Thursday, May 28, 2015

၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့၏ အကြီးဆုံးဆန္ဒပြပွဲ ဓာတ်ပုံ ၁၅၀

ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ မရှိကြောင်းနဲ့ ဒုက္ခသည်အမည်ခံ ရိုဟင်ဂျာတွေနဲ့ လှေစီးဒုက္ခ
သည်တွေကိုလက်မခံဖို့ ရန်ကုန်မြို့ ကျိုက္ကဆံလူထုဟစ်တိုင်ကွင်း မှာ ရဟန်းသံဃာတော်တွေနဲ့
 လူထောင်ချီပြီး မေလ၂၇ရက်နေ့
က စုဝေးဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။
ဒုက္ခသည်အမည်ခံ ရိုဟင်ဂျာတွေ ကို မြန်မာနိုင်ငံမှာ လက်မခံဖို့ အစိုးရကိုတောင်းဆို ကြောင်း အဲဒီလူထုဟောပြော ပွဲမှာ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့ပါတယ်။
"နိုင်ငံတော်သမ္မတကြီးနှင့်တကွ မြန်မာအစိုးရကိုလည်းထပ်လောင်းပြီးတော့ ပြောကြားလိုပါတယ်၊ ဒုက္ခသည် အမည်ခံ ရိုဟင်ဂျာများကို ဘယ်သောအခါမှ လက်မခံပါနဲ့လို့ ဘုန်းကြီးတို့က တိုက်တွန်း ပါတယ်"
ဆန္ဒပြသူတွေဟာ တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းကနေ ရန်ကင်းစင်တာအနီးထိ လမ်းလျှောက် ချီတက်ကြပြီး ကျိုက္ကဆံလူထုဟစ်တိုင်ကွင်းမှာ ဟောပြောခဲ့ ကြတာ ဖြစ်ပါတယ်။
ယခု ဆန္ဒပြပွဲဟာ ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်မြို့၏ အကြီးဆုံး လူထုဆန္ဒဖော်ထုတ် ပွဲဖြစ် ပြီး ပြည်သူ့အသံနားထောင်မယ်ဆိုတဲ့ NLD ဖါတီကတော့ ဘင်္ဂါလီတွေကို နိုင်ငံသားလက်ခံ ဖို့ တောင်းဆိုထားပါတယ်။
ဓာတ်ပုံ ၁၅၀ ကို  https://www.facebook.com/MyanmarExpress တွင် ကြည့်ရှုနိုင်သည်။

No comments:

Post a Comment