Monday, May 18, 2015

စိန် ကြောက်လို့ စု အားကိုး..စု က စိန့်ထက် ဆိုး

တချို့တွေက ပြောင်မဲဆွယ်ကြတယ်။ အမေစုပါတီကိုမဲထည့်ကြတဲ့။တချို့တွေက လှလှပပ မဲဆွယ်ကြတယ်။
ဖြုတ်ချလို့ရမယ့် အစိုးရကို တင်မြှောက်ကြတဲ့။
ပထမစကားက လူပြိန်းစကား။ဒါပေမယ့် ဒုတိယစကားက တာသွားတယ်။ပရိယာယ်ဝေဝုစ်များတယ်။
ဆိုလိုချင်တာကတော့ ပြည်သူက ရွေးကောက်တင်မြှောက်ပြီး

 ပြည်သူမကျေနပ်ရင် ပြန်ဖြုတ်ချလို့ရမယ့်အစိုးရကို ရွေးပါပေါ့။
ရှင်းရှင်းပြောရရင် လက်ရှိအစိုးရက အရေခွံလဲထားတဲ့

ဖားတစ်ပိုင်းငါးပိုင်း အစိုးရ။အာဏာကို အသေဖက်တွယ် ထားတဲ့ အာဏာရူး အစိုးရပေါ့။ အမေစုပါတီ NLD ကတော့ သန့်သန့်လေးပဲဆီမွှေးပေါ့။အကယ်၍ သူတို့ပါတီကို ခုရွေးကောက်ပွဲ မှာ ယုံကြည်စွာ မဲပေး ကြပြီး မယုံကြည်တဲ့ အချိန်ကျတော့လည်း ပြည်သူ့အားနဲ့ ပြန်ဖြုတ် ချမယ်။ လောလောဆယ် အစမ်း သဘောနဲ့ တင်မြှောက်ကြည့်ပါပေါ့။

ကဲ မဲဆွယ်တဲ့အတိုင်း ဝိုင်းဝိုင်းလည် ချပါတီကို မဲပေးလိုက် ပါပြီတဲ့။တစ်ပြည်လုံးမှာ၆၀ရာခိုင်နှုန်းနိုင် တယ် ပဲထား။အစိုးရဖွဲ့လို့ရသွားပြီ။ကျန်ကိုယ်စားလှယ်အများစုက လွှတ်တော် ထဲမှာ ကြီးစိုးကြမည်ဆိုပါတော့။ အုပ်ချုပ်ရေးရော၊ ဥပဒေ ပြုရေးရော ကိုင်လှုပ်လို့ရသွားပြီ။

လက်ရှိအခြေအနေမှာ ဘယ်အစိုးရတက်တက် ရှင်းရခက် တဲ့ အဓိက ပြသနာ၂ခုရှိတယ်ဗျာ။ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင်အရေးနဲ့ ခိုးဝင်ဘင်္ဂါလီအရေး။

ဒီအရေးနှစ်ခုမှာ NLDသာဆို ဘယ်လိုကိုင်တွယ်မယ် ထင်သလဲ။အာဏာမရခင်တောင် အမျိုးသားနိုင်ငံရေး ထက် လူ့အခွင့်အရေးဆိုတဲ့ စကားလုံးသုံးပြီး လူပြိန်းကြိုက် လိုက်နေတာ။လူနည်းစုကို ဖိနှိပ်တယ်ဆိုတဲ့ မဟုတ်မဟပ် လုပ်ဇာတ်စကားနဲ့ ကုလားကြိုက်လိုက်နေတာ။ ပေးကမ်း စွန့်ကြဲထားတာတွေနဲ့တန်အောင် အနောက်ကြိုက် လိုက်နေတာ။

ဝ က ပြည်နယ်တောင်းတာ ပေးသင့်ပါတယ်လုပ်ရင်..

တပ်မတော်က အသက်သွေးချွေးတွေ အများကြီး ပေးထားရတဲ့ စစ်စခန်းတွေကနေ နားမလည်ပါး
မလည် ပြန်ဆုတ်ပါ လုပ်ရင်..

ဘင်္ဂါလီတွေကို အသိမှတ်ပြုပါတယ်လုပ်ရင်..

တစ်ပြည်လုံး ကသောင်းကနင်းတွေဖြစ်ကုန်မယ်။ ဆူပူအုံကြွမှုတွေဖြစ်ကုန်မယ်။အခွင့်ချောင်းနေတဲ့ဘင်္ဂါလီ
ကုလားနဲ့ မေရိကန်လို နိုင်ငံမျိုးက မျက်ဖြူစိုက်လေ ဆရာကြိုက်လေဖြစ်ကုန်မယ်။အဲဒီချိန်မှ ပြန်ဖြုတ်ချဆိုလည်း အလကားပဲ။ဂိုဘာချော့ကို နိုဘယ်ဆုပေးပြီး ဖြိုခွဲ ပစ်လိုက်တဲ့ ဆိုဗီယက် ဘယ်မှာပြန် ဆက်ရလို့တုန်း။

ဒါတွေမဖြစ်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။ အနောက် နိုင်ငံတွေအလိုကျ ကြိုးဆွဲရာကရတဲ့ ဒေါ်စုကြည်။ သူတစ်ချက်လွှတ်အမိန့်နဲ့ ရပ်တည်နေရတဲ့ပါတီ။ရာနှုန်းပြည့် ဖြစ်နိုင်သည်ပဲ။

ဖွဲ့စည်းပုံမပြင်နိုင်လို့ ဒေါ်စု သမ္မတမဖြစ်ဘူးပဲထား။ဒေါ်စု ဩဇာ ဦးတင်ဦးတို့တောင် မလွန်ဆန်သာတာ ကျန်တဲ့သူ ထည့်မပြောနဲ့။ပါတီက ထုတ်လိုက်ပါပြီလို့ ဆိုထားတဲ့ ဒေါ်စုရဲ့ တစ်ချက်လွှတ်အမိန့်တော်နဲ့ ညီလာခံတက်ရာက ဒရောသောပါး ဆင်းပြေးသွားရတဲ့ သမိုင်းရှိတယ်။ လတ်တလောမှာလည်း ဒေါ်စုက
ရွေးကောက်ပွဲမ၀င်ဘူးဆို ငြင်းဝံ့မယ့်သူ မရှိဘူး။

ဒီလိုတွေပြောနေလို့ ကြံ့ဖွံ့နဲ့လက်ရှိအစိုးရ ထောက်ခံကြလို့ ဆိုလိုတာ မဟုတ်ပါဘူး။လက်ရှိအစိုးရ အားမရ တာတွေ ရှိတယ်။လက်ရှိအစိုးရ ပျော့ညံ့တာတွေ သိတယ်။ဒါပေမယ့် လက်ရှိ၅နှစ်သက်တမ်းအတွင်း တိုင်းပြည် ပြိုကွဲလောက်မယ့် အန္တရာယ်တွေ ဘယ်တုန်းကမှ လက်ယပ်မခေါ်ခဲ့ဘူး။ဘင်္ဂါလီအရေး မှာ ဘောင်ကျော်မခံဘူး။တပ်မတော်အပေါ် အသိမှတ်ပြုတယ်။ရွှေမောင်တစ်ကောင်ပါတာလောက်နဲ့ စာမဖွဲ့သင့်ဘူး။

NLDသာ အာဏာရလာရင် အာဏာမရခင်က အာဏာ ပြချင်ကြတဲ့ ကောင်တွေနဲ့ ၊အမျိုး ဘာသာ သာသနာကို စော်ကားပုတ်ခတ်ကြတဲ့ ကောင်တွေနဲ့ တပ်မတော် တန်ဖိုးကို မသိတတ်တဲ့ ကောင်တွေနဲ့ ၊အရည်အချင်း နတ္ထိ စွမ်းဆောင်ရည်မရှိတဲ့ ကောင်တွေနဲ့ တိုင်းပြည် ဖွတ်သည်ထက် ညစ်ပြီ။ စိန် ကြောက်လို့ စုအားကိုး ဒေါ်စု စိန့်ထက် ဆိုးမည်။

( ဒီ ပန်းချီပုံ မတင်ကောင်းမှန်းသိပေမယ် ထမီခြုံဂိုဏ်းက အဲသလို ဘုရားနဲ့နှိုင်း ရိုင်းထားတာ စာနဲ့လိုက်ဖက်မယ် ထင်လို့ပါ။)
အောင်ဇေ

No comments:

Post a Comment