Monday, May 25, 2015

ဒီချုပ်သည် ပြည်ထောင်စုပါတီမဟုတ်ပါ

From : ..7day 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည်

 ပြည်ထောင်စုပါတီ ဖြစ်သည်ဟု
 ကြွေးကြော်သံကို အကြောင်းပြုလျက် 
ဒီချုပ်နှင့် မဟာမိတ်တိုင်းရင်းသားပါတီများ
 အကြား နိုင်ငံရေးထိခိုက်ပွန်းပဲ့မှု
 များဖြစ်လာမည်ကို စိုးရိမ်မိသည်။ ၂၀၁၅ ရွေးကောက်ပွဲနှစ်တွင် မဟာမိတ်တိုင်းရင်းသားပါတီများ အနေဖြင့် ဒီချုပ်ကို နိုင်ငံရေးပြိုင် ဘက်အဖြစ် သတ်မှတ်လျက် နိုင်ငံရေးစီးချင်း

ထိုးလာရမည်ဆို လျှင် ကြောင်းကျိုးလျော်ကန်မည် မဟုတ်ပေ။ ဒီချုပ်အနေဖြင့် ပြည် ထောင်စုပါတီကြွေးကြော်သံကို လျှော့ချလျက် တိုင်းရင်းသားပါတီ များနှင့် ဗျူဟာမြောက်မဟာမိတ် ဖွဲ့ရေးကို ရှေးရှုသင့်သည်။
၂၀၁၅ မေလ ၁၆ ရက်နေ့ တွင် မွန်ပြည်နယ် သထုံမြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ‘‘ကျွန်မတို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုရင် တချို့က ဗမာ ပါတီလို့ပြောကြပါတယ်။ ကျွန်မ တို့ကတော့ တစ်ခါမှ ဗမာပါတီလို့ မခံယူခဲ့ပါဘူး။ ပြည်ထောင်စု ပါတီ၊ ပြည်ထောင်စုကိုယုံကြည် နေတဲ့ပါတီ။ ဒီပြည်ထောင်စုထဲမှာ တိုင်းရင်းသားများအားလုံး အေး အေးချမ်းချမ်းနဲ့နေနိုင်တယ်။ ချစ် ချစ်ခင်ခင်နဲ့နေနိုင်တယ်ဆိုတာကို ယုံကြည်တဲ့ပါတီဖြစ်ပါတယ်’’ဟု ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဗမာပါတီလား၊ ပြည် ထောင်စုပါတီလားဆိုသည့် အ ချက်မှာ အငြင်းပွားဖွယ်ဖြစ်သည်။
  ဒီချုပ်ပါတီခေါင်းဆောင် များ၊ ပါတီဝင်များနှင့် လိုလား ထောက်ခံသူများက ပြည်ထောင် စုပါတီ အဖြစ် လက်ခံနိုင်သော် လည်း တိုင်းရင်းသားလူမျိုးစုပါတီ များအနေဖြင့်မူ ဒီချုပ်ပါတီ ကို ပြည်ထောင် စုပါတီအဖြစ် လုံးလုံး အသိအမှတ်ပြုနိုင်ခြေမ ရှိပေ။ နှစ် ပေါင်းနှစ် ဆယ်ကျော် မဟာမိတ် အဖြစ် လက်တွဲရပ်တည်ခဲ့သော တိုင်းရင်းသားပါတီများနှင့် ခေါင်း ဆောင်များသည်ပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ပြည် ထောင်စု ပါတီအဖြစ် လက်ခံနိုင် ရန် အလှမ်းဝေးဦးမည်ဖြစ်သည်။
တိုင်းရင်းသားခေါင်းဆောင် အများစု၊ တိုင်းရင်းသားနိုင်ငံရေး သမားအများစုနှင့် တိုင်းရင်းသား ပါတီအများစုအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဗမာပါတီ၊မြေပြန့်ပါတီအဖြစ်သာ မှတ်ယူကြ သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဗမာ ပါတီဟု မခံယူ လင့်ကစား တိုင်းရင်းသားများ ဘက်က ဗမာပါတီအဖြစ် သတ် မှတ်ရသည့် အကြောင်း ရင်းများ ကို လေ့လာသုံးသပ်သင့်သည်။ တောင်တန်းဒေသများတွင် ဒီချုပ် ပါတီသည် ဒေသခံတိုင်းရင်းသား ပါတီများနှင့် ချစ်ကြည်ရင်းနှီး သောဆက်ဆံရေးကို တည် ဆောက်လျက် ဖက်ဒရယ် ပြည် ထောင်စု စံချိန်စံညွှန်းများနှင့် အညီ ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှုတို့ကို ထူထောင်နိုင်ရန် လိုအပ်နေဆဲဖြစ်သည်။ တောင် တန်းဒေသများတွင် ဒီချုပ်ပါတီ သည် ဒေသခံတိုင်းရင်းသားပါတီ များ အားကောင်းမောင်းသန်ရေး ကို မျက်နှာမူသည့် မိတ်ဖက်ပါတီ ဖြစ်လာမည်ဆိုလျှင် နိုင်ငံရေးအရ ပိုမိုလျော်ကန်သင့်မြတ်မည်ဖြစ် သည်။

ပြည်ထောင်စုကိုယုံကြည် နေသောပါတီ၊ ပြည်ထောင်စု အတွင်း တိုင်းရင်းသားများအားလုံး အေးအေးချမ်းချမ်း၊ ချစ်ချစ်ခင်ခင် နှင့်နေနိုင်သည်ဟုယုံကြည်သော ပါတီဟု နှုတ်မှဖွဖွ ဆိုရုံမျှဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် နေ့ချင်းညချင်း ပြည်ထောင် စုပါတီမဖြစ်နိုင်ပေ။ ဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား ယုံကြည်မှု၊ လေးစားမှု၊ နားလည်မှုတို့အပေါ်အခြေခံသည့် သူနိုင် ကိုယ်နိုင် အခင်းအကျင်းတစ်ခုကို တည်ဆောက်နိုင်မှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်း ရင်းသားနိုင်ငံရေးပါတီများ၏ မဟာမိတ်ဗမာပါတီ(သို့မဟုတ်) မြေပြန့်ပါတီအဆင့်ကိုရောက်ရှိ နိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် မိတ်ဖက်တိုင်းရင်းသားပါတီများ နှင့်လက်တွဲလျက် မူဝါဒ၊ လမ်း စဉ်၊ လုပ်ငန်းစဉ်များအပေါ် အခြေပြုသည့် တပ်ပေါင်းစုကြီးတစ်ရပ် ကို လွှမ်းခြုံစည်းရုံးဖွဲ့စည်းနိုင်မှ သာ ပြည်ထောင်စုပါတီဆန်ဆန် ခြေဟန်လက်ဟန်စစ်စစ်များကို ရုပ်လုံးပေါ်လာစေမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ဖြစ်မည်ဆိုပါက အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝင်ရောက်ယှဉ် ပြိုင်မည့် မဲဆန္ဒနယ်များအားလုံး တွင် နိုင်ငံရေးအရ စီးချင်းထိုးယှဉ် ပြိုင်မည်ဟု သဘောထားထုတ် ပြန်ချက်သည် ပြည်နယ်များတွင် အခြေပြုထားသော တိုင်းရင်းသား နိုင်ငံရေးပါတီများကို နိုင်ငံရေး အရ တပ်လှန့်နှိုးဆော်လိုက်သည့် အသွင်ဆောင်နေသည်။ ဒီချုပ် ပါတီသည် ပြည်နယ်များတွင် အိမ်အပြည့်ဝင်ကစားလာမည်ဆို ပါက အိမ်ရှင်တိုင်းရင်းသားပါတီ များသည် အာဏာရပြည်ခိုင်ဖြိုး ပါတီကိုသာမက ဒီချုပ်ပါတီအား အနိုင်ရရှိရေးကိုလည်း မဖြစ်မနေ ပြင်ဆင်လာကြရမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်ခိုင်ဖြိုးပါတီဝင်ပြိုင် မည့်နေရာတိုင်းတွင် ဒီချုပ်ပါတီ ဝင်ပြိုင်မည်ဆိုသောကြွေးကြော် သံသည် ဒီချုပ်ပါတီနှင့် တိုင်းရင်း သားပါတီများအကြားသာမက ဒီချုပ်ပါတီနှင့် မဟာမိတ်တိုင်းရင်း သားပါတီများအကြား နိုင်ငံရေး ထိပ်တိုက်တွေ့မှုများနှင့် နိုင်ငံရေး စီးချင်းထိုးမှုများဆီ မဖြစ်မနေ ဦးတည် လာစေနိုင်မည်ဖြစ်သည်။

 တိုင်းရင်းသားပါတီများ သည် ပြည်နယ်များတွင် အိမ်ရှင် ပါတီများဖြစ်သည့် အချက်ကို လည်း ဒီချုပ်ပါတီအနေဖြင့် အ လေးအနက် ထည့်သွင်းစဉ်းစား ရမည်ဖြစ်သည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် အကယ် စင်စစ် ပြည်နယ်နိုင်ငံရေးတွင် ဧည့်သည်သာဖြစ်သည်။ လက် ငင်းနိုင်ငံရေးလိုအပ်ချက်များအရ ဒီချုပ်ပါတီအနေဖြင့် ပြည်နယ် မဲဆန္ဒနယ်များတွင် အနိုင်ရရှိရေး ကိုရှေးရှုသည်ဆိုလျှင် တိုင်းရင်း သားနိုင်ငံရေးပါတီများနှင့်ညှိနှိုင်းလျက် မဟာမိတ်ပြုကာရှောင်ပေး သည့်နည်းလမ်းသော်လည်း ကောင်း၊ တိုင်းရင်းသားပါတီများ နှင့် ညှိနှိုင်းလျက် မဲဆန္ဒနယ်ခွဲဝေယှဉ်ပြိုင်သည့် နည်းလမ်းသော်လည်းကောင်းတစ်ခုခုကို ပြတ် ပြတ်သားသား ဆုံးဖြတ်လျက် ဆောလျင်စွာကျင့်သုံးရမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်သည့် တိုင်း ရင်းသားအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီးဖြစ်လင့်ကစား ဒီချုပ်ပါတီ၏ တိုင်းရင်းသားပါတီ များနှင့်ဆက်ဆံရေးသည် ဟန် ချက်ပျက်လျက်ရှိနေသည်မှာ သိ သာမြင်သာသည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်း ရင်းသားလူမျိုးစုများအရေးနှင့် ပတ်သက်၍ ကျယ်ပြန့်ပြီး အသေး စိတ်ကျသော မူဝါဒလမ်းစဉ်တစ် ရပ်ကို ရေးဆွဲချမှတ်အကောင် အထည်ဖော်နိုင်ခြင်း မရှိသေး သည်မှာလည်း တိုင်းရင်းသား နိုင်ငံရေးတွင် ဟာကွက်ကြီးဖြစ် နေဆဲဟု ကောက်ချက်ပြုနိုင် သည်။
 

No comments:

Post a Comment