၁။ ဘက်လိုက်ဖော်ပြခြင်း
ဘာကြောင့် မုန်းတီးရွံရှာရလဲဆိုတာလဲလို့ မေးလိုက်တာနဲ့ ဒီအဖြေကို နံပါတ်(၁) ဖြေကြမှာပါပဲ။ နိုင်ငံရေး နယ်ပယ်ကို ရေးတဲ့အခါ ပါတီကြီးတစ်ခုနဲ့ပတ်သက်လာရင် မဝေဖန်ရဲသလောက် သတင်းမရေးရဲ သလောက် အကောင်းတွေ ရေးသား ဖော်ပြကြတယ်။ ဘာသာရေးမှာဆိုရင် စီးပွားရေးလုပ်ငန်းများကြီး ကြော်ညာထည့် တာ များတဲ့ ဘာသာတစ်ခုကို ဝေဖန်မှုမျိုးကို ရှောင်ပြီး ဖော်ပြတယ်။ တပ်မတော်နဲ့သောင်းကျန်းသူ တိုက်ပွဲ ကိုတောင်မှ သောင်းကျန်းသူပြောတဲ့အတိုင်း ဖော်ပြတာတွေက သက်သေတွေပါ။
၂။ အခွင့်အရေးကို လိုသည်ထက် ပိုယူခြင်း
ဒါတွေကတော့ ဌာနဆိုင်ရာပိုင်းတွေ ဖြစ်ပါလိမ့်မယ်။ တစ်ချို့ဌာနတွေကတော့ လူသိများချင်၊ ထင်ပေါ်ချင်လို့ မီဒီယာတွေကို ပင့်ဖိတ် အခွင့်အရေးတွေ ပေးကြတယ်။ အဲဒီအပေါ်မှာ သာယာပြီး ကျန်တဲ့ဌာနတွေကိုပါ ငါမီဒီယာကွ ဆိုပြီး ခွင့်ပြုရင်ခွင့်ပြု၊ ခွင့်မပြုရင် မီဒီယာသမားအား ရိုင်းပျစွာဆက်ဆံ ဆိုပြီး ဖော်ပြကြတယ်။ တစ်ချို့ မမေးသင့်တာတွေမေးလို့ ပါးရိုက်ခံရတာ၊ နိုင်ငံတော်ရဲ့လျို့ဝှက်ချက်တွေကို ပေါက်ကြားစေတာ၊ မီဒီယာ မပီသလို့ လွှတ်တော်ထဲက အပြင်ထုတ်ခံရတာတွေ က အခွင့်အရေးကို လိုတာထက်ပိုယူမယူ သက်သေတွေပါ။
၃။ အဖြစ်မှန်ကို ရှုပ်ထွေးစေခြင်း
ဒါကတော့ ဘက်လိုက်ဖော်ပြတာနဲ့ ခပ်ဆင်ဆင်တူပါတယ်။ သူရဲကောင်းဗိမ္မာန်မှာ ကျဆုံးစစ်သည်တွေကို ဂုဏ်ပြုတဲ့သတင်းတစ်ခုမှာ ဂုဏ်ပြုတဲ့ရည်ရွယ်ချက်တွေပျောက်သွားအောင် အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးများ တက်ရောက်ခြင်းဆိုတာကို ဖော်ပြခဲ့တာတွေရယ်၊ အမျိုးဘာသာနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ရပ်တည်ချက်အဖြစ်မှန်တွေကို သေးသိမ်အောင်လုပ်ပြီး ကျန်တဲ့အရာတွေကို ဦးစားပေး ဖော်ပြတာတွေက သက်သေတွေပါ။
၎။ တာဝန်ယူမှုနှင့် လူမှုရေးအသိစိတ်ဓာတ်မရှိခြင်း
မကောင်းတဲ့ပြည့်တန်ဆာသတင်းတစ်ခုရေးတဲ့အခါမှာ သူ့ဘာသာသွားလာနေတဲ့ အမျိုးသမီးတစ်ယောက် ဓာတ်ပုံရိုက်ပြီး ဖော်ပြတာ၊ ပန်းခြံထဲကအတွဲတွေ ဓာတ်ပုံရိုက်တာ၊ သေဆုံးသတင်းတွေမှာ မျက်နှာကအစ ထမီကျွတ်တာအဆုံး ဖော်ပြတာ၊ မုဒိန်းမှုကို အမည်နေရပ်လိပ်စာက အစဖော်ပြပြီး တစ်သက်လုံးရပ်တည်မရ အောင် အရှက်ခွဲပစ်တာတွေကို မြန်မာမီဒီယာတွေ လုပ်ကြပါတယ်။ မတရားစွပ်စွဲပြီး ထင်ရာရေးလို့ မှားရင်တောင် တောင်းပန်ရကောင်းမှန်း မသိကြပါဘူး။
၅။ ရည်ရွယ်ချက်မဲ့ သတင်းများ ဖော်ပြခြင်း
ပြည်သူလူထုကို သတိပေးချင်တာလား၊ ဗဟုသုတ ရစေချင်တာလား၊ ဂျာနယ်ရောင်းကောင်းယုံ ထည့်တာလား ဆိုတဲ့ သတင်းတွေကို ဖော်ပြကြတာပါပဲ။ ဇိမ်ခန်းခေါင်းနဲ့တွေ့ဆုံခြင်း၊ ဂျပန်နိုင်ငံက နာမည်ကြီး လိင်လုပ်သမား ဆိုတဲ့သတင်းတွေအပြင် အဆုံးထိမဖတ်ဘဲ သတင်းခေါင်းစဉ်လောက်ဖတ်ပြီး ပြီးသွားတဲ့ သတင်းများကို ဖော်ပြ ကြတာပါပဲ။ တစ်ချို့ဆို ခေါင်းစဉ်တပ်ထားတာကတစ်ခြား၊ အထဲမှာ ရေးတာကတစ်ခြား စာဖတ်သူကို ဘာအကျိုးမှ မရှိစေတဲ့သတင်းများကို ဖော်ပြထားကြတာပါ။
၆။ သတင်းခိုးချပြီး ပုံတူဖော်ပြခြင်း
သတင်းတစ်ခုတည်းကိုပဲ နာမည်ကြီးလောက်တယ်ဆိုရင် ပုံတူကူးပြီး ဖော်ပြကြတာပါ။ တစ်ချို့သတင်းတွေ ဆိုရင် ဒေသဆိုင်ရာမီဒီယာတစ်ခုက ဖော်ပြတာကိုပဲ အနည်းငယ်လောက်ပဲ ကွန့်ပြီး ဖော်ပြထားတာတွေ တွေ့ ရပါတယ်။ လားရှိုးက မွေးပြီးစကလေးကို သတ်ပြီးပစ်တဲ့ ကောင်မလေး သတင်းကို ကြည့်ရင် သိသာပါတယ်။
၇။ မူပိုင်ခွင့်ကို ဗြောင်ကျကျချိုးဖောက်ခြင်း
အခုလို ဆိုရှယ်မီဒီယာ ခေတ်စားချိန်မှာ ဒီပြဿနာက ပိုပြီး ဖြစ်လာပါတယ်။ ကဗျာကို ကူးချတာ၊ ဓာတ်ပုံကို ခွင့်ပြုချက် မရှိဘဲ သုံးတာ၊ အိုင်ဒီယာကို ယူပြီး ရေးတာတွေက တကယ်သာ တရားစွဲကြကြေးဆို တစ်ပတ်ကို တစ်မှုလောက် ဖြစ်နေကြမှာပါ။
၈။ မီဒီယာသမားဆို အယုံအကြည် မရှိကြတော့ခြင်း
ပါကြီးလို စစ်ပွဲအတွင်းမှာ တွေ့ရတဲ့ လူတစ်ယောက်ကလဲ သတင်းထောက်လို့ ပြောကြသလို၊ အရက်မူးပြီး ပေစုတ်စုတ် လူတစ်ယောက်ကလဲ သတင်းထောက် ဖြစ်နိုင်နေပါတယ်။ ကျွန်တော်က ဘယ်ဂျာနယ်ကပါ လို့ သက်သေမပြနိုင်ဘဲ မကျေနပ်လို့ ထရိုက်တဲ့အခါမှ သတင်းထောက်ဆိုပြီး လုပ်တတ်ကြပါတယ်။ စစ်သား တစ်ယောက်ကို ကင်မရာချိန်လိုက်တော့ မရိုက်ပါနဲ့ဆိုပြီး ရှောင်သွားတယ်ဆိုတဲ့ သတင်းတစ်ခုကို တွေ့ဖူးတယ်။ ပုံမှန်အလုပ်လုပ်နေတဲ့ သူတစ်ယောက်ကိုတောင် အမြင်မတူရင် ရန်သူဖြစ်အောင် ရေးသား တတ်ကြလွန်းလို့ မီဒီယာကို လူတွေမယုံကြည်ကြတော့တာလဲ ပါပါတယ်။
ဦးဦးတိမ်
ပြည်သူတွေ ရွံကြတဲ့ မီဒီယာ တွေကတော့
ReplyDelete၁ ကြေးမုံ
၂ မြန်မာ့အလင်း