ္စည်းတွေအတွက် အခွန်ကင်းလွတ်ခွင့် ပေးလိုက်ပြီ


မြန်မာအစိုးရက လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးဖို့ အ တွက်လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေ၊ စက်ကိ ရိယာ တွေ၊ဓာတ်မြေသြဇာတွေကိုပြည်ပကို တင်ပို့တာ၊ပြည်တွင်းကိုတင်သွင်းတာ၊ပြည်တွင်း မှာ ထုတ်လုပ် ရောင်းချ တာတွေနဲ့ ပတ်သက်ပြီး ကျသင့်တဲ့ ကုန်သွယ် လုပ်ငန်းခွန်ကို တနှစ်တာ အတွက်ကင်းလွတ်ခွင့်ပြုလိုက်ပါတယ်။   
လွန်ခဲ့တဲ့ မေလ ၂ ရက် နေ့ အစည်းအဝေး ဆုံး ဖြတ်ချက်အရ ဘဏ္ဍာရေး နဲ့ အခွန် ၀န်ကြီး ဦးဝင်းရှိန်လက်မှတ်ရေးထိုးပြီးထုတ်ပြန်လိုက်တဲ့ အမိန့်ကို ဒီကနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါရှိပါ တယ်။ 
ဝန်ကြီး ဦးဝင်းရှိန်ဟာ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ရဲ့  ပူပူနွေးနွေး ဥက္ကဌတာဝ န်ယူ ထား သူ လည်း ဖြစ်ပါတယ်။ 


 မြန်မာ့အလင်း သတင်းစာ

အခုလိုကုန်သွယ်လုပ်ငန်းအခွန် ကင်းလွတ်ခွင့် ပေးလိုက်တဲ့အတွက် လယ်သမားတွေ အမှန်တ ကယ် အကျိုးရှိလာမလား၊နိုင်ငံတော်အတွက်အကျိုးရှိလာမလား၊ဒါမှမဟုတ်လုပ်ယာ လုပ်ငန်းရှင်ကြီးတွေ အဖြစ် လုပ်ကိုင်နေကြတဲ့ ခရိုနီကြီးတွေ အကျိုးရှိလာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါ တယ်။ 


Credit : http://blog.irrawaddy.org/2013/05/blog-post_8.html

No comments:

Post a Comment