Wednesday, May 6, 2015

မြောက်ကိုရီးယားတွင် ဖမ်းဆီးထားသော တောင်ကိုရီးယားနှစ်ဦးသည် မြောက်ကိုရီးယားကို သူလျှိုလုပ်ခဲ့ကြောင်း ဝန်ခံ



သူလျှိုမှုဖြင့် မြောက်ကိုရီးယား တွင် တရားစွဲဆိုခံနေရသော တောင် ကိုရီးယားနိုင်ငံသားနှစ်ဦးသည် တောင် ကိုရီးယားအတွက် သူလျှိုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြုံယမ်း၌ ပြုလုပ်သော CNN ၏ အင်တာဗျူးတွင် ဝန်ခံခဲ့ သည်ဟု AFP သတင်းအရ သိရသည်။

တနင်္ဂနွေနေ့က ပြုံယမ်းဟိုတယ် တစ်ခု၏အခန်းနှစ်ခန်းတွင် သီးခြား စီခွဲပြီး ပြုလုပ်သော
အင်တာဗျူးတွင် ထိုအမျိုးသားနှစ်ဦး၏ ဝန်ခံချက်ကို လွတ်လပ်စွာအတည်မပြုနိုင်ကြောင်း ရုပ်သံသတင်းကွန်ရက်တွင် ဖော် ပြထားသည်။ ကင်ကတ်-ဂျီနှင့် ချိုး ချမ့်-ဂျီလ်တို့နှစ်ဦးစလုံးက ထိုသို့ဝန် ခံရန် အတင်းအကျပ်စေခိုင်းခံခဲ့ရ ခြင်းမရှိဟုပြောသော်လည်း ၄င်းတို့ ပုံစံမှာ တစ်စုံတစ်ဦး၏ စေခိုင်းသည့် အတိုင်းပြောနေကြောင်း သိသာထင် ရှားလွန်းသည်ဟု CNN က မှတ် ချက်ချသည်။
ကင်နှင့်ချိုးတို့အား တရုတ်နယ်စပ်မြို့ဖြစ်သော ဒန်ဒွန်း ရှိအခြေစိုက်စခန်းတစ်ခုမှ အကြမ်း ဖက်သမားများဟု စွပ်စွဲကာ မတ်လ က ဖမ်းဆီးလိုက်ကြောင်း မြောက် ကိုရီးယားက ကြေညာခဲ့သည်။ ၄င်းတို့ နှစ်ဦးစလုံးသည် အမေရိကန်ထောက် လှမ်းရေးနှင့် တောင်ကိုရီးယားအ မျိုးသားထောက်လှမ်းရေးလုပ်ငန်း (NIS) တို့က ပြုလုပ်သော မြောက်ကို ရီးယားဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ကြောင်း စွပ်စွဲခံရသည်။ ထို အမျိုးသားနှစ်ဦးသည်ြှု တွင် အလုပ်လုပ်သည်ဟူသော စွပ်စွဲ ချက်မှာ အခြေအမြစ်မရှိဟု NIS က ပြောသည်။
CNN နှင့်အင်တာဗျူးတွင် အသက် ၅၆ နှစ်အရွယ် ချိုးက ¤င်း သည် တရုတ်နိုင်ငံမြောက်ပိုင်းတွင် စီးပွားရေးသမားတစ်ဦးအဖြစ် အ လုပ်လုပ်ကိုင်နေရင်း မြောက်ကိုရီး ယားမှ သတင်းအချက်အလက်များ စုဆောင်းကာ NIS အတွက် တာဝန် ထမ်းဆောင်နေခဲ့သည်ဟု ပြောခဲ့ သည်။
၎င်းသည် ထောက်လှမ်းရေး အလုပ်ကို သုံးနှစ်ကြာလုပ်ကိုင်ခဲ့ သည်ဟုလည်းပြောခဲ့သည်။ အသက် ၆၁ နှစ်အရွယ် တင်သည် သာသနာ ပြုတစ်ဦးဖြစ်ပြီး မြောက်ကိုရီးယား သတင်းများ ရယူရန်အတွက် ငွေပေး ငှားရမ်းခံခဲ့ရသည်ဟု ပြောခဲ့သည်။
ကင်နှင့်ချိုးအား မိမိသဘောဖြင့် မိမိပြောကြားရန် တိုက်တွန်းခဲ့သော် လည်း ¤င်းတို့၏ ထွက်ဆိုချက်များ မှာ တစ်စုံတစ်ဦးစေခိုင်းထားသည့် အတိုင်း ပြောကြားနေသည်နှင့်တူ နေသည်။ ¤င်းတို့အား အမြန်ဆုံး ပြန်လွှတ်ပေးရန် ကိုရီးယားနိုင်ငံပြန် လည်ပေါင်းစည်းရေးဝန်ကြီးဌာနက မြောက်ကိုရီးယားကိုတိုက်တွန်းခဲ့သည်။
Ref;AFP

No comments:

Post a Comment